ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

သင်္ကန်း​ဟောင်းကို ပြန်​သုံးသင့်​ .. မသုံးသင့်



သင်္ကန်းဟောင်း , သင်္ကန်းစုတ်ကို လက်နှီးစုတ်နှင့် ကြမ်းတိုက်အဝတ် ပြုလုပ်၍ ဝေယျာဝစ္စ. ဆောင်ရွက်သူများ သတိထား ဆင်ခြင်ဖွယ်
~~~~~~~*****~~~~~~~

ကျောင်းတိုက်တော်တော်များများမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာကား
အခြားမဟုတ် ဝေယျာဝစ္စပြုလုပ်သူများနှင့် ဥပုသ်သည်များသည် ကျောင်းဝေယျာဝစ္စ ပြုလုပ်ကြရာဝယ် အလွယ်တကူတွေ့ရသည့် ရဟန်း,သာမဏေတို့၏ ဟောင်းနွမ်းနေသည့်သင်္ကန်းကို လက်နှီးစုတ်ပြုလုပ်ခြင်း, ကြမ်းတိုက်အဝတ် ပြုလုပ်ခြင်းများပင် ဖြစ်ပေ၏။

ဘုရားရှင်ရဲ့. အသုံးအဆောင်ဖြစ်တဲ့ သင်္ကန်း သပိတ်စတဲ့ ပရိက္ခရာ တွေဟာ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့ရဲ့ ကိုးကွယ်ရာ ပရိဘောဂစေတီ ထိုက်ပါတယ်။ စေတီဆိုတာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်ခြင်းကို ခံထိုက်ပါတယ်။ ပူဇော်သူကို လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် စေတီထိုက်သော အရာဝတ္ထုကို မရိုမသေ, မလေးမစား မပြုသင့်ပါဘူး။ မလေးမစား ပြုမူတာကို မဆိုထားနှင့် ဓာတုစေတီဖြစ်တဲ့ ဓာတ်တော်ကို အပြစ်ဆိုမိရုံနှင့် အပါယ်လားကြောင်း ပေတဝတ္ထုမှာ အတိအလင်း ဆိုထားတာ ရှိပါတယ်။

ဘုရာရှင်ရဲ့. အသုံးအဆောင် မှန်သမျှဟာ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက်သလို၊ ရဟန်းသံဃာတော်တို့ရဲ့. အသုံးအဆောင် မှန်သမျှဟာလည်း လူသားများအတွက် စေတီထိုက်ပါတယ်။ ရဟန်းတော်တို့ရဲ့. သင်္ကန်းစုတ်ရယ်လို့ မရိုမသေ, မလေးမစား မပြုသင့်ဘူး။ သင်္ကန်းဟောင်း,သင်္ကန်းစုတ်ဖြစ်သော်လည်း သင်္ကန်းကို ရိုသေလျှင် သံဃာကိုရိုသေရာ ရောက်ပါတယ်။ ဒါကြောင့် သင်္ကန်းကို ရိုသေရမယ်။
ဒီအကြောင်းကို ထေရဂါထာအပါဒါန် ဂေါသာလမထေရ်ဝတ္ထုမှာ ဟောထားတယ်။ လွန်ခဲ့တဲ့ (၉၁ )ကမ္ဘာထက်က ဥဒင်္ဂဏဆိုတဲ့ တောင်ယံမှာ ရှင်ပစ္စေကဗုဒ္ဓါတစ်ပါး သီတင်းသုံးနေတော်မူပါတယ်။ တစ်နေ့မှာ ရှင်ပစ္စေကဗုဒ္ဓါရဲ့. သင်္ကန်းတော်ဟာ ဝတ်လို့မရနိုင်လောက်အောင် စုတ်ပြတ်ဟောင်းနွမ်းနေတဲ့အတွက် သင်္ကန်းကို အမှတ်မထားပဲ သွားသည့်သူများနှင့် လူမိုက်များ မနင်းမိအောင် သစ်ပင်တစ်ပင်ရဲ့. အကိုင်းပေါ် တင်ထားပါတယ်။

အမျိုးကောင်းသားတစ်ဦးဟာ ကိစ္စတစ်ခုနှင့် တောထဲသို့လာစဉ် သစ်ကိုင်းတစ်ခုပေါ်မှာ ချိတ်ဆွဲထားတဲ့ သင်္ကန်းစုတ်ကြီးကို မြင်တဲ့အခါ ဤသင်္ကန်းဟာ ရဟန်းတော်များဝတ်ဆင်ပြီး ကိလေသာအညစ်အကြေးများကို ကင်းစင်အောင် ဆေးလျှော်တော်မူကြတယ်။ သင်္ကန်းဆိုတာ ရဟန်းတို့ရဲ့. အောင်လံ ဖြစ်သလို အရဟတ္တဖိုလ်ရဲ့. တံခွန်လည်းဖြစ်တယ်။ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ဦးခိုက်ပူဇော်ထိုက်တဲ့ အဝတ်မျိုးလည်း ဖြစ်ပါတယ်။

ဒီသင်္ကန်းကို ငါဘာဖြင့် ပူဇော်ရင် ကောင်းမလဲလို့ ဟိုဟိုသည်သည် ကြည့်လိုက်တဲ့အခါ နီနီရဲရဲ ပွင့်နေတဲ့ ပန်းဆွဲလွဲလို့ အမည်ရတဲ့ပန်းတွေကို မြင်ရတဲ့အခါ ဝမ်းမြောက်ဝမ်းသာစွာ ပန်းသုံးခိုင်ဆွတ်ခူးပြီး သင်္ကန်းပေါ်ကို တင်လှူပူဇော်ခဲ့တယ်။ ပြီးတော့ ရိုသေစွာ ရှိခိုးဦးချခဲ့တယ်။

ဒီကောင်းမှုကြောင့် ကွယ်လွန်တော့ တာဝတိံသာ နတ်ပြည်မှာ နတ်သား ဖြစ်ရတယ်။ နတ်ဘဝက စုတေတော့ (၉၁ )ကမ္ဘာပတ်လုံး အပါယ်လေးပါးကို တစ်ကြိမ်တစ်ခါမျှ မလားခဲ့ရဘူး။

စွန့်ပစ်ထားတဲ့သင်္ကန်းကို ပူဇော်တဲ့ကောင်းမှုကြောင့် အပါယ်ဘေးက ကင်းဝေးပြီး အခု ဂေါတမဘုရားလက်ထက်မှာ ချမ်းသာကြွယ်ဝတဲ့ အမျိုးမှာ ဂေါသာလလို့ အမည်ရပြီးတစ်ကုဋေတန် နားဋောင်းကို ဝတ်ဆင်နိုင်တဲ့သူ ဖြစ်ခဲ့ရတယ်။ သောဏကောဋိကဏ္ဏ သူဋ္ဌေးသားနှင့်သူငယ်ချင်းဖြစ်ကြတယ်။
အရွယ်ရောက်လာတော့ သောဏသူဌေးသား သင်္ကန်းဝတ်တော့ သူလဲ အားကျပြီး သင်္ကန်းဝတ်ခဲ့တယ်။

ရဟန်းပြုပြီး အခြားကို မသွားပဲ မယ်တော်ကြီး၏ဆွမ်းကို အမှီပြုပြီး ရဟန်းတရား အားထုတ်လိုက်တာ ရဟန္တာဖြစ်တော်မူတယ်။

ဒီဝတ္ထုကိုထောက်၍ သင်္ကန်းဆိုတာ စုတ်ပြတ်နေသော်လည်း လူသားများအတွက် ပရိဘောဂစေတီ ထိုက်နေသေးတယ်။ မထင်မဲ့မြင် မပြုကောင်းဘူး။ မရိုမသေ. မလုပ်ကောင်းဘူး။ မရိုမသေ ပြုလုပ်ခဲ့ပါလျှင် အပြစ်ဖြစ်တတ်တယ်။

ဒါကြောင့် သင်္ကန်းအဟောင်း,သင်္ကန်းအစုတ်များကို လူသားများအနေဖြင့် လက်သုတ်ပုဝါ, လက်နှီးသုတ်, ကြမ်းတိုက်အဝတ် မပြုလုပ်သင့်ကြောင်း စေတနာဖြင့် တင်ပြအပ်ပါတယ်။

( ကျောင်းမှာ ဝေယျာဝစ္စ ပြုလုပ်သူများ, ဥပုသ်သည်များ အဖြစ်များတတ် ပါသည်။ ကုသိုလ်ရဖို့ထက် အကုသိုလ်ရမှာ ဖြစ်သောကြောင့် ဆင်ခြင်ကြ စေလိုပါသည်။ )

Credit: original writer.


ဏှာဘူး(နှာဘူး)အကြောင်း သိကောင်းဖွယ်ရာ အဖြာဖြာ



သေချာတာက
ယောက်ျားတိုင်းလည်း ဏှာဘူးမဟုတ်သလို
ဏှာဘူးတိုင်းလည်း ယောက်ျားမဟုတ်ပါဘူး။

ဏှာဘူးတို့၏ အားသာချက်များ
၁- မျက်စိလျင်တယ်
၂- အကင်းပါးတယ်
၃- အထာနပ်တယ်
၎- သူများမမြင်တာ သူတို့မြင်တယ်
၅- စူးစမ်းလေ့လာမှု အားကောင်းတယ်
၆- အလှတရားတွေကို ရှာဖွေနိုင်တယ်
၇- ပရိယာယ်ကြွယ်ဝတယ်
၈- ယောက်ျားစစ်ကြောင်း ထင်ရှားတယ်

ဏှာဘူးတို့၏ အားနည်းချက်များ
၁- ကာမေသု မိစ္ဆာစာရာ ဆိုတဲ့ သီလကို ကျိုးပေါက်စေတယ်
၂- တစ်ဖက်သားရဲ့ဣနြေ္ဒကို ပျက်ပြားစေတယ်
၃- မိန်းကလေးတွေရဲ့ရွံကြောက်ကြီး ဖြစ်စေတယ်
၎- မိမိကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်
၅- လူမှုရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်
၆- အချိန်နဲ့ ငွေကို အလဟဿဖြစ်စေတယ်

ဏှာဘူးမှာ အဆင့် ၃ ဆင့် ရှိပါတယ်။
မနောကံမြောက်ဏှာဘူး
ဝစီကံမြောက်ဏှာဘူးနဲ့
ကာယကံမြောက်ဏှာဘူး ဆိုပြီးတော့ပါ။

မနောကံမြောက်ဏှာဘူး

မနောကံမြောက်ဏှာဘူးကတော့ ကမ္ဘာမှာ အပေါများဆုံးပါ။ အတော်များများ ထိန်းဖို့ မလွယ်ပါဘူး။ သူတို့က တစ်ဖက်သားကို သိပ်တော့ဒုက္ခမပေးပါဘူး။ သူတို့စိတ်ထဲသာ ပြစ်မှားချင်တိုင်း ပြစ်မှားနေတာပါ။ အပြင်ကိုထုတ်မပြလို့ သူတို့က အန္တရာယ်အကင်းဆုံးဏှာဘူး စာရင်းဝင်ပါတယ်။

ဝစီကံမြောက်ဏှာဘူး

ဝစီကံမြောက်ဏှာဘူးကတော့ အခြေအနေပေါ် မူတည်ပါတယ်။ စိတ်နဲ့တင် ပြစ်မှားတာ အားမရလို့ ပါးစပ်ကနေ ထုတ်ပြောပြီး ပြစ်မှားကြတာပါ။ တချို့က ကိုယ့်ယောက်ျားတွေ အချင်းချင်းပြောကြပြီး ပြစ်မှားကြတာပါ။ "ဟိုစော်ကို ကြည့်စမ်းပါဦးကွာ၊ သောက်ရမ်းမိုက်တယ် ဘာ ညာ" စသဖြင့်ပေါ့လေ။ ပြဿနာရှိတာက ကိုယ့်အချင်းချင်းပြောရုံတင် အားမရဘဲ ကာယကံရှင်ကိုပါသွားပြီး မထိတထိ ရိတိတိ သွားပြောကြတာပါ။ ဒါဆိုရင်တော့ ပြောတဲ့ အနေအထားပေါ်မူတည်ပြီး ပြဿနာကကြီးနိုင်ပါတယ်။

ကာယကံမြောက်ဏှာဘူး

ကာယကံမြောက်ဏှာဘူးကတော့ အန္တရာယ်အများဆုံး ဏှာဘူးမျိုးတွေပါ။ သူတို့ကို ကြည်ဖြူတဲ့သူကို ဏှာဘူးသွားထတာက သိပ်ပြဿနာမရှိပေမယ့် ဘယ်လိုမှ မပတ်သက်တဲ့သူတွေကို ဏှာဘူးသွားထပြီး ကာယကံမြောက်ကျူးလွန်ရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပါ။ ဒါမျိုးကိုတော့ ဏှာဘူးလို့ မခေါ်ဘဲ တဏှာရူးလို့ ခေါ်ရတော့မှာပါ။

ဒီနေရာမှာ
ဏှာဘူးနဲ့ တဏှာရူး မတူကြပုံက
စစ်သားနဲ့ အာဏာရှင်လို
အလုပ်သမားနဲ့ ဝန်ထမ်းလို
တာဝန်နဲ့ ဝတ္တရားလို
ဥပဒေနဲ့ ကျင့်ဝတ်လို
စည်းကမ်းနဲ့ နည်းလမ်းလိုပါပဲ

တဏှာရူးနဲ့ ဏှာဘူးက
တူမယောင်နဲ့ ကွဲပါတယ်
နီးမယောင်နဲ့ ဝေးပါတယ်

ဏှာဘူးဆိုတာမျိုးက ယောက်ျားအတော်များများမှာ တွေ့ရတတ်တဲ့ သဘာဝမျိုးပါ။ မနောကံနဲ့ ဝစီကံလောက်ကိုပဲ ချိုးဖောက်ကြတဲ့ ယောက်ျားမျိုးတွေပါ။ အဲ့ဒါမျိုးက ထိန်းနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် ထိန်းကြတဲ့သူ ရှားမယ် ထင်ပါတယ် (ကျွန်တော်အပါအဝင်ပေါ့ 😜)။ သူတို့က ငမ်းရုံလောက်ပါပဲ။

တဏှာရူးဆိုတာမျိုးကတော့ ကာယကံမြောက် ချိုးဖောက်ကြတဲ့သူတွေပါ။ သူတို့က ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလိုပါပဲ။ သူတို့က အန္တရာယ်များပါတယ်။ အခန့်မသင့်ရင် တရားဥပဒေနဲ့ ငြိစွန်းတတ်ပါတယ်။ တဏှာရူးကတော့ ဝေးဝေးကရှောင်တာကောင်းပါတယ်။

သေချာတာကတော့ ဏှာဘူးဖြစ်ဖြစ်၊ တဏှာရူးဖြစ်ဖြစ် ဘာမှမဘူးတာက အကောင်းဆုံးပါပဲ။ သို့သော်လည်း မဘူးရ မနေနိုင်လို့ ဘူးကြပြီဟေ့ဆိုရင်လည်း ကျွန်တော် စဉ်းစားလို့ရသမျှ ဏှာဘူးကောင်းကျင့်ဝတ်များကို မျှဝေပေးလိုက်ပါတယ်။ (လိုတာရှိရင် ထပ်ဖြည့်ပေးကြပါ)

ဏှာဘူးကောင်းကျင့်ဝတ်

၁- ဏှာဘူးထမယ်ဆိုရင် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပါ။
၂- ဏှာဘူးထမယ်ဆိုရင်တောင် မနောကံနှင့် အလွန်ဆုံး ဝစီကံလောက်အထိသာ ဘူးပါ။
၃- သူတစ်ပါး ဣနြေ္ဒပျက်ပြားအောင် မဘူးရပါ။
၎- ဘေးမှာ ပိုင်ရှင်ပါနေရင် မဘူးရပါ။
၅- အကြည့်၊ အပြော မရိုင်းရပါ။
၆- မသိမသာနှင့် မည်သူမျှ မရိပ်မိအောင်သာ ဘူးပါ။
၇- လူမှုရေးနှင့် ကျန်းမာရေးထိခိုက်အောင် မဘူးရပါ။
၈- ဏှာဘူးထဖို့ အချိန်နှင့် ငွေကို မဖြုန်းရပါ။
၉- ကာယကံမြောက် ဏှာဘူးထခြင်းကို မိမိ၏ ကာမပိုင်နှင့်သာ ကျင့်သုံးပါ။

အားလုံး အားလုံးသော မတစ်ထောင်သားများ ဏှာဘူးကောင်းများ ဖြစ်ကြဖို့ မျှော်လင့်မိပါတယ် (ကျွန်တော် အပါအဝင် 😜)။


Credit: Wai Phyo Maung (ဏှာဘူးသုတေသီတစ်ဦး 😜)


မိအေး နှစ်ခါနာ (ဟာသ ဖတ်စရာ)



အိမ်အကူ ကောင်မလေး မိအေး တဲ့ တောက ခေါ်လာတာ။ လူက အူ တူတူ အ တတ အိမ်သာ ဗိုလ်ထိုင်ပေါ် ဆောင့်ကြောင့် တက်ထိုင်တာ ကြွေအိုးထဲ ခြေချော် ကျလို့ ခြေကျင်းဝတ်ကြီး ရောင်နေတာ တပတ် လောက် ကြာတယ်။

‘အင်းအင်း’ ပါ ပြီးတော့လည်း ရေ မဆေးတတ်ဘူး၊ ရွံလို့တဲ့။တကယ့် ပြောင်းပြန်။တောမှာ တုန်းကလို တုတ်ခညောင်းနဲ့ ခြစ် ချရတာပဲ အားရသတဲ့။

အဲဒါလေ…စားပြီးသား ဝါးတူတွေ တွေ့ရင် သိမ်းထားပြီး၊ ရေဆေး ထက်ခြမ်း ခွဲထားတယ်။အလုံးလိုက် ကျတော့ ပြောင်ချောကြီးမို့လို့ သိပ်မပြောင်ဘူး တဲ့၊ နှစ်ချက် သုံးချက် ဆွဲနေရတာ အလုပ် ရှုပ်လို့ ဆိုပဲ။ထက်ခြမ်း ခွဲလိုက်တော့မှ စောင်းထက်ထက်လေးနဲ့ ခြစ်ချ၊ တစ်ချက်ပဲ တဲ့… ထွီ။

ဒါနဲ့…တစ်ရက်တော့ တစ်ရှုးလိပ် ဝယ်လာပြီး ပေးလိုက်တယ်… …

“ရော့… မိအေး” “ဘာရီးလဲ အာ့ဟာက”

“တွိုင်းလက်ပေပါ (toilet paper) လို့ ခေါ်တယ်”

“ဘာလုပ်ရတာလဲ အဲ့ တွိုင်းလပ် ပီပါကြီးက”

“အိမ်သာထဲ သုံးဖို့လေ၊ နင် ဝါးတူတွေ ထက်ခြမ်းခွဲ ခွဲနေတာ မြင်ရတာ ငါ အော့နှလုံး နာလွန်းလို့”

ဒါတောင် မသုံးပါဘူး လုပ်နေလို့ မနည်း နားချရတယ်။တောသူ တောင်သားဆိုတော့ ဖြစ်သလို နေတာ။တရက်…သူ့ အိမ်သာထဲ ဝင်ကြည့်တာ ကြွေအိုး အတွင်းထဲတွေ ဂျိုးကပ်ပြီး ညစ်ပတ် နေရောပဲ။ဒါနဲ့ ဈေးသွားရင်း ကြုံလို့ အိမ်သာအိုး ဆေးတဲ့ ပလပ်စတစ် ဘရပ် တစ်ခု ဝယ်လာပြီး သူ့ကို ခေါ်ပေး လိုက်တယ်…

“မိအေး… ရော့”

“အာ့ ဘာရီးလဲ”

“Toilet brush လေ အိမ်သာထဲ သုံးဖို့”

“ဘယ်လို သုံးရတာလဲ”

“ဒီ လက်ကိုင်နေရာက ကိုင် ညစ်ပတ်တဲ့ နေရာကို ဒီ အမျှင်လေးတွေနဲ့ ပွတ် ကြားလား”

“ဟုတ်ကဲ့…”… ဆိုပြီး ယူသွားတယ်။

ညနေ အလုပ်က အပြန် အိမ်ရောက်တော့ မိအေးက ဆီးပြောတယ်…

“ဟို တွိုင်းလပ်ဘလွတ် ဆိုတာကြီးက အဆင် မပြေပါဘူး”

” ဟင် ဘာလို့လဲ”

“နာတယ် တော့်”

“ဟဲ့ နင်ကဘယ်လို သုံးလို့လဲ”

“သိဘူးလေ… အင်းအင်းပါပြီး ဖင်ကို အဲ့ဒါနဲ့ ကိုင် ပွတ်လိုက်တာ ခု ဖင် ပတ်ချာလည် အစင်းကြောင်း တွေ ထင်ကုန်ပြီး လူမြင်လို့ မကောင်းတော့ ဘူး”

ကောင်းကြသေးရဲ့ လား အိမ်သာအိုး ဆေးဖို့ ဝယ်ပေးတာ သူက ဖင် ဆေးသတဲ့။

Credit:  သို၎ကန် – ပေါက်ကရ ၎


လူရွှင်တော်ကို Online မှာသွားပြီးဖွန်ကြောင်မိတဲ့ ကောင်မလေး



ကလေးမတစ်ယောက် chat box က​နေ
“ဦး… ​နေ​ကောင်းလား”
“​ကောင်းပါ့ဗျား”
“ဦးကို ခင်းချင်​လို့”
“ဟမ်​… ကျုပ်​ကိုခင်းရ​အောင်​ ဖျာမှတ်​​နေလို့လား”
“ခ်​ခ်​ ခင်​ချင်​တယ်​လို့​ပြောတာပါ၊ ရတယ်​မလား”
“ခင်လို့ ​ရပါတယ်​၊ ပိုက်​ဆံမ​ချေး ပီး​ရော”
“ဦးက ဘယ်မှာနေတာလဲ”
“အိမ်​မှာ”
“ဟုတ်​ဘူး​ရေ… ဘယ်​မြို့မှာလဲ ​မေးတာ”
“​အော်​… မန်း​လေးမှာ ​နေတာ”
“ဘာအလုပ် လုပ်​တာာလဲ”
“ဗိုက်တွေပြင်တယ်”
“ဒါဆို ဆရာဝန်ပေါ့”
“မဟုတ်ဘူး၊ သင်္ဘောဝမ်းကဗိုက်တွေကို ပြင်တာ လူဗိုက်မဟုတ်ဘူး”
“ဟွင့်…, ဦးက လူပျိုလား”
“ပြို ပြို ကျတာတော့ ၃ ခါရှိပြီ”
“အင်…, သဘောရော ကောင်းလားဟင်​”
“အင်း… ကောင်းပါတယ်၊ မညာတမ်း​ပြောရရင် ​မိန်းကေ​လး​​တွေအတွက်ဆို ​​​သဘော အတော်ကို ​ကောင်းတာပါ”
“ငင်… တမျိုးဂျီးပဲ​နော်​”
“​မွေးရာပါ ​ရောဂါ ဆိုပါ​တော့”
“ဦးရဲ့ မိသားစုအကြောင်း၊ ဦးအကြောင်း နည်းနည်းလောက် ပြောပြပါလား”
“ခများက လ၀က ကလား”
“ဟုတ်​ပါဘူး ဦးရဲ့ သိချင်​လို့ပါ”
“အင်း… ဦးက တစ်ဦးတည်းသောသား၊ ညီအကို သုံးယောက်ရှိတယ်​”
“အာ… ရှုပ်နေတာပဲ၊ ညီအကိုသုံးယောက်ရှိတာ ဘယ့်နှာလုပ်ပြီး တစ်ဦးတည်းသောသား ဖြစ်ရတာလဲ”
“အိုး … ကျန်တဲ့ နှစ်ယောက်က ဦး အဖော်ရအောင် မွေးစားလိုက်တာလေ”
“အင်း… ဆက်ပြော”
“ဦးတို့မိသားစုကို ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ လျှော့မတွက်နဲ့”
“ဟုတ်ကဲ့ ရှင့်”
“ဦးတို့က ပိုက်ဆံမရှိလို့ မွဲချင်ယောင် ဆောင်နေတာ၊ အချဉ်ဟုတ်ဘူး”
“ငင်… ဦးကလည်း၊ ပိုက်ဆံမရှိမှတော့ မွဲပြီပေါ့”
“ဟ… ပိုက်ဆံမရှိဘူးဆိုတာ ​ခေတ်​ကာလမ​ကောင်း​တော့ ဓားမြတိုက်မှာစိုးလို့ ငွေသားအနေနဲ့ မရှိတာ”
“အော်…”
“ဦးတို့ နေတာက တိုက်နဲ့ ဟိုင်းလက်ငါးချိတ်နဲ့”
“မဆိုးပါဘူး တိုက်နဲ့နေတာဆိုတော့ သူဌေးပေါ့”
“ဟုတ်ဘူး၊ အိမ်ရဲ့ထုတ်တန်းက နိမ့်နေတော့ နဖူးနဲ့ အထွက်လည်းတိုက် အဝင်လည်းတိုက် တိုက်​လို့”
“ဟွင့် အဟုတ်မှတ်လို့၊ ဒါပေမယ့် ဟိုင်းလက်ငါးချိတ်လေးရှိတယ်ဆို၊ တော်သေးတာပေါ့”
“မတော်နဲ့အုံး၊ ဟိုင်းလက်က ဘာလို့ ငါးချိတ်ဖြစ်ရတာလဲ သိလား”
“သိဘူး၊ ပြောပြ”
“ဦး ကားမောင်းပြီး ခြံထဲကထွက်တာ ခြံစည်းရိုးကို တစ်ခါချိတ်တယ်၊ အိမ်​​ရှေ့လမ်းမှာ နွားလှည်းကို တစ်ခါချိတ်တယ်၊ ရှေ့နားကျတော့ စက်ဘီးသမားနဲ့ တစ်ခါချိတ်တယ်၊ နောက် ရုံးတံခါးကို တစ်ခါချိတ်တယ်၊ နောက်ဆုံး တာလမ်းထွက်လိုက်တာ ကုန်ကားနဲ့ ချိတ်လိုက်တော့မှ ကိစ္စပြတ်တော့တယ်၊ အဲဒါ ငါးခါချိတ်လို့ ဟိုင်းလက်ငါးချိတ်”
“မှတ်သားဖွယ် ကောင်းပ့ါ”
“စာရိတ္တကတော့ ရွာမှာတုန်းက ထန်းရေလေး တခါတလေသောက်တယ်”
“တခါတလေဆိုတော့ မဆိုးပါဘူး”
“ဟုတ်တယ်၊ ထန်းရေ မသောက်ရတဲ့ရက်ကျတော့ အရက်ပဲ သောက်တော့တယ်”
“ရွှမ်…”
“မူးလာရင်၊ အဆင့်မြင့်မြင့် ရန်ဖြစ်တယ်”
“ရန်ဖြစ်တာတောင် အဆင့်မြင့်ရသေးတယ်၊ ဘယ်လိုမြင့်တာလဲ”
“ရန်ဖြစ်ရင် အိမ်​​ခေါင်​ပေါ်တက်တက်ဆဲတာလေ”
“ဘာလို့ အောက်မှာ မဆဲတာလဲ”
“အိမ်​​ခေါင်ေ​ပ်ါတက်ဆဲ​တော့ ကိုယ်​ဆဲတာ တရပ်​လုံးကြားတဲ့အပြင်​၊ ကိုယ့်​ရိုက်​ချင်​လည်း လက်​လှမ်းမမီ​အောင်​လို့”
“ဘုရား ဘုရား”
“ခင်ချင်သေးလား ဦးနဲ့”
“ခင်ချင်သေးတယ်”
“ဟင်… ဒီဂလောက် စိတ်ညစ်အောင်ပြောတာကို ခင်ချင်သေးတယ် ဟုတ်လား”
“ဟုတ်တယ်၊ သမီးကလည်း ထောင်ကထွက်လာတာ မကြာသေးဘူး၊ ဦးနဲ့ဆို သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ပေါ့”
“ဖျား ဖျား… ဘာမှုနဲ့ ​ထောင်​ကျတာလဲ ငင်​”
“အလကားပါဦးရာ၊ လူတစ်​​ယောက်​ကို ခင်​ချင်​တယ်​လို့ သွားမိတ်​ဆက်​တာကို အင်​တင်​တင်​လုပ်​​နေလို့၊ အပြင်​မှာ​တွေ့တုန်း ဓားနဲ့ ထိုးလိုက်​တာ”
“ဘို..ဘိုလို ဂိ ဂိ ဂိ


Credit:  Yawthama


စကားပုံများဖြင့် ရည်းစားစာ ရေးနည်း



အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်းရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာမင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။

အခုအချိန်မှာ ၀က်ဖြစ်မှတော့မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး
ဖြစ်မနေပါနဲ့လို့။ယူမှာက မင်းကိုပါ။

ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်ကကဲမနေပါနဲ့လို့။မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာအလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ဒါပေမဲ့ပြောလိုက်ပါ။ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။

သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ် ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ကြွက်သေတစ်ခုအရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။

အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။ ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။

ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း အမမှန်းတောင်မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက် ချေးကောက်စားဆိုတဲ့သူမျိုးပါ။ထားလိုက်ပါလေ။ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။ အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။

တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ်ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်ဆိုကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ ကျွဲနှစ်ကောင်ကြားထဲကမြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင်မြားတစ်စင်းဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီးစွတ်မိုက်နေတာ။

အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာငါးပွက်ရာငါးစာချဖို့ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါနွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့မင်းအဖေအော်နေဦးမှာ။အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့သေချင်တဲ့ကျားတောပြောင်းအဖြစ်ကိုကိုယ်မြင်ယောင်မိနေတယ်။

မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်းခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီးငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။

ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင် မင်းပါစိတ်ဆိုးတော့မယ်။ ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုးသာသာပဲရှိတော့ ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။ မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။ မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ။ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့တုတ်သာသာရှိတော့…

ကိုယ်နဲ့ပေးစားမယ့်အစားခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီးစိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ကဲပါ…ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။

တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။

အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှသစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်းကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေးခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုးStyleမျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။

ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။တကယ်တမ်းဆိုရင်.ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကိုချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆိုနာတာရှည်လားချည်းလာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။

ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ်… စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားပါ။ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ဒါမှမဟုတ်များ…ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။

နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်ကို…“နွား သွားဖြဲကြည့်မနေပါနဲ့”လို့။ မကောင်းပါဘူးလေ။နှံပြည်စုတ်အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်းတခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်ရှို့ပစ်မိတော့မှာ။ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကိုဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ကြုံရင်ပြောလိုက်စမ်းပါ။

ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီးမြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ဒီတော့ မျောက်သားစားချင်မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမကကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကိုမွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။မင်းမရှိတဲ့ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ..ကိုယ်ဟာ..မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ။

တကယ်ပါအချစ်ရယ်ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်ရေထဲလွှတ်သလိုမျိုးစိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေ ဖြစ်တော့မှာပါ။


Credit: Tun Sein Maung


ကုတင်​​ပေါ်ကညည်းတွားသံ



" အင်း...အား..ကျွတ်​ကျွတ်​...
ကိုကို...နာတယ်​..အား....."

"​နေပါအုံးချစ်​ရယ်​ ပြီး​တော့မှာပါ...."

"အ့ဆိုဖြည်းဖြည်းလုပ်​ပါ​တော်​...."

"အင်းပါ...အင့်​ဟာကဲ
အဲအချက်​ထိလားချစ်​.....ထိလား.."

"​ကောင်းလိုက်​တာကိုကိုရယ်​...."

"​နောက်​​နေ့ကြထပ်​လုပ်​​ပေးရအုံးမလား..."

"အင်းလုပ်​​ပေးနော်​....ဒီထက်​ထိ​အောင်​လုပ်​​နော်​.."

"အ့ဆိုတစ်​မျိုး​ပြောင်းမယ်​​လေ ဟိုဘက်​လှည့်​..."

"အင်း ကိုကို့သ​ဘော.."

"ချစ်​အ​ကြော​တွေ​တော်​​တော်​တင်း​နေတာပဲ
အ့​ကြောင့်​ကိုကို​ပြောတယ်​ ဖုန်းထဲကဂိမ်း​တွေမ​ဆော့ပါနဲ့လို့ခု​တော့ဇက်​​ကြော​တွေတက်​​နေပြီမို့လား.."

ပြီးပြီ​လေ....😕
သူများလင်​မယားနှိပ်​​ပေး​နေကြတာကို
လာစပ်​စု​နေပြန်​ပြီ​....😒


Credit: Org_Writer 😂


Facebook Account Hack နည်းး



သင် hack ချင်တဲ့သူရဲ့ Facebook account ကိုသင်အရင် add ပါ။

~Facebook တွင်လည်းထိုသူကို add ပြီးအချိန်ရလျှင်ရသလို hi ပါ။

~ထိုသူမှပြန် hi လျှင်အောင်မြင်ရန်အစပျိုးပြီဖြစ်သည်။

~ထို့နောက်ခင်မင်ရင်းနီးအောင်ပြောဆိုပေါင်းသင်းပါ။

~ထိုသူမှအသက်အရွယ်မကွာဘဲသင်ကမိန်းကလေးဖြစ်ပါကထိုသူမှပြန် Q လာလျှင်ရေလာမြောင်းပေးလုပ်ပါ။

~သင်ကယောက်ျားလေးဖြစ်ပါကအတင်းဝင်ရောပါ။Q ပါ။ ~ဤအတိုင်းလုပ်ဆောင်၍သမီးရည်းစားဖြစ်သွားလျှင်မိမိအသုံးမပြုသော facebook account တစ်ခုဖြင့် password ချင်းအလဲအလှယ်ပြုပြီးချစ်သက်သေပြလိုက်ပါ။

~သင့်ကျွမ်းကျင်မှုအပေါ်မူတည်၍ ဤအဆင့်တွင်ပင်အောင်မြင်နိုင်ပေသည်။

~ထိုသို့ပြုလုပ်ခွင့်မသာခဲ့လျှင်ထိုသူနှင့် mutual friend များများရအောင်လုပ်ပါ။

~မိသားစုဝင်များနှင့်ရင်းနီးအောင်လုပ်ပါ။

~ယခင်ရင်းနီးပြီးသူဖြစ်ပါကပိုရင်းနီးအောင်နေပါ။

~အပြင်မှာတွေ့ဖြစ်အောင်ချိန်းပါ။

~ယောက်ျားလေးဆိုလျှင်ဘီယာတိုက်ပါ။

~မိန်းကလေးဖြစ်လျှင်လက်ဆောင်ဝယ်ပေးပါ။

အကြိုအပို့လုပ်ပါ။

~အင်တာနက်အတူသုံးဖြစ်အောင်ကြိုးစား၍အကြောင်းအမျိုးမျိုးပြပြီးသူ့အကောင့်ကိုတောင်းသုံးပါ။

~ယောက်ျားလေးများကို နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေးတို့ဖြင့် ကြီးကြီးကျယ်ကျယ်မခံချိမခံသာအောင်ပြောခြင်းဖြင့်အောင်မြင်နိုင်သလိုမိန်းကလေးများကိုအချစ်ရေးအချစ်ရာများပြော၍သနားအောင်လုပ်ခြင်းဖြင့်အောင်မြင်နိုင်သည်။

အထက်ပါနည်းလမ်းဖြင့်မအောင်မြင်ပါကလူသူကင်းဝေးသောနေရာများလူမရှိသောအချိန်များတွင်နှစ်ဦးတည်းတွေ့ဖြစ်အောင်ကြိုးစားပါ။

~အလစ်တွင်ဦးခေါင်းကိုတုတ်ဖြင့်ရိုက်၍ ကြိုးတုပ်ပါ။

~အသက်မသေချင်လျှင် facebook password ပေးဟုခြိမ်းခြောက်ပါ။

~ခြိမ်းခြောက်၍မကြောက်ပါကကြက်တောင်မွေးဖြင့်ခြေဖဝါးနှင့်နှာခေါင်းကိုကလိထိုးပြီးထပ်တောင်းပါ။

~ထိုနည်းဖြင့်မရပါကရှောက်သီးကိုချဉ်ပေါင်ရွက်နှင့်ရောနယ်ပြီးသံပုရာရည်ရည်ဆမ်းကာပါးစပ်ထဲအတင်းထည့်ကျွေးပါ။မျက်နှာရှုံ့မဲ့သွားချိန်ဓာတ်ပုံအမိအရရိုက်ပါ။ထိုပုံကိုဟာသ page များသို့ပို့မည်ဟုခြိမ်းခြောက်ပြီး password ထပ်တောင်းပါ။

အထက်ပါနည်းလမ်းများနှင့်လည်းအဆင်မပြေပါက

~ထိုသူ့ကို mention လုပ်ပြီးသူ့မကောင်းကြောင်းကိုပယ်ပယ်နယ်နယ်ရေး၍ ပြပါ။

~မကျေနပ်၍ပြန်ဖျက်စေချင်ရင် password ပြောဟုတောင်းပါ။

နောက်ဆုံးနည်းလမ်းမှာ…

~အကောင့်ဆိုတာထပ်ဖောက်ရင်ရတာပဲမင်းအသက်ထက်အရေးမကြီးပါဘူးဟုခြိမ်းခြောက်၍အစာငတ်ထားလိုက်ပါ။

ဤအဆင့်များအတိုင်းလုပ်ဆောင်ပါကနောက်ဆုံးတွင်သင့်အနေဖြင့် facebook password တစ်ခု၊အရူးလက်မှတ်တစ်စောင်(သို့မဟုတ်)အလုပ်ကြမ်းနှင့်ထောင်ဒဏ်များသေချာပေါက်ရရှိမှာဖြစ်ပါတယ်… 

မိမိလိုချင်သောအကောင့်များကို အောင်မြင်စွာ hack နိုင်ကြပါစေသော်…😂😂😂😂


Credit: Orginal Writer


သမီးဆုံးခဲ့ရင် မမှာကောင်းတာတွေ မမှာပါနဲ့ သမီး.....



တစ်ခါက ရွာတစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီးတစ်ယောက်ရှိသတဲ့။ အဲဒီရွာမှာပဲ မြို ကရောက်လာတဲ့ အင်မတန်အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာစားသောက်နေတဲ့ ပတ်ချွဲနှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့။
ကျေးလက်ဒေသရဲ့ဓလေ့စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့။ ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာလူရှုပ်နဲ့ အကြောင်းပါပါလေရော။

လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမ နဲ့ ခယ်မတွေကိုပါ အဆင်ပြေအောင်ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာလူရှုပ်ရဲ့ဇနီးဟာ အမျိုးသမီးရောဂါနဲ့ရုတ်တရက်ကွယ်လွန်ပါတယ်။
မိန်းမဖြစ်သူရဲ့အသုဘမှာလူရှုပ်ဟာ အမျိုးမျိုးသောအလွမ်းအဆွေး တမ်းတမှုတွေနဲ့ကျူကျူပါအောင်ငိုပါတယ် ယောက်ခမခယ်မတွေသာမက အသုဘလာကြတဲ့ ပရိသတ်ကြီးလည်းလူရှုပ်ရဲ့ အလွမ်းအသောလေးတွေကို
နားထောင်ရင်းကရုဏာဖြစ်မိကြတယ်။

ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်းလူရှုပ်ကသူရဲ့ နောက်ဆုံးငိုကြွေးတမ်းတခြင်းကို ဟန် အပြည့်နဲ့လုပ်ဆောင်ခဲ့ပါတယ်။ အောက်မလေး မောင့်အချစ်ရဲ့မင်းနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့ တဲ့စကား ကို မောင်မပြောရက်ပါဘူး မောင့်ကို ခွင့်လွှတ်ပေးပါတော့••နောက်ဘဝမှသာ အပြစ်တွေကျေအောင်ဆပ်ပါရစေ ကောင်း မွန်ရာဘုံဘဝမှာ မောင့်ကိုစောင့်နေပါ မောင်အရောက်လာခဲ့ပါ့မယ် တို့နှစ်ဦးဆုံတဲ့အခါမှသာမောင့်ကို အပြစ်တင်ပါတော့မောင့်အချစ်ရဲ့ ဆိုပြီး ၄•၅ ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပါလေရော။

ပရိသတ်တွေနဲ့ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ကရုဏာသက်ရင်းပြန်သွားကြပါသတဲ့။ ဒီလိုနဲ့ ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို လိုက်လျောချင်တာကြောင့် သားမက်ကိုခေါ်ပြီး သမီးနောက် ဆုံးဘာမှာခဲ့သလဲသား အားမနာနဲ့အမေ့ကိုပြောပါ ဘာဖြစ်ဖြစ်လုပ်ပေးပါ့မယ် အမေ့သမီးလေးသူ့ခရီးကို ကောင်းကောင်းသွားပါစေကွယ်လို့ ပြောသတဲ့။

သားမက်ဖြစ်သူကလည်း အပူရုပ်ကိုဟန်လုပ်ရင်း ကျနော်မပြောရက်ပါဘူးအမေရယ်လို့ မျက်ရည်လေးတစမ်းစမ်း အသံ တိုးတိုးညင်းညင်းလေးနဲ့ ပြောရှာသတဲ့။ ဒီလိုနဲ့ ကြိမ်ဖန်များစွာ အားနာဖို့မလိုကြောင်း ယောက်ခမဖြစ်သူကပြောေ လေ တာ့ ဘေးကခယ်မအလတ်လေးကို လှမ်းကြည့်ရင်း••

နားနဲ့မနာဖဝါးနဲ့ နာပါအမေ•• အမေ့သမီးကသူမရှိတဲ့နောက်ပိုင်းမှာ ဒီအိမ်ကနေဘယ်ကိုမှထွက်မသွားပဲ•• ညီ မေ လးနဲ့ ကျနော့်ကိုလက်ထပ်ပါလို့ သေသေချာချာ မှာသွားတယ်••• ဒါပေမယ့်ကျနော် ဘယ်လိုပြောရက်မှာလဲအေ မရယ်လို့ ပြောရင်းငိုချပါလေရော။

သမီးဖြစ်သူကို ချစ်ရတဲ့ချစ်ခြင်းကြောင့် ယောက်ခမကြီးခမျာမကြာခင်မှာပဲ သားမက်ဖြစ်သူကိုသမီးအလတ်နဲ့ နေရာချပေး ပါသတဲ့။ သားမက်လူရှုပ်ကလည်း ရှေးကထက်တိုးလို့ ကွယ်လွန်သူဇနီးစကားကို အလေးထားပြီးမိသားစုအပေါ်မှာ အရ င်ကထက်ပိုပြီး ကြင်ကြင်နာနာဆက်ဆံပါသတဲ့။

ဒီလိုနဲ့မကြာခင်မှာ သမီးအလတ်လေးလည်း အမျိုးသမီးရောဂါနဲ့ ကွယ်လွန်ပြန်ပါလေရောတဲ့••• အဲဒီအခါမှာတော့ သား မက်ဟာသူရဲ့ငိုချင်းကို အရှိန်ပိုမြှင့်ပြီး သူ့ဘဝကံဆိုးကြောင်းတွေရော သူ့ကိုကြင်နာသူမှန်သမျှ လူ့လောကကြီးကေ စာေ စာ ထွက်သွားတတ်ကြောင်းတွေကိုရော သူဟာမကောင်းသော ဂြိုလ်ကောင်ကြီးသာဖြစ်ကြောင်း ဇနီးများရဲ့ကိုယ်စား သူ သာ သေသွားလိုက်ချင်ကြောင်းတွေကို စီကာပတ်ကုံးဖွဲ့နွဲ့ငိုကြွေးပါသတဲ့။
ရွာသူရွာသားတွေလည်း မယားနှစ်ယောက်ဆက်တိုက် ယူနိုင်ခြင်းကိုမေ့ပျောက်ပြီး ကောင်လေးကံဆိုးလိုက်တာဆိုတဲ့ မှတ်ချက်လေးပြုရင်း ကရုဏာသက်ကြပြန်သတဲ့။ ဒီလိုနဲ့အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့အခါ အမျှဝေရင်း လူ ရှုပ်က သူရဲ့ဒုတိယမြောက် နောက်ဆုံးငိုကြွေးတမ်းတခြင်းကို အရင်ကထက်ပိုတဲ့ဟန်နဲ့ထပ်ပြီး လုပ်ဆောင်ခဲ့ပြန်ပါတယ်။

အောက်မလေးညီမလေးရဲ့ မင်းလည်းမင်းအစ်မလို အကို့ကိုနောက်ဆုံးအချိန်မှာ တတွတ်တွတ်မှာကြားခဲ့တဲ့စကားကို အကိုဘယ်လိုပြောထွက်ပါ့မတုန်း အကို့ကိုခွင့်လွှတ်ပေးပါတော့ နောက်ဘဝမှသာအပြစ်တွေ ကျေအောင်ဆပ်ပါရစေ ကောင်းမွန်ရာဘုံဘဝမှာ အကို့ကိုစောင့်နေပါ အကိုတို့ဆုံတဲ့အခါမှသာ အပြစ်တင်ပါတော့ ဆိုပြီး ရှေးနည်းအတိုင်း ၄•၅ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပြန်ပါသတဲ့။

ပရိသတ်တွေနဲ့ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ယခင်အတိုင်းကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့။ ဒီလိုနဲ့ ကိစ္စပြီးတော့ယောက်ခမကြီးက သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို ရိပ်စားမိတာကြောင့်သားမက်ကိုခေါ်ရင်း••
သူ့အစ်မလိုပဲမှာခဲ့သလား သား လို့ မေးရှာသတဲ့ သားမက်ကလည်း မျက်ဝန်းတစ်ဝိုက်က မခြောက်သေးတဲ့မျက်ရည် စက်တွေကို အင်္ကျီလက်နဲ့သုတ်ရင်း ငိုသံလေးနဲ့ဟုတ်ကဲ့ပါ အမေလို့ပြောရင်း တရှုံ့ ရှုံ့ ငိုကြွေးပါသတဲ့။

မိခင်ကြီးကလည်း ဘယ်တတ်နိုင်မလဲကွယ် သွားလေသူတွေရဲ့ဆန္ဒကိုတော့လိုက်လျောပေးရမှာပေါ့လို့ပြောရင်း သားမက် လူရှုပ်ကို သမီးအငယ်ဆုံးလေးနဲ့ နေရာချထားပေးပြန်သတဲ့။
ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးတဲ့ည အိပ်ခန်းထဲမဝင်မီမှာ မိခင်ဖြစ်သူက သမီးနဲ့သားမက်ကိုခေါ်ပြီး သမီးလေး အခုအမေ့မှာလည်း သမီးတစ်ယောက်ပဲရှိတော့တယ်သမီး ကျန်းမာရေးကို အထူးဂရုစိုက်ပါ
ကျန်းမာအောင် နေပါ••• 

အမေ အထူးမှာချင်တာကတော့ တကယ်လို့သမီးလည်း သမီးအစ်မတွေလို သေဆုံးခဲ့ရမယ်ဆို ရင်••• 

နောက်ဆုံးစကားကိုလည်း ဆင်ဆင်ခြင်ခြင်ပြောခဲ့ပါ••• သမီးသေဆုံးသွားရင် အမေပဲကျန်ခဲ့တော့မှာ••• မလုပ်ကောင်းတာတွေကို မမှာခဲ့ပါနဲ့သမီးလို့ ဆုံးမစကားကို ပြောကြားလိုက်လေတော့သတည်း

မူရင်းရေးသူအားလေးစားလျှက်


Credit: သူသူဟိန်း (တောသားလေးရဲ့ စာပေရွာ)


ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here