ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - 6)




နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်နွှဲသည့် ကျော်ထင်နော်ရထာ

တပင်ရွှေထီးသည် ဟံသာဝတီကိုရရှိပြီးနောက် တိမ်းရှောင်နေကြသော မွန်အမှုထမ်း၊ အရာထမ်းတို့ကို ပြန်လည်ခေါ်ယူပြီးလျှင် ၎င်းတို့၏ ရာထူးအလိုက် ခန့်ထားချီးမြှောက်တော်မူ၏။ ဟံသာဝတီပြည်သားတို့ကိုလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ နေနိုင်ကြစေရန် စီမံတော်မူသည်။ သို့သော် အစိုးရိမ်ကြီးသော သူတို့ကား မြန်မာဘုရင်သည် ငါတို့အား ပရိယာယ်ဖြင့်ခေါ်၍ နှိပ်စက်ပေလိမ့်မည်ဟု အတွေးဝင်ကာ မုတ္တမသို့ ထွက်ပြေးကြလေသည်။

ကျော်ထင်နော်ရထာသည် မွန်တို့၏ယုံကြည်မှုကို ရရှိလာအောင် ကြိုးစားစည်းရုံးရာ မကြာမီ မြန်မာဘုရင် လက်အောက်တွင် မွန်စစ်သည် အမြောက်အများကို ရရှိလာခဲ့သည်။ တပင်ရွှေထီးသည် ဟံသာဝတီကို ရရှိပြီး သုံးလကျော်ကြာသောအခါ စစ်ရေးကိစ္စနှင့် ပတ်သက်သည့် ညီလာခံတစ်ရပ် ကျင်းပတော်မူပြီးလျှင် ...
“ဟံသာဝတီပြည်ကြီးကို အုပ်စိုးမိသည်မှန်သော်လည်း ရာမညတိုင်းကြီး၏ အရေးတော်မှာ ပြီးစီးပြီဟု မဆိုသာပေ။ ဟံသာဝတီဘုရင်သည် ပြည်ဘုရင်နှင့်ပေါင်းပြီးနောက် ဟံသာဝတီကို ပြန်လည် သိမ်းယူရန် ကြံစည်လျက်ရှိနေသည်ဟု ကြားသိရ၏။ မုတ္တမစား စောဗညားသည်လည်း နိုင်ငံခြားသားများနှင့် ပူးပေါင်း၍ ဗိုလ်ပါအင်အားနှင့် ထောင်လွှားလျက်ရှိသည်ဟု သိရသည်။

ထို့ကြောင့် မုတ္တမနှင့် ပြည်က စစ်နှစ်ဖက်ညှပ်၍ ဟံသာဝတီကို ချီတက်ရန်အကြောင်းမရှိဟု မဆိုသာပေ။ ထို့အတွက် ငါတို့က စတင်၍ ချီတက်ရလျှင် ကောင်းပေမည်လော၊ မုတ္တမကိုအလျင်ချီတက်လျှင် သင့်မည်လော၊ ပြည်ကို အလျင်ချီတက်လျှင် သင့်မည်လော” ဟု မှူးကြီးမတ်ရာ သေနာပတိတို့ကို မေးမြန်းတော်မူသည်။
အထိန်းတော်ကြီး သတိုးဓမ္မရာဇာက . . .
“ကျွန်တော်တို့သည် ဟံသာဝတီကိုရသည်မှာ မကြာသေးပါ၊ နိုင်ငံတော် ပိပြားရန်လည်း စိတ်မချရသေးပါ၊ သို့ပါ၍ တစ်နှစ်တစ်ဝါမျှ ဆိုင်းငံ့ပြီး ဗိုလ်ပါအင်အားဖြည့်တင်းခြင်းပြုနေရန် သင့်ပါသည်။ မြို့တော်ကိုလည်း ခိုင်လုံသည်ထက် ခိုင်လုံစေရန် စီမံ၍၊ စားရေးရိက္ခာလည်း ပြည့်စေရန် လိုပါသေးသည်။ ထိုအခါမှ မုတ္တမသို့အလျင်ချီပြီး၊ တဖန် မုတ္တမအားနှင့် ပြည်ကိုချီရန် သင့်ပါသည်” ဟု လျှောက်တင်ပြီး၊ ကျော်ထင်နော်ရထာကမူ . . .

“ယခု အထိန်းတော်ကြီးလျှောက်တင်သည်မှာ စစ်ရေးပင်ဖြစ်သဖြင့် အရေးကြီးပါသည်၊ သို့သော် ဟံသာဝတီဘုရင်သည် သူ့မြို့တွင် မခံဝံ့သဖြင့် ပြည်ဘုရင်နှင့် ပူးပေါင်းရန် ပြည်သို့ပြေးလျက် ပေါင်း၍ခံသော်လည်း စစ်သည်အင်အား များလျှင်သာ များပါလိမ့်မည်။ လုပ်ရည်ကြံရည်၊ လက်ရုံးရည်တွင်မူ ကျွန်တော်တို့ကို တုနိုင်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် ပြည်ကို အစမ်းချီတက်သင့်ပါသည်။ သာလျှင်လည်း သာသည့်အလျောက် ရွပ်ရွပ်ချွံချွံ လုပ်ကြံပါမည်။ ၎င်းတို့အား စော်ပွားတို့က ကူညီကြ၍ အရေးသာလျှင်လည်း အလျင်အမြန်ပြန်၍ မုတ္တမကို လုပ်ကြံပါမည်။ သို့ပါ၍ ဘုန်းကြီးသည့် အရှင်က ရေကြောင်းမှချီတက်တော်မူပါ၊ ဟံသာဝတီဘုရင်၏ကျွန် ဗညားဒလနှင့် မင်းရဲအောင်တို့၏ တပ်ကို ကျွန်တော်က ကြည်းတပ်မှလိုက်၍ တိုက်ယူပါမည်” ဟု တက်ကြွထက်သန်သည့်စိတ်ဖြင့် လျှောက်တင်သည်။

တပင်ရွှေထီးသည် ကျော်ထင်နော်ရထာ၏ လျှောက်တင်ချက်ကို နှစ်သက်တော်မူသဖြင့် ပြည်သို့ချီရန် စီစဉ်တော်မူသည်။ ရေကြောင်းချီရန်အတွက် စက်တော်အောက်သို့ ခိုဝင်လာသူများကို ဟံသာဝတီတွင် ဝှက်ထားသော တိုက်လှေများအားယူစေသည်။ ရေကြောင်းချီတပ်တော်တွင် ဘယကျော်သူ၊ သမိန်ပရူး၊ မင်းမဟာ၊ သီရိဇေယျကျော်ထင်၊ ပိုက်ရနဲ၊ လက်ယာပျံချီတို့ပါဝင်ပြီး၊ တပင်ရွှေထီးကိုယ်တော်တိုင်ပင် ချီတော်မူသည်။

ရေကြောင်းချီတပ်တွင် ဇလာကပင်း၊ ကတ္တူနှင့် လွန်းကြင်တိုက်လှေ (၃၅၀)၊ စစ်သည် (၃၅၀၀၀) ပါရှိပြီး၊ တပ်မှာ (၇)တပ် ဖြစ်သည်။ ကြည်းကြောင်းချီတပ်တွင် တိုက်ဆင် (၇၀)၊ စစ်မြင်း (၃၀၀) နှင့် စစ်သည် (၃၅၀၀၀) ပါဝင်ကာ သတိုးဓမ္မရာဇာ၊ ဘယနန်သူ၊ သမိန်လောက်ရှိန်နှင့် နန္ဒသူရိယတို့က ဦးဆောင်ပြီး၊ စုစုပေါင်းတပ်လေးတပ်ဖြစ်၏။ ဟံသာဝတီတွင်မူ မင်းရဲသိင်္ခသူကို စစ်သည် (၁၀၀၀၀)ကျော်ဖြင့် မြို့စောင့်အဖြစ် ထားရှိခဲ့၏။

ပြည်သို့ပြေးသည့် သုရှင်တကာရွတ်ပိ၏ ကြည်းကြောင်းချီတပ်ကို မီရန်အတွက် ရှေ့ဆုံးမှ ချီတက်သွားသည့် ကျော်ထင်နော်ရထာ၏ ခြေမြန်တပ်တွင် တိုက်ဆင် (၅၀)၊ စစ်မြင်း (၅၀၀)၊ စစ်သည် (၁၀၀၀၀)နှင့် ဆင်စီးအမတ် (၅)ကျိပ် ပါရှိသည်။

ထိုသို့ချီတက်ခဲ့ရာ နောင်ရိုးသို့ရောက်သည်တွင် တပ်စခန်းခေတ္တချပြီး၊ စစ်သည်တစ်ဦးအား အမြင့်ဆုံးသစ်ပင်တစ်ပင်ထက်သို့ တက်စေကာ နောင်ရိုးချောင်း၏ တဖက်ကမ်းရှိ သုရှင်တကာရွတ်ပိ၏ ကျွန်တော် ဗညားဒလနှင့် မင်းရဲအောင်နိုင်တို့၏ တပ်အင်အားကို ခန့်မှန်းစေသည်။

စစ်သည်က ချောင်းတဖက်ကမ်းရှိ ရန်သူ့တပ်၏အင်အားမှာ တိုက်ဆင် (၂၀၀)ကျော်၊ စစ်မြင်း (၈၀၀)ကျော်နှင့် စစ်သည် (၈၀၀၀၀)ခန့် ရှိမည်ဟု လျှောက်တင်သဖြင့် ရန်သူ့ဘက်မှ မိမိတပ်ထက် တပ်အင်အားအနေဖြင့် ဆင်တပ်အင်အား (၄)ဆ၊ မြင်းတပ်အင်အား(၁)ဆ၊ စစ်သည်အင်အား(၈)ဆခန့် များပြားနေသည်ကို ကျော်ထင်နော်ရထာ သိရှိရ၏။

စစ်အင်အားချင်းမမျှ၊ ရန်သူတပ်က မိမိတပ်ထက် အင်အားများနေသည်ကို သိလိုက်ရသော်လည်း ကျော်ထင်နော်ရထာက စိုးရွံ့တုန်လှုပ်ခြင်းမဖြစ်။ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး မိမိလက်အောက်မှ စစ်သည်အပေါင်းကို ဤသို့မိန့်ကြားလိုက်သည်။

“ငါ၏သူရဲကောင်း စစ်သည်ရဲမက်အပေါင်းတို့ . . .
စစ်တို့၏သဘောမှာ လူနည်းသည်၊ များသည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်ဆင်ရာ၌ ပဓာနဖြစ်သည်။ ငါတို့ ဤနေရာ၌ ကြာရှည်ဆိုင်းနေ၍မသင့်လျော်၊ ရန်သူကို လျင်မြန်စွာ တိုက်ကြမည်၊ နောင်ရိုးချောင်းကို ကူးရန်အတွက် ယခုပင်ဖောင်များအလျင်အမြန် ဖွဲ့ကြရမည်”
စစ်သည်တို့မှာ ကျော်ထင်နော်ရထာ၏ အမိန့်ကို မည်သူမျှစောဒက မတက်ဝံ့ကြ။ ထို့ကြောင့် အမိန့်အတိုင်း ဖောင်ပန်းတို့ကို အလျင်အမြန်ဖွဲ့ကာ တဖက်ကမ်းသို့ ကူးကြရသည်။ နောင်ရိုးချောင်း တစ်ဖက်ကမ်းသို့ တပ်အားလုံး ရောက်ပြီးသည်တွင် တုရင်ရာဇာသည် မြင်း (၁၀)စီးဖြင့် ရောက်ရှိလာကာ တပင်ရွှေထီးထံမှ အမိန့်တော်ကို ဖတ်ကြားသည်။

အမိန့်တော်မှာ...
“ငါမရောက်သေးသမျှ စစ်ကိုမတိုက်ဘဲ ငါ့ကို စောင့်နှင့်ဦး၊ ငါရောက်မှ ငါကိုယ်တော်တိုင် ရန်သူကိုချေမှုန်းတိုက်ခိုက်တော်မူမည်” ဟူ၍ဖြစ်၏။
သို့သော် ကျော်ထင်နော်ရထာက တုရင်ရာဇာအား . . .
“အရှင်ဘုန်းတော်ကြောင့် စစ်ကို အောင်မြင်ပြီးလေပြီ ဟု လျှောက်ပါလေ” ဟု ပြန်လည်လျှောက်တင် ခိုင်း၏။
ထို့နောက် ကျော်ထင်နော်ရထာသည် အကြံဖြင့် မိမိတို့၏ တပ်များ ကူးလာသည့် ဖောင်အားလုံးကို ဖျက်ဆီးစေရာ စစ်သည်တို့မှာ များစွာစိုးရိမ် ထိတ်လန့်ကုန်ကြရ၏။

“အရှင်သည် စစ်ကိုမတိုက်ရသေးမီကပင် စစ်အောင်မြင်ပြီးဟု မင်းတရားအား လျှောက်တင်စေခဲ့၏။ ယခုလည်း ဖောင်များကို ဖျက်စေပြန်လေပြီ။ အကယ်၍ ကျွန်တော်မျိုးတို့ စစ်ရေးမလှဘဲရှုံးနှိမ့်ခဲ့ပါမူ အားကိုးအားထားပြုရန် ဖောင်များမရှိတော့ပြီဖြစ်သည့်အတွက် မခက်ပါလော” ဟု တပ်မှူးအချို့က အရဲကိုး၍ ကျော်ထင်နော်ရထာကို လျှောက်ကြလေ၏။
ထိုလျှောက်တင်ချက်ကို ကြားရလျှင် ကျော်ထင်နော်ရထာသည် တင်းမာသောမျက်နှာထားဖြင့် . . .

“သင်တို့အားလုံး တိုက်ပွဲကျော်သူရဲကောင်းများ ဖြစ်ကြပါလျက်နှင့် စိုးရွံ့ကြောက်လန့်နေကြလေ သလော၊ သင်တို့ အသက်ကို ဤမျှပင် ခင်တွယ်နေကြသလော၊ ငါတို့သည် စစ်ထွက်လာပြီဆိုကတည်းက ငါတို့နိုင်ငံ ငါတို့အရှင်အတွက် ငါတို့အသက်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ ယခု ဖောင်များကို ဖျက်စေသည်မှာလည်း ငါတို့အားလုံး တစ်စိတ်တည်းကို ထားရှိစေရန်ဖြစ်သည်။ ဖောင်များ ရှိနေ၍ ဖောင်များကို အားကိုးလျှင် စစ်ရေးစစ်ရာတွင်အနည်းငယ်အရေးမလှ၊ ယိုယွင်းသည်နှင့် ဖောင်ဆီသို့ အရောက်ပြေးကာ ထွက်ပြေးလိုကြလိမ့်မည်၊ ယခုကဲ့သို့ ဖောင်များမရှိပါမှ ရှေ့သို့မတွန့်ဘဲ သက်စွန့်ရဲရဲ ကြိုးပမ်းတိုက်ခိုက်လျက် အမှုတော်ကို ထမ်းကြလိမ့်မည်ဖြစ်သည်” ဟု သူရဲကောင်းတို့ထားရှိရမည့် သဘောကို ပြတ်သားစွာမိန့်ကြားသည်။

ဆက်လက်၍လည်း ...
“သူရဲကောင်းစစ်သည်တို့ . . .
စစ်ပွဲကို မတိုက်ရမီကပင် အောင်မြင်လေပြီဟု မင်းတရားကို ငါလျှောက်ထားခိုင်းခဲ့သည်၊ အကယ်၍ အရပ်အနေမသင့်သောကြောင့် ငါတို့ ရှုံးနိမ့်ပါကလည်း မင်းတရားအနေဖြင့် ငါတို့အား အပြစ်တော်တင်လိမ့်မည်ဟု စိုးရွံ့ခြင်းလည်း မဖြစ်ကြပါနှင့်၊ စစ်ပွဲတွင် ရှုံးပါလျှင် ငါတို့လည်း အသက်နှင့်ကိုယ် မြဲနေတော့မည် မဟုတ်၍ သေဆုံးပြီးသောသူအား မင်းတရား မည်သို့ အပြစ်တော်တင်နိုင်ပါမည်နည်း” ဟု မိန့်ဆိုလိုက်သည်။

ယင်းနောက် ဖောင်များကို လျင်မြန်စွာဖျက်စေပြီး ကျော်ထင်နော်ရထာသည် ရန်သူ့တပ်များကို အနိုင်တိုက်ခိုက်နိုင်ရေးအတွက် စစ်ရေးဗျူဟာ သေနင်္ဂပရိယာယ်ကို အကွက်ကျကျ စီစဉ်ဆောင်ရွက်သည်။ တပ်မှူးများကို . . .
“ငါတို့ ရန်သူကို တိုက်ခိုက်ရာတွင် ဒွိဇာဓိပဗျူဟာဟုခေါ်သည့် ဂဠုန်တောင်ကဲ့သို့ စစ်ထိုးခြင်းပြုရမည်၊ တောမှိုင်းရဲက ဆင်စီးအမတ်(၁၅)၊ မြင်း (၂၀၀)၊ စစ်သည် (၃၀၀၀)ဖြင့် လက်ယာကြောင်းမှ တိုက်ပါ။ ဘယသင်္ဂြာံက ဆင်စီးအမတ်(၁၅)၊ မြင်း(၂၀၀)၊ စစ်သည်(၃၀၀၀)ဖြင့် လက်ဝဲကြောင်းမှ တိုက်ပါ။ ငါက ဆင်စီးအမတ်(၂၀)၊ မြင်း(၁၀၀)၊ စစ်သည်(၄၀၀၀)ဖြင့် အလယ်ကြောင်းမှ တိုက်မည်” ဟု တာဝန်ပေးသည်။

ထို့နောက်မှ “စွယ်လမန်” အမည်ရှိ ဆင်တော်ကိုစီးလိုက်ကာ အလယ်ကြောင်းမှ ဦးစီး ချီတက်သည်။ ကျော်ထင်နော်ရထာ၏ တပ်များချီလာသည်ကို သုရှင်တကာရွတ်ပိ၏ အမတ်များဖြစ်သည့် ဗညားဒလနှင့် မင်းရဲအောင်နိုင်တို့ မြင်လေလျှင် ကျော်ထင်နော်ရထာ၏ တပ်မှာ အင်အားနည်းလှသည်ကို တွေ့ရသည့်အတွက် စစ်မျက်နှာဖြန့်ကာ ကြိုဆိုလိုက်သည်။

ကျော်ထင်နော်ရထာသည် တပ်ချင်း နီးကပ်လာသည်နှင့်တစ်ပြိုင်နက် စွယ်လမန်ဆင်တော်ကို ချွန်းဖွင့်ကာ တစ်ဟုန်ထိုးလွှတ်လျက် ဗညားဒလရှိရာသို့ ဦးတည်တိုက်သည်။ ဗညားဒလမှာ ကျော်ထင်နော်ရထာနှင့် ရင်ဆိုင်တိုက်ရန် မဝံ့သဖြင့် ဆင်ပေါ်မှ ဆင်းကာ မြင်းကိုပြောင်းစီးသည်။ ကျော်ထင်နော်ရထာက ရဲဝံ့စွာ တဟုန်ထိုးတိုက်ချိန်တွင် ဘယသင်္ဂြာံနှင့် တောမှိုင်းရဲတို့ကလည်း ညာသံပေးကာ လက်ဝဲလက်ယာကြောင်းတို့မှ အတင်းဝင်ရောက် ထိုးခုတ်ပစ်ခတ် တိုက်ခိုက်ကြလေသည်။ ဆင်ဆင်ချင်း၊ မြင်းမြင်းချင်းတိုက်ကြရာ စစ်ပွဲမှာ ပြင်းထန်လှသည်။ နောက်ဆုံးတွင် မွန်တပ်တို့ စစ်ရေးပြိုကာ လေးစုကွဲသွားသည်။

မွန်အမတ် မင်းရဲအောင်နိုင်မှာလည်း လက်ယာကြောင်းမှ တောမှိုင်းရဲ၏ လှံချက်ကြောင့် ဆင်ပေါ်တွင် ကျဆုံးသွားသဖြင့် မင်းရဲအောင်နိုင်၏ စစ်သည်များမှ ဆုတ်ပြေးကြလေသည်။ ကျော်ထင်နော်ရထာသည် ရန်သူတပ်မှ ဆင်၊ မြင်း၊ လက်နက်၊ သုံ့ပန်းတို့ကို သိမ်းကောက်ပြီး၊ တပင်ရွှေထီး ရောက်ရှိလာလျှင် ဆက်သရန် အသင့်ပြင်သည်။

နောင်ရိုးတိုက်ပွဲကို အောင်မြင်ပြီး၊ နောက်တစ်ရက်တွင် တပင်ရွှေထီး၏ တပ်တော် ရောက်ရှိလာသည်။ ရောက်ရှိတော်မူသည်နှင့် တပင်ရွှေထီးက . . .
“ကျော်ထင်နော်ရထာ . . . သင်သည် ငါ့ကိုမစောင့်ဘဲ ရန်သူကို တိုက်နှင့်သည်၊ ငါ၏ပွဲကို ဖျက်သည်မဟုတ်လော” ဟု အမေးတော်ရှိသည်။
ကျော်ထင်နော်ရထာက . . .

“ယခုနောင်ရိုးတိုက်ပွဲမှာ ဘုန်းတော်ကြီးသည့်အရှင်နှင့် ထိုက်တန်သော စစ်ပွဲမဟုတ်ပါ၊ ကျွန်ုပ်ကျွန်တို့နှင့်သာ ထိုက်တန်သည့်ပွဲဖြစ်ပါသည်၊ ကျွန်ကျွန်ချင်း တိုက်ရသောပွဲဖြစ်၍ အကျွနိုပ်တိုက်ပါသည်၊ နောင်တွင် လုပ်ကြံရမည့်ပွဲလည်း များပါသေးသည်၊ ဟံသာဝတီမင်း၏ တပ်နှင့်တွေ့မှသာ အရှင်တိုက်တော်မူပါ” ဟု စိတ်တော်ပြေစေရန် လျှောက်တင်ပြီး သိမ်းဆည်းရရှိသော ဆင်၊ မြင်း၊ လက်နက်၊ သုံ့ပန်း တို့ကို တပင်ရွှေထီးထံ ဆက်သသည်။

“ကျော်ထင်နော်ရထာသည် အောင်ပွဲရပုဂ္ဂိုလ်ဖြစ်သည်၊ ငါ၏လက်တော်တို့တွင် ဝတ်ဆင်ထားသော လက်စွပ်၊ ပတ္တမြားလက်ကောက်တို့ကို ရဲဆုအဖြစ် ပေးတော်မူသည်၊ လက်ရှိ ‘ကျော်ထင်နော်ရထာ’ ဘွဲ့မှလည်း ‘ဘုရင့်နောင်’ ဟူသောဘွဲ့ကို ထပ်မံအပ်တော်မူသည်။ လှိုင်မြို့ကိုလည်း စားစေရမည်”
သို့ဖြင့် ကျော်ထင်နော်ရထာသည် နောင်ရိုးတိုက်ပွဲကို အနိုင်နွှဲခဲ့သည့်အတွက် တပင်ရွှေထီးမှ ချီးမြှင့်သည့် ‘ဘုရင့်နောင်’ ဘွဲ့ထူးကို ရရှိခဲ့သည်။ ဤနောင်ရိုးတိုက်ပွဲအောင်ပွဲကား မြန်မာ့ရာဇဝင်သမိုင်း အစောင်စောင်တွင် မော်ကွန်းထိုးခဲ့ရသည့် သမိုင်းတွင်သောတိုက်ပွဲ ဖြစ်၏။

ကုန်းဘောင်ခေတ်မှ လက်ဝဲသုန္ဒရအမတ်ကြီး အပါအဝင် မြန်မာပညာရှိများကလည်း ယင်းတိုက်ပွဲကို စကားပြေဖြင့်လည်းကောင်း၊ ကဗျာဖြင့်လည်းကောင်း မှတ်တမ်းတင်ကာ “ဘုရင့်နောင်” ကို စံပြုဖွယ် အာဂသူရဲကောင်းအဖြစ် ရေးဖွဲ့ဂုဏ်ပြုခဲ့ကြသည်။

ဟံသာဝတီမှထွက်ပြေးခဲ့သော ဘုရင်သုရှင်တကာရွတ်ပိသည် ပန်းမထီးဝတွင် တပ်စွဲလျက်ရှိစဉ် နောင်ရိုးတိုက်ပွဲ၌ မိမိ၏တပ်များ အရေးနိမ့်ကြောင်း သိရှိသွားသည်။ ဤတွင် ပန်းမထီးဝတွင် ဆက်လက်မနေဝံ့တော့ဘဲ ပြည်ဘုရင် နရပတိနှင့်ပူးပေါင်းရန်အတွက် ပြည်သို့ ဆန်တော်မူသည်။ ပြည်သို့ရောက်သောအခါ ပြည်ဘုရင် နရပတိက သုရှင်တကာရွတ်ပိကို ကောင်းမွန်စွာကြိုဆိုသည်။ မင်းနှစ်ပါးဆုံသောအခါ ကေတုမတီ(တောင်ငူ) တပ်များကို တိုက်ရန်အတွက် စစ်ရေးစစ်ရာတိုင်ပင်ကြသည်။

မိမိတို့၏ တပ်များဖြင့် စစ်သေနင်္ဂဗျူဟာအရာတွင် ကျွမ်းကျင်ပြီး ရဲဝံ့ဖျတ်လတ်သည့် တပင်ရွှေထီး၏တပ်များကို ရင်ဆိုင်တိုက်ခိုက်ရန် မဝံ့ရဲကြသဖြင့် အင်းဝတွင် မင်းပြုနေသော သိုဟန်ဘွား၏ အကူအညီကို ယူသည်။

အင်ဝဘုရင် သိုဟန်ဘွားကလည်း ဟံသာဝတီကို သိမ်းပိုက်နိုင်သည်အထိ စစ်တံခွန်လွှင့်ထူလာနိုင်သည့် ကေတုမတီ(တောင်ငူ)တပ်များကို စိုးရွံ့နေသည့်အတွက် ဟံသာဝတီတပ်၊ ပြည်တပ်များနှင့် ပူးပေါင်းရန် မိမိကိုယ်တိုင်အင်းဝတပ်ကြီးဖြင့် ပြည်သို့ စုန်ဆင်းသည်။ သို့ဖြင့် ပြည်တွင် သုရှင်တကာရွတ်ပိ၏တပ်၊ နရပတိ၏တပ်၊ သိုဟန်ဘွား၏တပ်တို့ စုမိသွားကာ ကြီးမားသော တပ်အင်အားဖြစ်သွားရသည်။

နောင်ရိုးတိုက်ပွဲကို အောင်မြင်ပြီးနောက် တပင်ရွှေထီး၏ တပ်များကလည်း ကြည်းကြောင်း၊ ရေကြောင်းနှစ်တပ်ပေါင်းလျက် ပြည်သို့ ဆန်တက်သည်။ ပြည်မြို့တောင်ဘက်ရှိ အင်းပျော့ကျွန်းသို့ ရောက်ရှိသည်တွင် တပ်တော်ကို ချ၍ စစ်ရေးအတွက် အသင့်ပြင်တော်မူသည်။ ရန်သူတပ်များမှာ မိမိတပ်များထက် အင်အားကောင်းသည့်အတွက် မည်သို့ပြုသင့်သည်ကို တိုင်ပင်တော်မူသည်တွင် ဘုရင့်နောင်က . . .

“ကျွန်တော်မျိုးတို့အနေနှင့် ထိပ်တိုက်တွေ့ဆုံတိုက်ရပါလျှင် ရန်သူဘက်မှ အင်အားကြီးဖြင့်မိမည်ဖြစ်သဖြင့် စစ်ရေးခက်နိုင်ပါသည်။ ထို့ကြောင့် မင်းသုံးပါးတို့၏ ပျားလပို့သဏ္ဌာန် စစ်ဆင်ခြင်း(မဓုဝတ္ထနဗျူဟာ) ကို လေးညို့ဖျန်းထိုးစစ် (ဓနုကဗျူဟာ)ဖြင့် တိုက်မှသာလျှင် သင့်လျော်ပါမည်။ သို့အတွက် စစ်အအုံပျက်ရန် ကျွန်တော်တို့ဆောင်ရွက်ရပါမည်။ တိုက်လှေကြီးအပေါင်းသို့တွင် စိန်ပြောင်း၊ မြတပူအမြှောက်တို့ကို တင်လျက် အင်းပျော့ကျွန်းအောက်ရှိ မြစ်နားနှစ်ဖက်မှ အသင့်စောင့်နေရပါမည်။ ထို့နောက် ညဥ့်သန်ခေါင်တွင် ရန်သူတပ်ရှိရာသို့ ကျွန်တော်တို့တပ်မှ လှေတပ်တစ်တပ်ဆန်တက်ကာ စစ်ရေးငင်ရပါမည်။

ထိုသို့ စစ်ရေးငင်သည်ကို ရန်သူတပ်မှမြင်၍ ရန်သူ့လှေများလိုက်လာလျှင် အသင့်စောင့်နေသော ကျွန်တော်တို့၏ တိုက်လှေကြီးက လေးညို့ဖျန်းထိုးစစ်(ဓနုကဗျူဟာ)ဖြင့် တစ်ဟုန်ထိုး ပစ်ခတ်တိုက်ခိုက်ရပါမည်၊ ထိုအခါ ရန်သူ၏လှေတပ်ပျက်ပါလိမ့်မည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးသည် စစ်ရေးမြင်လှသော ယောက်ဖတော်ဘုရင့်နောင်ကို ချီးကျူးတော်မူပြီးလျှင် . . .

“ကောင်းလှပြီ . . . ထိုအတိုင်းပင် စီရင်စေ၊ ငါကိုယ်တော်တိုင်ပင် ထွက်၍ စစ်ရေးငင်တော်မူမည်” ဟု မိန့်တော်မူသည်။

ဘုရင့်နောင်သည် တိုက်လှေကြီးများပေါ်တွင် အမြှောက်စိန်ပြောင်းတို့ကို တင်ကာ အင်းပျော့ကျွန်း၏ အောက်ဖက်တွင် လေတပ်ကို အသင့်ပုန်းလျှိုး၍ နေစေ၏။ ထို့နောက်တပင်ရွှေထီးက ညဥ့်အမှောင်တွင် ရွှေလှေကားတော် နှစ်ဆင်း၌ ဗုံ၊ မောင်း၊ နှဲ၊ ခရာတို့ကို တင်၍ ကိုယ်တော်တိုင် ပြည်မြို့အနီးတိုင်အောင်ဆန်တော်မူကာ ပြည်မြို့နှင့်အနီးဆုံးသိုရရောက်မှ ဗုံ၊ မောင်း၊ နှဲ၊ ခရာတို့ကို တပြိုင်နက်တီးကာ ကြေငြာလိုက်သည်။

ပြည်လှေတပ်ကလည်း တောင်ငူလှေတပ်မပါဘဲ တပင်ရွှေထီး မင်းတစ်ပါးတည်း ပြည်အနီးသို့ ဆန်တက်လာသည်ကို သိရှိလိုက်ရသည့်အတွက် ချက်ချင်း လှေတပ်ကိုစု၍ မြစ်လုံးပြည့်မျှ ဆင်းလိုက်ကြသည်။ ပြန်လည်စုန်ဆင်းလာသည့် တပင်ရွှေထီး၏ လှေကားတော်နောက်သို့ ရန်သူ့တပ်မှ အမတ်(၆)ဦးတို့ ဦးဆောင်သည့် တိုက်လှေကြီးများကို ရှေ့ဆုံးမှလွှတ်လိုက်၏။ သို့သော် တပင်ရွှေထီးကား စိုးရွံ့ခြင်းမရှိ ရန်သူ့တပ်နှင့် မဝေးမနီးလှော်ခတ်ကာ စစ်ရေးငင်တော်မူသည်။

တပင်ရွှေထီး စစ်ရေးငင်သည်ကို စိုးရိမ်ခြင်းမရှိသည့် ရန်သူ့လှေတပ်တို့သည် အင်ပျော့ကျွန်းအလွန်သို့ရောက်လျှင် အသင့်ပုန်းလျှိုးစောင့်နေသော ဘုရင့်နောင်၏ လှေတပ် တို့၏ နောက်မှလိုက်ခြင်းကို ခံကြရတော့သည်။ တိုက်ပွဲတွင် ပြည်လှေတပ်ပျက်ကာ ရန်သူ့အမြောက်များကျဆုံး၍ အမတ်(၆)ယောက်ကိုလည်း အရှင်လက်ရဖမ်းမိလိုက်သည်။ ကုန်းပေါ်သို့ထွက်ပြေးကြသူများမှာလည်း ကုန်းပေါ်ရှိကေတုမတီစစ်သည်တို့၏ ဖမ်းဆီးခြင်းကို ခံကြရသည်။

ထိုတိုက်ပွဲတွင် လှေကြီး(၆)စင်းနှင့်အတူ တိုက်လှေ(၂၀၀) သုံ့ပန်း(၅၀၀၀)ကျော်ကို ရရှိလိုက်သည်။ ထိုသို့ ရန်သူ၏လှေတပ်ကို အောင်မြင်တော်မူပြီးလျှင် တပင်ရွှေထီးသည် ဟံသာဝတီမှာလည်း အနေအထား မကျသေးသည့်အတွက် တိုက်ပွဲကို မဆက်ပဲ တပ်ကိုရုပ်ကာ ပြန်လည်စုန်ဆင်းတော်မူသည်။ တပင်ရွှေထီးပြန်တော်မူလေလျှင် ပြည်မင်း၊ အင်းဝမင်းနှင့် သုရှင်တကာရွတ်ပိတို့သည် မင်းသုံးပါးတပ်တို့ပေါင်းလျှက် ဟံသာဝတီကိုချီ၍ လုပ်ကြံကြရန်နှင့် ဟံသာဝတီကို ပြန်ရလျှင် မွန်မင်း သုရှင်တကာရွတ်ပိကို နန်းတင်မည်ဟုတိုင်ပင်သဘောတူကြလေ၏။

သုရှင်တကာရွတ်ပိသည် မိမိ၏တပ်အင်အားကို ပြန်လည်စုစည်းနိုင်ရန် ပြည်မြို့မှ အင်္ဂပူသို့ပြန်သည်။ အင်္ဂပူတွင် စစ်ရေး၌ အရေးထားရသည့် ဆင်တပ်ကိုတိုးချဲ့ရန် လုံးပမ်းသည်။ ထိုသို့လုံးပမ်းနေစဉ် အင်္ဂပူတောတန်းတွင် ဆင်ကောင်ပေါ်သည်ဟု သတင်းကြားရသဖြင့် တိုက်ဆင်(၇၀)၊ ရဲမက်(၁၀၀၀)ဖြင့် ဆင်ကျော့ရန်ထွက်လေသည်။ ဆင်ကိုတွေ့သော်အကျော့မခံဘဲ ထွက်ပြေးသွားသဖြင့် လက်ရဖမ်းမိရန်အတွက် ဆင်တော်တစ်စီးဖြင့် နောက်မှလိုက်သည်။

ဆင်ရလိုစိတ်ဇောဆန္ဒဖြင့် အားသွန်လိုက်ရင်းမှ နက်ခေါင်လှသော တောကြီး အတွင်းသို့ ရောက်ရှိသွားခဲ့ကာ ရေကြည်တော်ငတ်သဖြင့် ဆင်တော်ပေါ်မှဆင်းကာ ရေအိုင် တစ်ခုတွင် ရေကြည်တော်သောက်သည်။ ထိုစဉ် သုရှင်တကာရွတ်ပိ၏ရှေ့၌ နတ်သမီးတစ်ပါး ဘွားခနဲ့ပေါ်လာသည်။ နတ်သမီးကို မြင်ရသည်တွင် သုရှင်တကာရွတ်ပိမှာ အံ့သြခြင်းကြီးစွာဖြစ်ရသကဲ့သို့ ရမ္မက်ဇောတို့ကလည်း ကြွလာရသည်။

ထို့နောက် မင်းကြီးရင်ခွင်တွင်းသို့ တိုးဝင်လိုက်လေရာ မင်းကြီးက အတွေးနှင့် မိန်းမောနေရာမှ မျက်လုံးကို ပြန်ဖွင့်အကြည့်တွင် ရင်ခွင်တွင်းမှ နတ်သမီးမှာ မရှိတော့၍ တပ်မက်စွဲလမ်းခြင်းဝေဒနာကို ကြီးစွာ ခံစားနေရတော့သည်။
သုရှင်တကာရွတ်ပိသည် အင်္ဂပူစံနန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း နတ်သမီးကို မမေ့နိုင်မပျောက်နိုင်ဖြစ်ရကာ သမားဟူးရားတို့ဖြင့် ကုသသော်လည်း မရတော့ဘဲ စံနန်းတော်သို့ ရောက်သည့်ညဥ့်၌ပင် နတ်ရွာစံတော်မူရလေ၏။

(မှတ်ချက်။ ။ မြန်မာ့သမိုင်းတွင် သုရှင်တကာရွတ်ပိမင်းကဲ့သို့ပင် နတ်သမီးနှင့်တွေ့ပြီး နတ်ရွာစံရသည့် မင်းတစ်ပါးလည်း ရှိသေး၏။ ထိုမင်းမှာ အင်းဝဆင်ဖြူရှင် ဘွဲ့ခံမင်းဖြစ်သည်။ အောင်ပင်လယ်ကန်သို့ တောကစားထွက်ရာမှ နတ်သမီးနှင့်တွေ့ရပြီး သုရှင်တကာရွတ်ပိကဲ့သို့ပင် နတ်ရွာစံခဲ့ရသည်။ )

သုရှင်တကာရွတ်ပိမင်း နတ်ရွာစံကြောင်းကို မိဖုရားများ၊ သားတော်၊ သမီးတော်များနှင့် မှူးမတ်တို့က ပြည်ဘုရင် နရပတိနှင့် အင်းဝဘုရင်သိုဟန်ဘွားသို့ အကြောင်းကြားကြရာ မဟာမိတ် ဘုရင်နှစ်ပါးမှာ မွန်မင်း သုရှင်တကာရွတ်ပိအတွက် ပူဆွေးဝမ်းနည်းတော်မူကြပြီး အင်္ဂပူသို့ သွားရောက်ကြကာ အလောင်းတော်ကို ကောင်းမွန်စွာသဂြိုလ်ကြ၏။

ထို့နောက်မင်းနှစ်ပါးသည် မိဖုရား၊ သားတော်၊ သမီးတော်များနှင့် ဆင်ကောင်း၊ မြင်းကောင်းတို့ကို သိမ်းယူ၍ ပြည်သို့ပြန်ကြသည်။ ပြည်သို့ရောက်လျှင် အင်းဝဘုရင် သိုဟန်ဘွားက သုရှင်တကာရွတ်ပိ၏ သားတော်များနှင့် သမီးတော်များကို သားသမီးအဖြစ်မွေးမြူချီးမြှောက်မည်ဆိုကာ အင်းဝသို့ခေါ်ဆောင်သွားသည်။

ပြည်ဘုရင်မှာလည်း သုရှင်တကာရွတ်ပိ နတ်ရွာစံသွားသည့်အတွက် တပင်ရွှေထီးကို တိုက်ရန် အားလျော့သွားရသည်။ အင်းဝဘုရင် သိုဟန်ဘွားကိုလည်း ယုံကြည်စိတ်ချရန်မဝံ့။ ထို့ကြောင့် အရေးရှိလာက အကူအညီရရန်အတွက် နှမတော် ပဲခူးမိဖုရားကို ရခိုင်သို့ပို့ရာ ရခိုင်ဘုရင်က ပြည်ဘုရင်၏နှမတော်ကို မိဖုရားမြှောက်တော်မူသည်။ ပြည်ဘုရင်မှာလည်း သက္ကရာဇ်(၉၀၀) ပြည့်နှစ်တွင် ဝမ်းရောဂါနှင့် နတ်ရွာစံတော်မူသည်။

ပြည်ဘုရင် နတ်ရွာစံလျှင် ပြည်ထီးနန်းကို ညီတော် ရှင်သရက်က သိမ်းပိုက်သည်။ ဘုရင်ဖြစ်လာသောအခါ ‘မင်းခေါင်’ ဟူသောဘွဲ့ကို ခံယူသဖြင့် ‘ပြည်ဘုရင်မင်းခေါင်’ ဟု ထင်ရှားသည်။ မင်းခေါင်သည် နောင်တော်နရပတိ၏ မိဖုရားကြီးဖြစ်သည့် မရီးတော်သီရိဘုန်းထွတ်ကိုပင် မိဖုရားခေါင်ကြီးအဖြစ် ဆက်လက်ချီးမြှောက်တော်မူသည်။

သီရိဘုန်းထွတ်မှာ အဆင်းရူပါအလွန်လှပပြီး ဘုန်းကျက်သရေဖြင့်လည်း ပြည့်စုံသဖြင့် မြန်မာ့သမိုင်းတွင် အချောဆုံး အလှပဆုံး၊ ကျက်သရေအရှိဆုံး မိဖုရားတစ်ပါးအဖြစ် မှတ်တမ်းတင်ခြင်းခံရသည်။ သီရိဘုန်းထွတ်မှာ အင်းဝရွှေနန်းကြော့ရှင် နရပတိနှင့် ဓမ္မဒေဝီမိဖုရားကြီးတို့၏ သမီးတော်ဖြစ်သည်။ သက္ကရာဇ်(၈၈၆) ခုနှစ်တွင် ပြည်ဘုရင် သတိုးမင်းစောနှင့် မိုးညှင်းစလုံတို့ အင်းဝကို စစ်ခင်း၍ အင်းဝပျက်ရာ ပြည်ဘုရင်က သီရိဘုန်းထွတ်ကို ပြည်သို့ ယူဆောင်သွားသည်။

ထို့နောက် ပြည်ဘုရင် နရပတိလက်ထက်တွင် နရပတိက မိဖုရားမြှောက်သည်။ နရပတိနတ်ရွာစံသောအခါ ညီတော်မင်းခေါင်က မိဖုရားဆက်မြှောက်သည်။ သီရိဘုန်းထွတ် သက်တော်(၃၆)နှစ် အရွယ်သို့ရောက်သောအခါ ချစ်မြတ်နိုးတော်မူ၍ ဘုရင့်နောင်က မိဖုရားကြီးမြှောက်ပြန်သည်။ သီရိဘုန်းထွက်မှာ ‘စန္ဒာဒေဝီ’ ဟူသော ဘွဲ့ဖြင့် ထင်ရှားကျော်ကြားသည်။ ဘုရင့်နောင်နှင့်စန္ဒာဒေဝီဘွဲ့ခံ သီရိဘုန်းထွတ်တို့မှ မင်းခင်စောကို ဖွားမြင်သည်။ မင်းခင်စောနှင့် တောင်ငူရွှေနန်းတည်ဘုရင် မင်းရဲသီဟသူတို့ သင့်မြတ်ရာမှ မြန်မာ့သမိုင်းတွင် ရတုစာဆိုဘုရင်အဖြစ် ထင်ရှားသည့်သားတော် နတ်သျှင်နောင်ကို ဖွားသည်။ သီရိဘုန်းထွတ်၏ ဆွေစဉ်မျိုးဆက်တို့ကား အချောအလှဂုဏ်တွင် ထင်ရှားကြ၏။

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ

Credit - Tin Maung Hlaing

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here