ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - 9)




ဘုရင့်နောင်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် စစ်သည်ကောင်းများကို ရွေးချယ်ပြီးလျှင် တပ်ပေါင်း(၂၅)တပ်ကို ဖွဲ့သည်။ ယင်းတို့မှာ ရှေ့တော်ကချီရန် တပ်ပေါင်း(၁၂)တပ်၊ တပ်မတော်ကြီး(၁)တပ်၊ နောက်တော်ကချီရန် တပ်ပေါင်း(၁၂)တပ် ဖြစ်၏။ ထိုတပ် စုစုပေါင်း (၂၅)တပ်တွင် မြင်းတပ် (၈)တပ် ပါဝင်သည်။
တပ်အားလုံးကို စီရင်ပြီးသောအခါ ယိုးဒယားသို့ ချီတော်မူရန် ကိစ္စပြီးစီးကြောင်း တင်လျှောက်လေရာ ဘုရင်တပင်ရွှေထီးသည် သက္ကရာဇ် (၉၀၁)ခု၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့တွင် ဟံသာဝတီနေပြည်တော်မှ အောင်စည်အောင်မောင်းများတီးလျက် ကြီးကျယ်သောအင်အားတို့ဖြင့် ယိုးဒယားသို့ချီတော်မူသည်။

ချီတော်မူသောတပ်စဉ်များကား ဤသို့ဖြစ်သည်။ ရှေ့တော်ကြီး (၁၂)တပ်တွင် တိုက်ဆင် (၂၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင်ပြီး ဘုရင့်နောင်က အုပ်ချုပ်ကွပ်ကဲသည်။
ဘုရင်တပင်ရွှေထီးကိုယ်တော်တိုင် ပါတော်မူသော အလယ်တပ်မကြီးတွင် တိုက်ဆင်(၈၀)၊ စစ်မြင်း(၂၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်ပြီး ရာဇသင်္ကြန်က အုပ်ချုပ်သည်။
နောက်တော်မှချီသည့် (၁၂)တပ်တွင် တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်ပြီး၊ ပြည်ဘုရင် သတိုးဓမ္မရာဇာက အုပ်ချုပ်သည်။

ဟံသာဝတီနေပြည်တော်တွင်မူ ဒလမြို့စား သီရိဇေယျနော်ရထာနှင့် မွန်အမတ်ကြီးဗညားက္ကုန္ဒတို့ကို ဗိုလ်ပါအလုံအလောက်နှင့် မြို့စောင့်ထားတော်မူသည်။
တပင်ရွှေထီး၏ဟံသာဝတီတပ်တော်များ ယိုးဒယားနိုင်ငံအယုဒ္ဓယမြို့တော်သို့ ပထမဆုံးအကြိမ်စစ်ချီရာလမ်းမှာ ဟံသာဝတီမှ မုတ္တမ၊ ထို့နောက် မော်လမြိုင်၊ မော်လမြိုင်မှ အထ္ထရံမြစ်ကြောင်းအတိုင်းချီ၍ ဘုရားသုံးဆူတောင်ကြားလမ်းကိုဖြတ်ကာ ကံပူရီ၊ ထိုကံပူရီမှ ယိုးဒယားဘုရင်စံရာ အယုဒ္ဓယမြို့တော်သို့ဖြစ်သည်။
မုတ္တမမှ မော်လမြိုင်သို့ အကူးတွင် သံလွင်မြစ်ကိုဖြတ်၍ကူးရန် လှေဖောင်တို့ကိုဆက်၍ အခိုင်အခံ့တံတားကြီးဆောက်သည်။ မော်လမြိုင်သို့ရောက်တော်မူသောအခါ ယိုးဒယားသို့ချီရန်အရေးကို မော်လမြိုင်မြို့စား ဗညားဦးနှင့် တိုင်ပင်တော်မူသည်။ ဗညားဦးက ခရီးကျွမ်းကျင်သောသူတို့ကို ရှေ့တော်သို့သွင်းစေပြီးလျှင် အယုဒ္ဓယသို့ အလျင်အမြန် တိုက်တော်မူရန်အတွက် ကံပူရီစခန်းသို့ ချီတော်မူရန်သင့်ကြောင်း လျှောက်တင်လေရာ တပင်ရွှေထီးက လက်ခံသဘောတူတော်မူပြီး မော်လမြိုင်မှ ကံပူရီမြို့သို့ ချီတော်မူသည်။

ကံပူရီမှ (၁၅)ရက်ခန့်ဆက်၍ချီသည်တွင် မြန်မာဘုရင်တပင်ရွှေထီး၏ တပ်မကြီး အယုဒ္ဓယသို့ ချီလာနေပြီဆိုသည့်သတင်းကို ယိုးဒယားဘုရင် ဗြသာဓိရာဇာ ကြားရလေသည်။
သို့ဖြင့် ယိုးဒယားဘုရင်သည် ဆင်၊ မြင်း၊ ဗိုလ်ပါ အလုံးအရင်းဖြင့် သားတော်၊ ညီတော်များ ပါဝင်လျက် ကိုယ်တိုင် မြန်မာတပ်များကိုတိုက်ရန် အယုဒ္ဓယမြို့တော်မှ ထွက်၍ကြိုစောင့်သည်။

ထိုသို့ ယိုးဒယားဘုရင်၏တပ်များ ဆီးကြိုနေကြောင်းကို တောသာ 'လဝလူရိုင်း' များက တပင်ရွှေထီးအား လျှောက်တင်လာကြလျှင် စစ်သုံးကြောင်းခွဲ၍ ယိုးဒယားတပ်ကိုတိုက်မှသင့်မည်ဟု ကြံစည်တော်မူပြီးလျှင် မိမိတပ်မှူးများကို ဤသို့မိန့်တော်မူသည်။
"ပြည်ဘုရင်သတိုးဓမ္မရာဇာ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၁၀၀၀) ဖြင့် အလယ်ကြောင်းချီ၍ ယိုးဒယားတို့ကို စစ်မြှူစေ။ ဘုရင့်နောင်က ရှေးနည်းအတိုင်း တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၁၀၀၀၀) ဖြင့် လက်ဝဲကြောင်းချီ၍ ယိုးဒယားတို့အလိုက်တွင် ဝင်၍တိုက်စေ။ ငါဘုရင်မူကား တပ်တော်များဖြင့် လက်ယာကြောင်းချီ၍ တိုက်တော်မူမည်"
မြန်မာတပ်တို့ချီလာကြရာ ယိုးဒယားတို့သည် အလယ်ကြောင်းချီလာသော မြန်မာမြင်းတပ်များကို မြင်လေလျှင် ဆင်မြင်းအလုံးနင်း၍ အတင်းနင်း၍ တိုက်ကြသည်။ မြန်မာမြင်းတပ်များက ဆုတ်ဟန်ပြု၍ပြေးလာသည်တွင် ယိုးဒယားတို့က တစ်ဟုန်တည်းလိုက်၍ တိုက်ကြတော့သည်။
ယိုးဒယားတို့ စစ်ကျွံလေလျှင် ဘုရင့်နောင်တို့က တောတွင်းမှထွက်လာကာ နောက်မှဝင်ပြီးလျှင် ယိုးဒယားတပ်များကို တိုက်သည်။ ဘုရင်တပင်ရွှေထီး၏လက်ယာကြောင်းကလည်း ထိုအခိုက်တွင် ဝင်လာပြီး ယိုးဒယားတပ်များကို အတင်းနင်း၍တိုက်ပြန်သည်။

ထိုအခါ ယိုးဒယားတို့မှာ စစ်သုံးဘက်ညှပ်တိုက်မိသည်နှင့် မြန်မာတပ်များကို မတိုက်နိုင်တော့ဘဲ ဖရိုဖရဲ အကွဲကွဲအပြားပြားဖြင့် တပ်များပျက်ကာ ပြေးကြရသည်။ တိုက်ပွဲမှာ 'ရာဇထိန်' အမည်ရှိသောအရပ်တွင် ပထမဆုံးတွေ့ဆုံတိုက်ရသော စစ်ပွဲဖြစ်ပြီး ယိုးဒယားတို့များစွာ သေကျေပျက်စီးကြသည်။ စစ်ပွဲတွင်ပါဝင်သည့် ယိုးဒယားဘုရင်၏ မိဖုရား ဆူရိယိုးထိုင်(ဆူရိယိုးဒယား)နှင့် သမီးတော်တစ်ပါးမှာလည်း ကျဆုံးသွားပြီး ယိုးဒယားဘုရင်၏ သားတော်နှင့်ညီတော်တို့ကိုလည်း မြန်မာတို့က အရှင်ဖမ်းမိလိုက်သည်။ ယိုဒယားဘုရင်မှာ စုရုံးမိသမျှသော ရဲမက်ဗိုလ်ပါများနှင့် အယုဒ္ဓယမြို့တော်သို့ အတင်းပြန်ဆုတ်သွားရသည်။ မြန်မာတို့က ဆင်မြင်းများနှင့် သုံ့ပန်းပေါင်းများစွာတို့ကို ရရှိသည်။
ယိုးဒယားဘုရင် ဆုတ်ခွာသွားရာသို့ မြန်မာစစ်ကြောင်း (၃)ကြောင်းစလုံးပင် နောက်မှ အပြင်းလိုက်သည်။ ဘုရင်တပင်ရွှေထီးသည် အယုဒ္ဓယမြို့တော်ကိုရောက်သည်နှင့်တပြိုင်နက် တပ်ကိုမချစေဘဲ မြို့ကိုတက်စေသည်။ သို့သော်မအောင်မြင်။ ယိုးဒယားတို့၏ အယုဒ္ဓယမြို့ရိုးမှာ အထူးမြင့်မားလှ၍ဖြစ်သည်။ မြို့တော်၏ပတ်ပတ်လည်တွင်လည်း ရေများက ဝိုင်းလျက်ရှိသည်။ မြို့ရိုးပြထိပ်မှ အစောင့်တပ်သား ပေါ်တူဂီများကလည်း အမြောက်၊ စိန်ပြောင်းတို့ဖြင့် အပြင်းအထန် ပစ်ခတ်နေကြသောကြောင့် မြို့ကို အဝေးမှသာ ရံ၍နေကြရသည်။

တစ်လခန့်ကြာသည့်တိုင် မြို့ကိုဝန်းရံပြီး လုပ်ကြံသော်လည်း မရသည့်အတွက် တပင်ရွှေထီးသည် ဘုရင့်နောင်နှင့် တပ်မှူးများကိုခေါ်၍ တိုင်ပင်တော်မူရာ ဘုရင့်နောင်က "ယခုမြို့ရင်းကိုတိုက်ခိုက်၍ မရနိုင်ဘဲ ရှိသည်မှာ ယိုးဒယားတို့၏ မြို့ရိုးကလည်း မြင့်၍လုံခြုံနေပါသည်။ မြို့တွင်းတွင် နိုင်ငံခြားသား လက်နက်ကိုင်တို့နှင့်တကွ ယိုးဒယားစစ်သည်များလည်း များပြားလှပါသည်။ စားရေးရက္ခာလည်း လုံလောက်နေကြဟန် ရှိပါသည်။ သို့ဖြစ်သည့်အတွက် မြို့ကိုဝန်းရံတိုက်ခိုက်နေခြင်းဖြင့် အကျိုးမဲ့ အချိန်မကုန်စေဘဲ မြို့ရင်းမှခွာ၍ မြို့ရံများကို တိုက်ရန်သင့်ပါသည်။ ကမန်ပိုက်မြို့၊ သောက္ကတဲမြို့၊ ပိဿာလောက်မြို့များကို ကျွန်တော်တို့အနေဖြင့် တိုက်ခိုက်သိမ်းပိုက်မိပါလျှင် ယိုးဒယားဘုရင်နှင့်တကွ ယိုးဒယားမြို့ အရှင့်လက်မှ လွတ်နိုင်မည်မဟုတ်ပါ" ဟု လျှောက်တင်သည်။

ဘုရင့်နောင်၏ လျှောက်တင်ချက်ကို တပင်ရွှေထီး လက်ခံတော်မူသဖြင့် နောက်တစ်နေ့နံနက်တွင် ရံတပ်များကိုနှုတ်၍ ကမန်ပိုက်သို့ ချီတော်မူသည်။

မြန်မာဘုရင်တပင်ရွှေထီးက တပ်ကိုနှုတ်၍ ကမန်ပိုက်သို့ ချီတော်မူသည်ကို ယိုးဒယားဘုရင်က အားလျော့၍ပြန်ပြီဟုထင်သည်။ ထို့ကြောင့်စစ်သုံးကြောင်းခွဲကာ အလုံးအရင်းဖြင့် တိုက်ရန် နောက်မှလိုက်သည်။
စစ်ကြောင်းသုံးကြောင်းမှာ ယိုးဒယားဘုရင်၏ညီတော် သြယာပိသလောက်နှင့် အောက်ဗျစက္ကိတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်၏သမက် သြယားလကွန်းအိမ်နှင့် သြယားရံတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်ကိုယ်တော်တိုင်က စစ်ကြောင်းတစ်ကြောင်းဖြစ်၏။
ယိုးဒယားတပ်များ နောက်မှတိုက်ရန်လိုက်လာကြောင်း ဘုရင်တပင်ရွှေထီး သိတော်မူလေလျှင် ကမန်ပိုက်သို့ ဆက်၍ ချီတော်မမူတော့ဘဲ ကြားရာအရပ်တွင်ပင် စစ်စခန်းချ၍ ရပ်သည်။ တပ်ချပြီးလျှင် စစ်ကြောင်းသုံးကြောင်းကို စီရင်တော်မူသည်။
"ဘုရင့်နောင်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် အလယ်ကြောင်းချီစေ။ မွန်အမတ်စောလကွန်းအိမ်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် လက်ဝဲကြောင်းချီစေ။ မွန်အမတ်ရဲသင်ရံက တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)ဖြင့် လက်ယာကြောင်းချီတက်စေ" ဟု အမိန့်တော်ချသည်။

ဘုရင်တပင်ရွှေထီးကိုယ်တော်တိုင်မူ အရပ် (၇)တောင်ရှိသော 'ဇေယျဒိသာ' ဆင်တော်ကိုစီးကာ ထိုးစစ်သုံးကြောင်းနောက်မှ ချီတော်မူသည်။ ထိုသို့ချီတော်မူရာ၌ 'ဇေယျဒိသာ' ဆင်တော်၏ ရှေ့ နောက် ဝဲ ယာ တို့မှ ဥရောပတိုက်သား အမှုတော်ထမ်း စစ်သည်(၃၀၀) တို့က သေနတ်ကိုယ်စီဖြင့် လိုက်ပါကြသည်။
ဘုရင့်တပ်တော်ကြီး၏ လက်ဝဲတွင် တောင်ငူဘုရင် မင်းရဲသီဟသူက 'နာဂဝရ' မည်သော ဆင်တော်ကိုစီးကာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၃၀၀၀)၊ စစ်သည်(၁၅၀၀၀) ဖြင့် လိုက်သည်။
လက်ယာတွင် ပြည်ဘုရင် သတိုးဓမ္မရာဇာက 'ရဲထွတ်မင်္ဂလာ'မည်သော ဆင်တော်ကိုစီးကာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၃၀၀၀)၊ စစ်သည်(၁၅၀၀၀)ဖြင့် လိုက်သည်။
နောက်တော်ကမူ မွန်တပ်မှူးသမိန်ဗြလမိုက်က 'ယမ်းကမန်' မည်သော ဆင်ကိုစီးကာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၃၀၀၀)၊ စစ်သည်(၁၅၀၀၀)နှင့် လိုက်ပါသည်။

တပင်ရွှေထီး စစ်ချီတော်မူ၍ (၁)ရက်တိုင်ခန့်ရောက်သည်တွင် ယိုးဒယားတို့ကို ကိုယ်တော်တိုင်တိုက်လိုသောဆန္ဒတော်ကြောင့် မြင်းတပ်ဗိုလ်ဖြစ်သည့် ရဲယော်ဓာကို ခေါ်တော်မူကာ "ငါ၏ယောက်ဖတော်တပ်သို့ မြင်းကိုစိုင်း၍သွားလေ။ ရောက်လျှင် ယိုးဒယားတို့ကိုမတိုက်နှင့်ဦး၊ ငါ့ကိုငံ့ဦး၊ ငါရောက်တော်မူမှ ကိုယ်တော်တိုင်တိုက်တော်မူမည်။ ဤကဲံ့သို့ အမိန့်တော်ပြန်ချေ" ဟု မိန့်ကာ စေလွှတ်တော်မူလိုက်သည်။

ရဲံယော်ဓာသည် မြင်းကိုအပြေးစိုင်းနှင်ပြီးလျှင် ဘုရင့်နောင်နာခံရန် အမိန့်တော်ကိုပြန်၏။ ဘုရင့်နောင်သည် အမိန့်တော်ကိုနာခံပြီးနောက် ရှေ့စခန်းသို့ချီရာ ရေအင်းကြီးကိုတွေ့သဖြင့် တိုက်ဆင်များကို အင်အားပြည့်စေရန် ရေစိမ်၍နေစေ၏။ မြင်းတပ်ကိုမူ ရှေ့သို့ချီစေ၏။
မြင်းတပ်သည် ယိုးဒယားတို့ချီလာသော စစ်ဦးစစ်ဖျားနှင့်တွေ့ကြသည်တွင် ကြေက်၍ပြေးသယောင်ဖြင့် နောက်ပြန်ဆုတ်လေရာ ယိုးဒယားတပ်တို့က မြန်မာမြင်းတပ်ကိုတိုက်ရန် နောက်မှအပြင်းလိုက်ကြသည်။
ယိုးဒယားတပ်များ အင်အားကြီးစွာဖြင့်လိုက်လာကြောင်း ဘုရင့်နောင် သိတော်မူလျှင် ရေစိမ်ထားသော ဆင်များကို ရေမှတက်စေသည်။ ထို့နောက် လက်အောက်ခံတပ်မှူးများနှင့် တကွ ဆင်စီးကြပြီးလျှင် ဘုရင်တပင်ရွှေထီး အမိန့်တော်ရှိသည့်အတိုင်း ဘုရင်တပင်ရွှေထီး၏တပ်တော်ကြီး အလာကိုစောင့်ဆိုင်းနေလေသည်။
ထိုစဉ် ယိုးဒယားတို့နှင့်တိုက်ရန်အတွက် ဘုရင့်နောင်က 'ဇေယျပလ္လင်' မည်သော ဆင်တော်ကြီးကို စီးတော်မူသည်။ ဘုရင်နောင်၏သားတော် အသက်(၁၃)နှစ်အရွယ်သာရှိသေးသည့် ဇေယျသီဟ (နောင်တွင် ဟံသာဝတီ၌ နန္ဒာဘုရင်ဖြစ်လာသူ) က ဘုရင့်နောင်စီးလာသော ဆင်၏နောက်မှ 'ရဲလုလင်'မည်သောဆင်ကို စီးသည်။ လက်ယာကြောင်းချီသော စောလကွန်းအိမ်က 'မဏိဇောကရက်'မည်သော ဆင်တော်ကိုစီးပြီး လက်ဝဲကြောင်းချီသော သမိန်ရဲသင်က 'ရွက်သနှိုက်နဲ'မည်သော ဆင်ကိုစီးသည်။
ယိုးဒယားတပ်များတဖြည်းဖြည်းနီး၍လာလေရာ "ဘုရင့်အမိန့်တော်အတိုင်း ယိုးဒယားတို့ကို ငါတို့က မတိုက်ဘဲနေလျှင် ငါတို့မြန်မာ သွေးနည်းသည်ဟု သင်းတို့က ထင်သွားကြလိမ့်မည်။ သူတို့က တိုက်၍ ငါတို့က မတိုက်လျှင် သူတို့က ပွဲရသွားလိမ့်မည်။ ဘုရင်မင်းမြတ်မှ ငါ့အား အပြစ်တော်တင်ကလည်း တင်စေတော့။ ကွပ်မျက်လိုလျှင်လည်း ကွပ်မျက်စေတော့၊ မြန်မာတို့ ဇာတိသွေးညံ့ဖျင်း၍ ရဲရင့်ခြင်းမရှိကြဟု ယိုးဒယားသားတို့ အထင်သေးသွားမည်ကို ငါ မခံလို" ဟု ဘုရင့်နောင် တွေးလိုက်ပြီးလျှင် မိမိလက်အောက်ခံ တပ်မှူးအားလုံးကို စစ်ဦးကင်းမှဓားဝင့်၍ နိမိတ်ပြလိုက်ကာ ယိုးဒယားတပ်များလာနေရာသို့ 'ဇေယျပလ္လင်' ဆင်တော်ကြီးကို ချွန်းဖွင့်ကာ တစ်ဟုန်တည်း လွှတ်တော်မူသည်။ ထိုစဉ် သားတော် ဇေယျသီဟလည်း 'ရဲလုလင်'ဆင်တော်ကို အတင်းလွှတ်သည်။
ဗိုလ်ဖြစ်ကြသော စစ်တောင်းစားမဟာကြီးက 'မာတင်ပြောင်မွန်'ဆင်ကိုစီး၍ လည်းကောင်း၊ သမိန်ဝရမ်းက 'ဇေယျသတ္တရု'ဆင်ကိုစီး၍ လည်းကောင်း၊ သမိန်အဲပရဲက 'စွယ်ပလ္လင်'ဆင်ကိုစီး၍ လည်းကောင်း ယိုးဒယားတပ်များရှိရာသို့ အဟုန်နှင်လွှတ်ကြလေ၏။

ထိုသို့ ဘုရင့်နောင်ကွပ်ကဲသော တပ်ကြီးတစ်ခုလုံး ယိုးဒယားတပ်များအတွင်းသို့ ဆင်များ၊ မြင်းများ အတင်းလွှတ်လျက် ရွပ်ရွပ်ချွံချွံ မတွန့်မဆုတ် တဟုန်တည်းတိုက်ကြလေသောအခါ ယိုးဒယားဘုရင်၏ သမက်တော် သြယားလကွန်းအိမ်၏တပ်ကြီးမှာ ဖရိုဖရဲ ဆုတ်ခွာရသည်။
တိုက်ကြရာတွင် သြယားလကွန်းအိမ်က အရပ်(၇)တောင်ရှိသော 'ဇေယျနုဘတ်'ဆင်တော်ကိုစီးကာ တိုက်လေရာ၊ ဘုရင့်နောင်က 'ဇေယျပလ္လင်' ဆင်ဖြင့်လိုက်၍တိုက်သည်။ ယိုးဒယားဆင် 'ဇေယျနုဘတ်'၏ အာခေါင်ကို 'ဇေယျပလ္လင်'၏ အစွယ်ထိုးမိသဖြင့် ရပ်တန့်ကာစိုက်၍နေသည်တွင် ဘုရင့်နောင်၏ သားတော် အသက်(၁၃)နှစ်အရွယ် ဇေယျသီဟက 'ရဲလုလင်'ဆင်ဖြင့် အတင်းဝင်၍တိုက်ပြန်ရာ ယိုးဒယားဆင်၏မုန်အိုးကို ထိုးမိပြန်သည်။ ယိုးဒယားဆင်'ဇေယျနုဘတ်'လည်း နာကျင်လွန်းသဖြင့် ကြောက်အားလန့်အားနှင့် မျက်နှာသုန်၍ ထွက်ပြေးလေသည်။
စစ်ပွဲအတွင်း ယိုးဒယားဘုရင်၏ညီတော် သြယားပိဿလောက်သည် အရပ်(၇)တောင်ရှိသော 'ကြို့စက္ကဝတ်'ဆင်တော်ကိုစီးကာ တိုက်လေရာ၊ စောလကွန်းအိမ်က 'မဏိဇော့ကရတ်' ဆင်ကိုစီး၍ ဗိုလ်ရံများဖြင့်တိုက်သည်။ ထိုအခါ သြယားပိဿလောက်လည်း မခံနိုင်ဘဲ နောက်သို့ဆုတ်ပြေးရသည်။
အောက်ဗြစက္ကိအမည်ရှိသော ယိုးဒယားအမတ်က'ရွတ်တပိတုံ'မည်သောဆင်ကိုစီး၍ တိုက်လေရာ၊ ရဲသင်ရံက 'ရွတ်သနိုက်'မည်သော ဆင်ဖြင့်တိုက်သည်။ ယိုးဒယားအမတ်ရှုံးကာ စစ်ပွဲတွင်ကျဆုံးသည်။ သို့ဖြင့် ယိုးဒယားတို့ချီလာသော စစ်သုံးကြောင်းစလုံး ပျက်စီးပြီး ယိုးဒယားတို့ တပ်ပျက်၍ ဆုတ်ပြေးကြရသည်။
ယိုးဒယားတပ်များပျက်သည်တွင် ယိုးဒယားဘုရင်၏သမက်တော် သြယားလကွန်းအိမ်သည် 'ဇေယျနုဘတ်'ဆင်ကို စီး၍ပြေးရာ ရေအင်းကြီးတစ်ခုကိုတွေ့လေသည်။ ဆင်မှာ ပင်ပန်းလှသဖြင့် ချွန်းချိတ်၍မရဘဲ ရေအင်းထဲသို့အတင်းဆင်း၍ ရေစိမ်နေလေသည်။ မြန်မာတပ်များကမြင်၍ ရေအင်းကြီးကို ဝိုင်းကြရာ ယိုးဒယားဘုရင်၏သမက်တော် ဆင်ပေါ်ကဆင်း၍ ပြေးမည်အပြုတွင် ဆင်နှင့်တကွ လက်ရဖမ်းမိလေသည်။

ယိုးဒယားဘုရင်၏ညီတော် သြယားပိဿလောက်သည် မိမိစီးသောဆင်မှဆင်း၍ မြင်းဖြင့် ထွက်ပြေးသွားသဖြင့် စီးသောဆင်'ကြို့စက္ကဝတ်'ကိုသာ မြန်မာတို့က ရရှိလိုက်သည်။ နောက်မှချီလာသည့် ယိုးဒယားဘုရင်မှာလည်း မိမိတပ်များ အရေးနိမ့်ကြောင်း သိရသည်တွင် ရှေ့သို့မဆက်ဝံ့တော့ဘဲ တပ်ကိုပြန်ဆုတ်ကာ အယုဒ္ဓယမြို့တော်သို့ ပြန်ပြေးသည်။
ထိုစစ်ပွဲကား မြန်မာနှင့်ယိုးဒယားတို့၏ ပထမဆုံးစစ်ပွဲဖြစ်၏။ မြန်မာတို့၏စွမ်းရည်နှင့် ဇာတိသွေးကို အထင်အရှား ပြတ်ပြတ်သားသား ပြသနိုင်ခဲ့သောစစ်ပွဲလည်း ဖြစ်၏။ ထိုစစ်ပွဲတွင် ယိုးဒယားတို့ထံမှ ဆင်၊ မြင်း၊ သုံ့ပန်းနှင့် လက်နက်များစွာတို့ကိုလည်း ရရှိလိုက်သည်။

တပင်ရွှေထီးသည် ယိုးဒယားတို့ကို ကိုယ်တော်တိုင်တိုက်ရန် အပြင်းချီလာတော်မူတော်လည်း စစ်ပွဲကိုမှီတော်မမူ။ ဘုရင့်နောင်တပ်ရှိရာသို့ရောက်လျှင် ဘုရင့်နောင်က ယိုးဒယားတို့ထံမှရသည့် မှူးမတ်၊ ဆင်မြင်း၊ လက်နက်တို့နှင့် သုံ့ပန်းတို့ကို ဆက်သသည်။
တပင်ရွှေထီးက ဘုရင့်နောင်အား ...
"ရန်သူကိုတွေ့လျှင် မတိုက်နှင့်၊ င့ါကိုငံ့ဦး၊ ငါရောက်မှ တိုက်တော်မူမည်ဟူ၍ ရဲယော်ဓာကို စေခဲ့သည်။ ဘယ်သို့သော အကြောင်းကြောင့် ငါ့ပွဲတော်ကိုဖျက်သနည်း" ဟု မိန့်တော်မူသည်။
ဘုရင့်နောင်က ...
"အမိန့်တော်အတိုင်း ကျွန်တော်တို့ဆင်မြင်းဗိုလ်ပါစီစဉ်၍ စစ်အင်ကျင်းပြီးလျှင် အရှင့်အလာကိုငံ့၍နေစဉ် ယိုးဒယားတို့က စစ်သုံးကြောင်းခွဲ၍ ကျွန်တော့်တပ်ရှိရာသို့ အတင်းချီလာကြပါသည်။ အမိန့်တော်အတိုင်း မတိုက်ဘဲနေပါလျှင် ယိုးဒယားတို့က ရဲသွေးမရှိ၊ သတ္တိညံ့ဖျင်းသည်ဟု ထင်ကြပါလိမ့်မည်။ ပွဲကို သူတို့ရသွားမည်ဖြစ်သည့်အတွက် ကျွန်တော်တို့မှာ နောင်အစဉ် အမည်ပျက်ရန်ပင်ဖြစ်ပါသည်။ သူရဲကောင်းတို့သဘောမှာ စစ်ချင်းဆိုင်လျှင် အနိုင်တိုက်ရန်ကိုသာ အရေးကြီးစွာအားထုတ်ရစမြဲဖြစ်ပါသည်။ ထိုသို့ မျှော်ထောက်စဉ်းစားမိသည်နှင့် ငါ့အရှင်မှ ငါ့အား ကွပ်လိုကကွပ်စေတော့၊ အောင်ပွဲရ၍သေခြင်းက ပို၍မြတ်သည်ဟု နှလုံးပိုက်လျက် ယိုးဒယားတို့ကို တိုက်ပါသည်။ အရှင့်အမိန့်တော်ကို လွန်ဆန်မှုကြောင့် သတ်တော်မူလိုပါလျှင်လည်း သတ်တော်မူပါ" ဟု ရဲဝံ့စွာတင်လျှောက်သည်။

ဘုရင့်နောင်၏တင်လျှောက်ချက်ကို ကြားတော်မူလျှင် တပင်ရွှေထီးသည် အမျက်တော်ပြေကာ "ငါ့အမိန့်တော်ကိုလွန်ဆန်သည်ကား မှန်၏။ သို့သော် အရေးတော် မလစ်မလပ် စစ်ရေးလှသည့်အတွက် ငါအပြစ်တော်မတင်တော့ပြီ" ဟု မိန့်တော်မူပြီးလျှင် ပွဲအောင်သည့်အတွက် မှူးမတ်ဗိုလ်ပါအလယ်တွင် ဘုရင့်နောင်ကို ရဲဆုအဖြစ် ဆုလာဘ်များ ပေးသနားတော်မူသည်။
ပေးတော်မူသောဆုလာဘ်များမှာ ပတ္တမြားစီသော ဦးပေါင်းသင်းကျစ်၊ ပတ္တမြားသုံးရစ်စီကွမ်းခွက်၊ ပတ္တမြားစီလက်ဖက်အိုး၊ ပတ္တမြားစီတကောင်းပုံး၊ ရွှေချက်လေးစင်း၊ ဝတ်တော်မူသော ဒုယင်တပ်သော ကတ္တီပါဝတ်လုံ၊ လက်တော်နှစ်ဘက်တွင် ဝတ်တော်မူသော ပတ္တမြားလက်ကောက်၊ ပတ္တမြားလက်စွပ်၊ သဉ္ဇာလီကနှင့်တကွ စီးတော်မူသောဆင်တော် 'နာဂါဝရ'၊ ရွှေကနှင့်စီးတော်မူသော မြင်းတို့ဖြစ်၏။
ဘုရင့်နောင်၏သားတော် ဇေယျသီဟကိုလည်း "သက်တော်(၁၃)နှစ်အရွယ်မျှဖြင့် ခမည်းတော်ကိုဆင်ကူ၍တိုက်သောကြောင့် သြယားလကွန်းအိမ်ကို အောင်မြင်ပေသည်" ဟူ၍ ကျေနပ်အားရတော်မူသောကြောင့် "မင်းရဲကျော်စွာ"ဘွဲ့အမည်နှင့် ရွှေကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းပုံး၊ မိုးကြိုးထွေးခံ၊ ရွှေချက်တင်စင်း၊ ပေါင်းဝန်းရွှေခွက်တို့ကို ပေးတော်မူသည်။ ထို့အတူ ပွဲရသူ သူရဲကောင်းတို့ကိုလည်း ထိုက်သင့်သလို ဆုလာဘ်နှင့်ဘွဲ့မည်များကို ပေးသနားတော်မူသည်။ ထို့နောက်ဘုရင့်နောင်ဆက်သသော ပွဲရဆင်မြင်း၊ လက်နက်နှင့်သုံ့ပန်းတို့ကို ယူတော်မူသည်။

တပင်ရွှေထီးသည် ဆက်လက်လုပ်ဆောင်ရမည့် အရေးကိစ္စနှင့်ပတ်သက်၍ မှူးမတ်သေနာပတိတို့အား ....
"ယခု ယိုးဒယားကချီလာသော စစ်သုံးကြောင်းကို အလိုတော်ပြည့်ပြီ။ ဆက်၍ အယုဒ္ဓယမြို့ကို ပြန်၍လုပ်ကြံတော်မူရလျှင် သင့်မည်လော။ သို့တည်းမဟုတ် ကမန်ပိုက်၊ ပိသလောက်၊ သောက်ကတဲ ယိုးဒယားမြို့များကို တိုက်၍ယူရသော် သင့်မည်လော" ဟု တိုင်ပင်တော်မူသည်။
စစ်တောင်းစားမဟာကြီးက ...
"ယခင် ကျွန်တော်တို့ချီလာစဉ်က ရာဇထိန်အရပ်တွင်ဆီးကြို၍တိုက်သောတပ်များကိုနိုင်သည်က တစ်ကြိမ်၊ ယခုနိုင်သည်က တစ်ကြိမ်၊ နှစ်ကြိမ်တိုင် အောင်ပွဲရလိုက်ပြီဖြစ်ပါသည်။ ယိုးဒယားဘုရင်၏ သားသမက်၊ ညီမှစ၍ သုံ့ပန်းဆင်မြင်းများကိုလည်း ကျွန်တော်တို့က ရရှိပါပြီ။ ယိုးဒယားဘုရင်မှာလည်း တိုက်ရန်မဝံ့တော့ဘဲ ကိုယ်လွတ်ရုန်းပြေးသဖြင့်သာ အရှင့်လက်တော်မှ လွတ်သွားရပါသည်။ ယိုးဒယားဘုရင်မှစ၍ အယုဒ္ဓယတစ်မြို့လုံးလဲ ထိပ်ထက်သွေးကို သောက်လတ္တံ့သကဲ့သို့ အလွန်ကြောက်ရွံ့ခြင်းပြင်းစွာ ဖြစ်နေပါပြီ။ ယခုအခါ ယိုးဒယားမြို့တိုင်အောင် ချီတော်မူ၍ လုပ်ကြံတော်မူသည် ရှိသော် အလွယ်သာရတော်မူမည်ထင်ပါသည်" ဟု နားတော်လျှောက် သည်ကို စောလကွန်းအိမ်နှင့် ရဲသင်ရံတို့ကလည်း "စစ်တောင်းစားမဟာကြီး လျှောက်သည်မှာ သင့်မြတ်လှပါသည်" ဟု သဘောစိတ်ညီ ထောက်ခံလျှောက်တင်ကြသည်။

ပြည်မင်းသတိုးဓမ္မရာဇာကလည်း ...
"ကျွန်တော်တို့လျှောက်သောအရေးသည် စစ်ရေးရှိသည် မှန်ပါသည်။ သို့သော် ယိုးဒယားမြို့သည် တစ်ပါးမြို့ကဲ့သို့မဟုတ်။ ချောင်းပတ်ရေဝန်းရှိနေပါသည်။ မြို့သည်လည်း ခိုင်ခံလှပြီး အမြောက်ကြီး မြတပူတို့သည်လည်း များပါသည်။ ရဲမက်ဗိုလ်ပါ ဆင်လုံး မြင်းရင်းလည်း များသည်။ မြစ်မှာလည်း ကုလားပန်းသေးတို့ သင်္ဘောနှင့်ဆီးကာ၍နေသည်။ ရှေးအထက်ကလည်း ထို့မြို့ကို တစ်ရံတစ်ဆစ်မျှ မဖျက်ဆီးဘူးလေဖြစ်သည်။ သူ့မြို့ကို အခိုင်ပြု၍ခံနေချိမ့်မည်။ မြို့ကိုအလျင်တိုက်၍ မရလျှင် တပ်တည်၍ ပြလက်ရုံးဆောက်စေ၍ ကြိုးစားအားထုတ် လုပ်ကြံတော်မူရလိမ့်မည်။ ယင်းသို့ရှိက အရေးတော်ကြာပါလိမ့်မည်။ အရေးကြာလျှင် ရဲမက်ဗိုလ်ပါများသည်နှင့် ရိက္ခာမျိုးစေ့ ဆွံ့ရှားချိမ့်မည်။ သည်တစ်ကြိမ်မှ စစ်သည်များလည်း ပန်းပြီဖြစ်၍ နေပြည်တော်သို့ ပြန်တော်မူကာ အညာတစ်လွှား၌ရှိသော အင်းဝ၊ စစ်ကိုင်း စသောမြို့များကို ကိုယ်တော်ချီတော်မူ၍ ဦးစွာသိမ်းယူတော်မူသင့်ပါသည်။ ယင်းသို့မှ မွန်၊ မြန်မာ၊ ရှမ်း၊ လက်နက်နိုင်ငံတော်ဖြစ်မှ တစ်ကြိမ်ချီတော်မူရလျှင် ယိုးဒယားမြို့မှာ အရှင့်လက်တော်က မလွတ်နိုင်ပါပြီ" ဟု နားတော်လျှောက်၏။

တစ်ဖန် နန္ဒသင်္ကြန်က ....
"ယိုးဒယားဘုရင်မှာ ကြောက်လန့်စိုးရွံ့နေပါပြီ။ သားသမက်ညီနှင့်တကွ မှူးကောင်းမတ်ကောင်း၊ ဆင်ကောင်းမြင်းကောင်းများကို ကျွန်တော်တို့ရခဲ့ပြီဖြစ်သောကြောင့် ယိုးဒယားဘုရင် တင်းမာနိုင်တောမည်မဟုတ်ပါ။ ကျွန်တော့်အမြင်ယိုးဒယားဘုရင်မှ ချေငံသာယာစွာ နှိမ့်ချသောစကားဖြင့် နားတော်လျှောက်လာလိမ့်မည်ဟု ထင်ပါသည်။ ယခုကား စစ်ချိန်ကာလရှိသေးသည်။ သို့ပါ၍ ကမန်ပိုက်၊ သောကတဲ၊ ပိသလောက်၊ ယိုးဒယားမြို့များကို ချီတော်မူ၍ လုပ်ကြံတော်မူသင့်ပါသည်။ ယိုးဒယားဘုရင်၊ သား၊ သမက်၊ ညီတို့မျှ မခံနိုင်၍ ရှုံးလေပြီးသည်ကို ယင်းမြို့စားတို့ ခံဝံ့မည်လော။ သင်းတို့မခံဝံ့၍ မြို့ကိုရတော်မူလျှင် သင့်တင့်သော အမှူးအမတ်တို့ကို အလုံးအရင်းနှင့်အခိုင်အလုံနေစေ၍ မျိုးရိက္ခာများအောင် သည်တစ်မိုးတွင်းကို လယ်လုပ်စီမံမည်။ ကမန်ပိုက်တွင်လည်း ရိက္ခာတင်စရာ လှေပြုရမည်။ ယင်းသို့စီရင်တော်မူပြီးမှပြန်တော်မူ၍ တစ်ကြိမ်ချီတော်မူမည်ဆိုလျှင် အယုဒ္ဓယမြို့သည် အရှင့်လက်က မလွတ်နိုင်ပါပြီ" ဟု လျှောက်တင်သည်။

ဘုရင့်နောင်သည် နန္ဒသင်္ကြန်လျှောက်တင်ချက်ကို သဘောတူကြိုက်တော်မူသည်။ ဘုရင်တပင်ရွှေထီးသည်လည်း နန္ဒသင်္ကြန်လျှောက်တင်ချက်ကို သင့်လှပေသည်ဟု မိန့်တော်မူပြီး ကမန်ပိုက်ကို သိမ်းယူရန် ချီတော်မူသည်။ ကမန်ပိုက်စားသည် မြန်မာဘုရင် တပင်ရွှေထီးကိုယ်တော်တိုင် ချီလာပြီဟု ကြားရလျှင် မြို့ကိုထားကာ အလုံးအရင်းနှင့် တောသို့ ပြေးလေသည်။
တပင်ရွှေထီးသည် ကမန်ပိုက်ကိုရသည်နှင့် ဆက်၍ သောကတဲ၊ ပိသလောက်မြို့များကို သိမ်းယူရန် စီစဉ်တော်မူစဉ် ယိုးဒယားဘုရင်ထံမှ သာယာချေငံစွာသော လျှောက်စာ၊ လက်ဆောင်တော်များနှင့် ယိုးဒယားသံနှစ်ဦး ရောက်ရှိလာသည်။ ယိုးဒယားဘုရင် သံစေ၍ လျှောက်လာသည်က ....
"ယိုးဒယားဘုရင် ဗြသာဓိရာဇာ သံတော်ဦးတင်ဝံ့ပါသည်။ ဘဝရှင်မင်းတရား ချီတော်မူလာသည်ကြား၍ ဆင်စီးချင်းတိုက်မှသင့်မည်ဟူသောအကြံနှင့် ဆင်မြင်းဗိုလ်ပါ ဖြည့်တင်း၍ အသင့်ကြိုနေရာ ဘုန်းကြီးသည့်အရှင်နှင့် စီးချင်းမတိုက်ဝံ့သောကြောင့် သား၊ သမက်၊ ညီများကိုသာတိုက်စေရာ မခံနိုင်ဘဲ ပျက်စီးရပြန်ပါသည်။ ဘုန်းကြီးလှသော ဘဝရှင်ဘုရားက သနားတော်မူပါသဖြင့် ကျွန်ုပ်၏ သား၊ သမက်၊ ညီတို့ကို လွှတ်တော်မူပါ။ ကျွန်ုပ်သည် အရှင့်သစ္စာတော်ကို ခံ၍ နှစ်တိုင်းနှစ်တိုင်း တိုက်ဆင်အစီးသုံးဆယ်၊ ငွေတော်ပိဿာသုံးရာနှင့်တကွ တနင်္သာရီ သင်္ဘောဆိပ်ခွန်များကို ဆက်သပါမည်။ ယခုလည်း 'ဗြတ်ကြီး' 'ဗြတ်ငယ်' မည်သော တိုက်ဆင်ကြီးနှစ်စီးကို လက်ဆောင်ဆက်သပါသည်" ဟူ၍ဖြစ်သည်။
ယိုးဒယားဘုရင်၏ လျှောက်စာကို ကြားတော်မူရသည်တွင် မြန်မာဘုရင်တပင်ရွှေထီး၏ စိတ်နှလုံးတော်မှာ ပျော့ပြောင်းခြင်းသို့ ရောက်၍သွားသည်။ သောကတဲ၊ ပိ


Credit - Tin Maung Hlaing
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here