ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - 11)




စစ်တောင်းစားသမိန်စောထွတ်သည် တပင်ရွှေထီးကိုလုပ်ကြံပြီးလျှင် တပင်ရွှေထီး၏အပါးတော်တွင် ရှိသော မြန်မာမှူးမတ်တို့ကို ဖမ်းဆီး၍သတ်ဖြတ်လေသည်။ လွတ်မြောက်သွားသူများမှာ အချို့ကား ဟံသာဝတီ၊ အချို့ကား တောင်ငူ၊ မုတ္တမတို့သို့ ပြေးကြရသည်။ ယင်းနောက် တပင်ရွှေထီးနှင့်ပါသော ဆင်မြင်းတို့ကို သိမ်းယူကာ မိမိနှင့်အလိုတူသော မှူးမတ်တို့ကို သစ္စာပေးပြီးလျှင် သမိန်စက္ကဝေါဟူသော အမည်ဖြင့် စစ်တောင်းတွင် မင်းပြုသည်။

တပင်ရွှေထီး နတ်ရွာစံလေလျှင် အပါးတော်တွင် ခစားရသော တုရင်သီဟအမတ်သည် ကျွန်(၈)ယောက်နှင့်အတူ ရခိုင်တပ်မှ အလျင်အမြန်ထွက်၍ လှေငယ်တစ်စင်းဖြင့် ဟံသာဝတီသို့ ပြေးလေသည်။ တုရင်သီဟအမတ်လျှောက်တင်၍ သမိန်စောထွတ်လက်ချက်ဖြင့် တပင်ရွှေထီး နတ်ရွာစံတော်မူကြောင်း ဘုရင့်နောင်၏ ကြင်ယာတော် သခင်ကြီးသိရှိရသောအခါ သခင်ကြီးသည် တုရင်သီဟကို ဒလရှိ ဘုရင့်နောင်ထံ သံတော်ဦးတင်ရန် စေလွှတ်သည်။

ထိုအချိန်တွင် နိုင်ငံတော်အခြေအနေမှာ ဟံသာဝတီနန်းမှ ချုပ်ကိုင်သော ဗဟိုအာဏာ ပျက်ယွင်းသွားရပြီဖြစ်သည့်အတွက် စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိသွားသည်။ သူတစ်လူ ငါတစ်မင်း ဆိုသကဲ့သို့ အကွဲကွဲအပြားပြားဖြစ်ကာ မိမိတို့အာဏာရရှိရေးအတွက်သာ ကြိုးပမ်းလာကြသည်။

တပင်ရွှေထီး နတ်ရွာစံပြီကြားသည်နှင့် ဟံသာဝတီတွင် တပင်ရွှေထီးမြို့စောင့်အဖြစ်ထားခဲ့သည့် ဘုရင့်နောင်၏ညီတော် သီဟသူသည် ဟံသာဝတီနန်းကို အခိုင်အလုံပြုကာ နောင်တော်ဘုရင့်နောင်ထံ အကြောင်းကြားရမည့်အစား လက်နက်ဗိုလ်ပါ ဆင်မြင်းတို့ကို သိမ်းကျုံးယူငင်ကာ ဟံသာဝတီမှခွာပြီး တောင်ငူတွင် မင်းခေါင်ဟူသောအမည်ဖြင့် မင်းအဖြစ်ကိုခံယူကာ နောင်တော် ဘုရင့်နောင်အပေါ် သစ္စာဖောက်ဖျက်သည်။

တပင်ရွှေထီး၏အထိန်းတော်ကြီးဖြစ်ခဲ့သော ပြည်မြို့စားသတိုးဓမ္မရာဇာသည်လည်း အရှင်သခင်၏ ကျေးဇူးသစ္စာတော်ကို မထောက်ဘဲ ပြည်တွင် သတိုးသူ ဟူသောအမည်ဖြင့် မင်းပြုကာ ထောင်ထားခြားနားသည်။

ပုန်ကန်ထကြွသူ သမိန်ထောရာမသည် မုတ္တမတွင် လူသူလက်နက်စုကာ သမိန်စက္ကဝေါအမည်ခံ သမိန်စောထွတ်၏အခြေအနေကို စောင့်ကြည့်နေသည်။ တပင်ရွှေထီးတည်ထောင်တော်မူသည့် ဟံသာဝတီလက်နက်နိုင်ငံတော် အကွဲကွဲအပြားပြားဖြစ်လာသည်တွင် အထက်ရှိ သရက်၊ မြေထဲ၊ စကု၊ စလင်း၊ ဖောင်လင်း၊ လယ်ကိုင်း၊ ပုခန်းငယ်၊ စဥ့်ကူ၊ စလေ၊ ပုဂံ၊ ငသရောက်၊ တုရွင်းတိုင်၊ ကျောက်ပန်းတောင်း၊ ပတ္ထနဂိုရ်၊ တောင်တွင်း စသည့်မြို့များမှ မြို့စားများသည်လည်း မည်သည့်ဘက်သို့မျှ မလိုက်ဝံ့ကြသေးဘဲ မိမိတို့စား ကျေးမြို့ရွာများကို အခိုင်အလုံပြု၍ နေကြလေသည်။

ဘုရင့်နောင်သည် တုရင်သီဟထံမှ အကြောင်းစုံကိုကြားသိရလျှင် နိုင်ငံတော်အတွက် အရေးကြီးသည့် အချိန်ကို ရောက်ပြီဖြစ်ကြောင်းတွေးမိလိုက်ကာ ဒလတွင်ရှိသော မွန်မြန်မာ ရှမ်းအမတ်များနှင့် ရှေ့ရေးကို တိုင်ပင်သည်။

အချို့သောမှူးမတ်များက ဟံသာဝတီကို အလျင်တိုက်တော်မူ၍ အခိုင်အလုံနေတော်မူမှ သင့်မည်ဟု လျှောက်တင်ကြသည်။ အချို့မှူးမတ်များကလည်း ဟံသာဝတီတွင်ရှိသော မိဖုရားသခင်ကြီးကို ယူတော်မှု၍ ဒလကို အခိုင်အလုံပြုပြီး၊ ယင်းနောက်မှ ဟံသာဝတီနှင့်ပြည်ကို လုပ်ကြံတော်မူသင့်ပါသည်ဟု လျှောက်ကြသည်။

ထိုအခါ ရန်အောင်ဘီလူးအမည်ရှိသော အမတ်က ...
"ယခုပြည်ရေးကိုထောက်သော် ဝါးအစည်းပြေသကဲ့သို့ ကစဥ့်ကလျား မွန်၊ မြန်မာ၊ ရှမ်းတို့ ရှိနေသည်။ သို့ရာတွင် ဒလသည်မွန်တို့အရိပ်အရာလည်းဖြစ်သည်။ မွန်ဟူသမျှသည် ပျားအုံကို လက်မတို့ကောင်းသကဲ့သို့ ဖြစ်ချေသည်။ များလည်းများလှသည်။ ကျွန်တော်တို့ မြန်မာမူကား နည်းချေသည်။ မြန်မာတို့နှင့် သင့်ရာအရပ်အနေလည်း မဟုတ်သောကြောင့် ဤအရေးကို မွန်တို့ မသိစေလိုသေး။ မွန်အမတ်တို့ကို သစ္စာတော်ပေး၍ ဒဂုံ၊ ဒလ၊ ဓနုဖြူ၊ ကူထွတ်၊ ဟင်္သာတ၊ လှိုင်၊ ဤမြို့များကို ကျေးစားခန့်တော်မူပြီးမှ ဦးစွာ ခမည်းတော်နေပြည်တော် တောင်ငူကို ချီတော်မူမှ သင့်ပါမည်" ဟု နားတော်လျှောက်သည်။

ဘုရင့်နောင်က ရန်အောင်ဘီလူးအမတ် လျှောက်တင်သည်ကို သင့်လှသည်ဟု မိန့်တော်မူပြီးလျှင် မွန်မှူးမတ်အကြီးအကဲတို့ကို ပုသိမ်၊ မြောင်းမြ၊ သရိန်၊ ခွေလင်း၊ သရာ၊ မဒေါ၊ မည်ထွန်၊ အပြ စသော အနောက်ဘက်တစ်လွှားရှိ မွန်မြို့များကို ကျေးစားများထည့်ကာ စေလွှတ်သည်။

ထို့နောက် မွန်၊ မြန်မာ၊ ရှမ်း စစ်သည်များ၊ ဆင်လုံး မြင်းရင်းအများနှင့် ဒလမှ ဒဂုံသို့ ကူးသည်။ ယင်းမှ ဓနုတော မကော်သို့ ဆက်၍ချီသည်။ မကော်သို့ရောက်လျှင် ဟံသာဝတီသို့မဝင်ဘဲ ဓားကျွန်းတောင်ကိုပတ်ကာ နေ့ညဥ့်အပြင်းချီလေသည်။ ထိုအခါ ဟံသာဝတီတွင် မင်းပြုနေပြီဖြစ်သော သမိန်စက္ကဝေါသည် ဗညားဒလကိုစေလွှတ်ပြီး ဆီးကြိုတိုက်စေသည်။ ဘုရင့်နောင်သည် အချိန်ကာလဒေသ မဟုတ်သေး၍ ဗညားဒလတပ်ကို ရန်တုံ့မပြန်ဘဲ မသိကျိုးကျွံပြုကာ ကေသရာဇာခြင်္သေ့မင်း သည် မြေခွေးငယ်ကို အမှုမထားဘဲသွားသကဲ့သို့ ချီမြဲချီသည်။

ဟင်းခနွေအရပ်သို့ရောက်လျှင် ဟံသာဝတီမှထွက်လာသည့် မိဖုရားသခင်ကြီးနှင့်တွေ့လေရာ ထိုအခါမှ ညီတော်သီဟသူ တောင်ငူတွင် ဘုရင်မင်းခေါင်အမည်ခံ၍ ထောင်ထားခြားနားသည်ကို စေ့ငုစွာ သိရှိရသည်။ ရှေ့ဆက်၍ချီလာရာ တောင်ငူမရောက်မီ(၁၀)တိုင်ခန့်အလို ရွာသစ်ကြီးအရှေ့ လွင်လဟာတွင် တပ်စခန်းချသည်။

တပ်ခင်းတပ်ရာအနေအထားကို ကြည့်ရှုလေသော် အရှေ့သည် ပေါင်းလောင်းမြစ်နှင့်နီးသည်။ တောင်ငူနှင့်လည်း တစ်စခန်းခြားသည်။ သည်အရပ်သည် သင့်မြတ်လှသည်ဟု ပညာရှိတို့ လျှောက်တင်ကြသဖြင့် ထိုနေရာတွင် ဇေယျဝတီ အမည်ဖြင့် မြို့သစ်တည်ကာ ဗိုလ်ဝင်ခံ၍နေတော်မူသည်။

ထိုစဉ် ဟံသာဝတီတွင် မင်းပြုနေသော သမိန်စက္ကဝေါဘွဲ့ခံ သမိန်စောထွတ်ကို မှူးမတ်တို့က သဘောကြိုက်ညီခြင်းမရှိကြ၍ နန်းမှဖြုတ်ချလိုက်ကြပြီး မုတ္တမတွင်ရှိနေသော သမိန်ထောရာမကို နန်းတင်လိုက်ကြသည်။

ဟံသာဝတီတွင် သမိန်ထောရာမ နန်းတက်သည့်အခါ တပင်ရွှေထီး၏ သစ္စာတော်ခံများဖြစ်ကြသော အဲမွန်ဒယာ၊ စန္ဒယော်ဓာ၊ တုရင်ဗလ၊ သာရကာမှူး၊ သပေါ့မှူး၊ ဗညားဖရူးသား၊ အိတ်မွတ်ထော စသူတို့သည် အခြေအရံလူပေါင်း (၃၀၀၀) ကျော်ဖြင့် ဘုရင့်နောင်၏ စက်တော်အောက်သို့ ခိုဝင်လာကြသည်။ အရှေ့ဘက် မုတ္တမမှလည်း အဲပရဲ၊ စန္ဒရာသီ၊ ပိုက်ကမြင်တို့သည် မှူးမတ်တစ်ကျိတ်ကျော်၊ အခြေအရံ(၁၀၀) ကျော်ဖြင့် ခြေတော်ရင်းသို့ ခိုဝင်လာသည်။

တောင်ငူဘုရင်မင်းခေါင်၏လက်အောက်တွင် မနေလိုသည့် ဘယဇေယျ၊ ဆင်မှူးဗလကျော်သူ၊ တောင်ငူသူရဲမှူး၊ အတွင်းသင်းမှူးတို့သည်လည်း ဘုရင့်နောင်ထံသို့ လူ(၇၀၀)ကျော်ဖြင့် ခိုဝင်လာကြသည်။ ဘုရင့်နောင်သည် မိမိအောက်တွင် ခိုဝင်လာသူအပေါင်းကို ဆုတော်လာဘ်တော်များ ချီးမြှင့်ကာ သစ္စာတော်ခံစေပြီး အမှုတော်ကို ထမ်းရွက်စေသည်။

ဘုရင့်နောင်သည် နှစ်လခန့်ရှိလျှင် ညီတော်သီရိဇေယျကျော်ထင်၊ ညီတော်လတ် နန္ဒယော်ဓာနှင့် မှူးမတ်အပေါင်းတို့ကို ခေါ်တော်မူ၍ ဟံသာဝတီကိုချီ၍ လုပ်ကြံတော်မှုလျှင် သင့်မည်လော သို့မဟုတ် တောင်ငူကိုချီတော်မူ၍ လုပ်ကြံလျှင် သင့်မည်လောဟု အရေးအရာကို တိုင်ပင်တော်မူရာ အချို့သောမှူးမတ်များက ဟံသာဝတီသို့ အလျင်ချီ၍လုပ်ကြံတော်မူမှသင့်မည်ဟု လျှောက်ကြသည်။
အချို့အမတ်တို့ကလည်း မွန်မြန်မာ ပြေးပုန်းလေသည်များကို သည်တွင်စုရုံးတော်မူ၍ အနေအထားကျပြီးမှ တောင်ငူသို့ ချီတော်မူသင့်ပါသည်ဟု လျှောက်တင်ကြသည်။
ထိုအခါ သီရိဇေယျနော်ရထာအမည်ရှိသော အမတ်က
"ယခုအရေးကား နှေးနှေးဖြည်းဖြည်းလုပ်ကြံတော်မူရမည့်အရေးမဟုတ်။ လျင်လျင်စောစော စစ်ဦးဘီလူးပါ လုပ်ကြံတော်မူရမည့်အရေးဖြစ်သည်။ အရေးအရာမညီညွှတ်ခင် တောင်ငူသို့ အလျင်ချီတော်မူ၍ လုပ်ကြံတော်မူမှ သင့်မည်ထင်ပါသည်" ဟု နားတော်လျှောက်လေရာ၊ ဘုရင့်နောင်က သီရိဇေယျနော်ရထာ လျှောက်သောအရေးသည် သင့်လှသည်ဟု မိန့်တော်မူသည်။

ထိုညတွင်ပင် ဘုရင့်နောင်သည် အိပ်မက်တော်တစ်ခုကို မြင်မက်လေသည်။ ယင်းအိပ်မက်ကား သရက်သီးခိုင် တစ်ခိုင်တွင် အလုံး(၅)လုံးသီးရာ အပေါ်ဆုံးရှိသရက်သီးကို စားရသည်ဟူ၏။ အိပ်မက်၏အလိုမှာ ညီနောင်(၅)ဦး ရှိသည့်အနက် ဘုရင့်နောင်သည် အကြီးဆုံးဖြစ်သည်။ ညီတော်သီဟသူသည် မင်းခေါင်အမည်ကို ခံယူ၍ တောင်ငူတွင် မင်းပြုနေသည်။ ယခု အခေါင်က သရက်သီးကိုစားရသည် အိပ်မက်ခြင်းကြောင့် ညီတော်မင်းခေါင်၏ကိုယ်နှင့်တကွ တောင်ငူမြို့အလုံးကို ရလိမ့်မည်ဟု နိမိတ်ဖတ်လေသည်။
ဘုရင့်နောင်သည် တောင်ငူကိုသိမ်းယူရန်အတွက် စစ်အစီအရင်ပြုသည်။ လက်ယာရဲတိုင်နှင့် တုရင်ဗလတို့ကို မြင်း(၁၀၀၀)စီဖြင့် ရှေ့မှချီစေပြီး ယင်းနောက်မှ ညီတော်သဋ္ဌီရိဇေယျကျော်ထင်၊ ညီတော်နန္ဒယော်ဓာ၊ ညီတော်မင်းရဲကျော်ထင်၊ သားတော် မင်းရဲကျော်စွာ၊ သီရိဇေယျနော်ရထာ၊ လက်ဝဲဘယ၊ မြောက်ထောင်မှူး၊ ဘယနန္ဒသူ၊ အဲမွန်ဒယာ၊ သီရိဓမ္မရတ်၊ နန္ဒစည်သူတို့ ဦးစီးသော တပ်များ၊ ထို့နောက် ဘုရင့်နောင်၏တပ်မတော်၊ ယင်းတပ်မတော်တွင် နန္ဒသူကို တပ်မှူး၊ ရာဇတမန်အား စစ်ကဲခန့်အပ်သည်။ မြင်းတပ် (၂)တပ်နှင့် ကြည်းတပ် တပ်ပေါင်း(၁၂)တပ်တွင် တိုက်ဆင်(၂၀၀)၊ မြင်း(၂၀၀၀)၊ စစ်သည်(၈၀၀၀၀) ပါဝင်လေသည်။
ရေကြောင်းချီတပ်တော်တွင်ကား ရာဇဗလ၊ နန္ဒယော်ဓာ၊ ရာဇသင်္ကြန်၊ စွန်တရာသီ၊ ဇိတ်ဗြိ၊ ဘယသင်္ကြန်၊ တပ်ပေါင်း(၆)တပ်တွင် ကတ္ထူလွန်ကြင်(၁၃၀)၊ လှော်ကေားကြော့လှေ(၇၀)၊ စစ်သည်(၁၆၀၀၀) ပါဝင်ပြီး စက်လှေများပေါ်တွင် အမြောက်ကြီးများ တင်ဆောင်လာသည်။ ရေကြောင်းချီတပ်မှူးမှာ ဘယသင်္ကြန်ဖြစ်ပြီး၊ စစ်ကဲမှာ သာရကာမှူးနှင့် တောင်ငူသူရဲမှူးတို့ ဖြစ်ကြသည်။ တောင်ငူသို့ သက္ကရာဇ် (၉၁၂)ခု၊ တော်သလင်းလပြည့်ကျော်(၂)ရက်၊ အင်္ဂါနေ့တွင် စတင်ချီတော်မူသည်။
တောင်ငူသို့ရောက်တော်မူလျှင် ညီတော် သီရိဇေယျကျော်ထင်၊ ညီတော်အငယ် မင်းရဲကျော်ထင်၊ လက်ဝဲဘယ၊ သီရိဇေယျနော်ရထာ၊ ဘယနန္ဒသူတို့၏ တပ်(၅)တပ်ကို တိုက်ဆင်(၆၀)၊ မြင်း(၇၀၀)၊ စစ်သည်(၂၅၀၀၀)နှင့် မြို့ကြီးအရပ်မှ တပ်ခိုင်တပ်လုံတည်၍ ရံစေသည်။

ယင်းသို့ တပ်များ ရေအား၊ ကြည်းအားရံသည်ကို ဘုရင်မင်းခေါင်ကလည်း တပ်မတည်နိုင်အောင် အကြိမ်ကြိမ်ထွက်၍တိုက်သည်။ သို့သော် ဘုရင့်နောင်တပ်များကို မနိုင်သဖြင့် မြို့တွင်းသို့ ပြန်ဝင်၍ အခိုင်အလုံနေရသည်။ ဘုရင့်နောင်တပ်များက တောင်ငူကို လေးလခန့်ကြာအောင် ဝန်းရံထားလေသည်။
မြို့ကိုဝန်းရံ၍ လေးလခန့်ရှိလာလျှင် တောင်ငူမြို့တွင်းသားတို့ အစာရေစာပြတ်လပ်ကာ ငတ်မွတ်လာကြသည်။ ဘုရင်မင်းခေါင်အပေါ် အကြည်အညိုကင်းမဲ့လာကြကာ မင်းခေါင်လက်အောက်မှ အကြီးအကဲတို့လည်း မြို့တွင်းမှထွက်ပြေး၍ ဘုရင့်နောင်ထံသို့ ခိုဝင်လာကြသည်။ ဘုရင့်နောင်ကလည်း မိမိအောက်သို့ ခိုဝင်လာသူများကို သစ္စာတော်ပေးကာ အမှုတော်ထမ်းစေသည်။
အမှုထမ်းများနည်းပါးလာလျှင် မင်းခေါင်ကလည်း ကြောက်ရွံ့ခြင်းပြင်းစွာဖြစ်လာကာ ခမည်းတော်၏ဆရာတော်ထံသို့ကပ်ကာ စည်းစိမ်မပျက် အသက်မသေရှိပါမည့် အကြောင်းကို နောင်တော်အား တောင်းပန်ပေးရန် လျှောက်ထားသည်။ ဆရာတော်လည်း ဘုရင့်နောင်ထံသို့ကြွကာ အရေးတော်ကို ဆိုသည်။

ဘုရင့်နောင်ကလည်း ...
"ညီတော်မင်းတရားရွှေထီးမရှိလျှင် ကျွန်ုပ်တို့ညီနောင်(၅)ပါးသည် တစ်ချက်တည်းရုံးစု၍ ဟံသာဝတီကို နေရသည်ရှိသော် ခပ်သိမ်းသောရန်သူတို့သည် ဖျက်ဆီးနိုင်မည်မဟုတ်။ သို့သော် သီဟသူသည် အမှားကြံလေသောကြောင့် အလုပ်အကြံမှားချေသည်။ ယင်းသို့ လူမှု၌ မလိမ်မမာရှိပါငြားလည်း သီဟသူသည် ကျွန်ုပ်၏ညီဖြစ်သည်။ အပြစ်ပြုသာမည်မဟုတ်၊ ကျွန်ုပ်ကျေးဇူးတော်ကို ခံထိုက်သသူဖြစ်တော့သည်"ဟု မိန့်ကြားတော်မူသဖြင့် အရေးတော်ပြီးကာ မင်းခေါင်သည် ဘုရင့်နောင်ထံတွင် သစ္စာတော်ခံ၍ တောင်ငူမြို့ကို အပ်လေသည်။

သို့ဖြင့် ဘုရင့်နောင်မင်းတရားသည် သက္ကရာဇ်(၉၁၂)ခု၊ တပို့တွဲလဆန်း (၅)ရက်၊ တနင်္ဂနွေနေ့တွင် အလိုတော်ပြည့်ကာ မင်္ဂလာဘိသိက်ခံတော်မူပြီး ကေတုမတီတောင်ငူအလုံးကို သိမ်းရုံးစိုးမိုးအုပ်ချုပ်တော်မူလေသည်။

ပြီးပါပြီ။

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်
ဟိန်းဇေ

Credit - Tin Maung Hlaing



ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here