ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဘာလုပ်ရမလဲ



အကာအကွယ်မဲ့လိင်ဆက်ဆံတာက နောက်ပိုင်းမှာ မမျှော်လင့်ဘဲဆိုတဲ့ မျှော်လင့်မထားတဲ့ ကိစ္စတွေဖြစ်လာနိုင်တာ တော်တော်လေးများပါတယ်။ စိတ်ပူစိုးရိမ်စရာတွေလည်းရှိပါတယ်။ တကယ်လို့ သားဆက်ခြားဆေးတစ်ခုခု မသုံးနေဘူးဆိုရင် လိင်ဆက်ဆံစဉ်မှာ အကာအကွယ်ရှိနေဖို့က လိုအပ်ပါတယ်။
အကာအကွယ်မဲ့လိင်ဆက်ဆံမိလိုက်သလား

မတော်တဆ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဒါတွေလုပ်သင့်ပါတယ်။
ပုံမှန်မဟုတ်တဲ့လက္ခဏာတွေရှိနေလားဆန်းစစ်မယ် (အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိနစ် ၃၀ အတွင်း)

အကာအကွယ်မဲ့လိင်ဆက်ဆံတာက အမျိုးသားမှာရော အမျိုးသမီးမှာပါ STD (လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ) ရရှိခံစားရနိုင်ခြေ ကိုတိုးစေနိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရသွားနိုင်ခြေကိုပါတိုးစေနိုင်တာပေါ့။ တကယ်လို့ STD ကူးစက်ခံလိုက်ရပြီဆိုရင် ရောဂါလက္ခဏာကတော်တော်လေးကြာမှသိရှိနိုင်မှာဖြစ်ပါတယ်။ အခုဖော်ပြမယ့် အချက်လေးတွေရောဖြစ်နေပြီဆိုရင်တော့ ပုံမှန်မဟုတ်ဘူးဆိုတာ သိသင့်ပါပြီ။

    မျိုးပွားအင်္ဂါကနေ အကြောင်းအရင်းမရှိဘဲသွေးထွက်နေတာမျိုး – ဒီလက္ခဏာက အမျိုးသားတွေထက် အမျိုးသမီး တွေမှာပိုအဖြစ်များပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက် အမျိုးသမီးအင်္ဂါစပ်မှာ သွေးထွက်တာမျိုး ဖြစ်နေမယ်ဆိုရင် ဒါကပုံမှန်မဟုတ်ပါဘူး။ ဒါကပိုးဝင်ရောက်နိုင်ချေအရမ်းမြင့်နေပြီဆိုတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ ဒါကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ မျိုးပွားအင်္ဂါမှာ သွေးထွက်နေလားစစ်ဆေးပါ။
    ဆီးသွားနေစဉ်မှာ နာကျင်နေလား – ဒါကတော့ ဆီးလမ်းကြောင်းမှာ ပိုးဝင်နေပြီဆိုတာကို ပြသနေတဲ့ သိသာတဲ့လက္ခဏာတစ်ရပ်ပါ။ STD ခံစားနေရပြီဆိုတာကို သိရှိနိုင်တဲ့ လက္ခဏာတစ်ရပ်ဆိုလည်းမမှားပါဘူး။
    လိင်ဆက်ဆံနေစဉ်နာကျင်နေခြင်း – ဒါကအမျိုးသားမှာရော အမျိုးသမီးမှာပါခံစားရနိုင်ပါတယ်။ အကယ်လို့ သင့်အနေနဲ့ လိင်ဆက်ဆံနေစဉ်အတွင်းမှာ နာကျင်မှုခံစားရမယ်ဆိုရင် လိင်ဆက်ဆံမှုကနေတဆင့် ရောဂါကူး စက်ခံရတာမျိုးဖြစ်နေနိုင်ပါတယ်။

အရေးပေါ်သန္ဓေတားဆေးသောက်ပေးပါ (လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်း)

အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ ၇၂ နာရီ (၃ရက်) အတွင်း အရေးပေါ်သန္ဓေတားဆေးသောက်ပေးရပါမယ်။  ဒါပေမယ့် မြန်မြန်သောက်လေ ပိုထိရောက်ာဆိုတာတော့ မမေ့ပါနဲ့။ Lydia ကနေထုတ်ထားတဲ့  1Safe Pill လိုမျိုး အရေးပေါ်သန္ဓေတားဆေးကိုသောက်သုံးလို့ရပါ တယ်။ အရေးပေါ်သန္ဓေတားဆေးက ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေမှာ ၈၇ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိပါတယ်။
သားအိမ်တွင်းထည့်ပစ္စည်း (IUD) ထည့်ပါ ( နာရီ ၁၂၀ အတွင်း)

Copper IUD (သားအိမ်တွင်းထည့်ပစ္စည်း) ကလည်း အကာအကွယ်မဲ့လိင်ဆက်ဆံမိတာကြောင့် ကိုယ်ဝန်ရရှိနိုင် ခြေကို ကာကွယ်ရာမှာ အထိရောက်ဆုံးနည်းလမ်းပါ။ အမျိုးသမီးတိုင်း IUD ကိုအသုံးပြုနိုင်တယ်ဆိုပေမယ့် အထူးသဖြင့်ကတော့ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီး အရေးပေါ်သန္ဓေတားဆေးတွေ၊ သန္ဓေတားနည်းတွေအသုံးမပြုမိဘဲ အချိန်အရမ်းကြာနေတဲ့သူတွေ နဲ့ ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ် ထက်ပိုများနေတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးပါ။

အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက် နာရီပေါင်း ၁၂၀ (၅ ရက်) အကြာမှာ သားအိမ်ထဲကို IUD ကိုထည့်သွင်းလို့ရပါတယ်။ IUD က ၅နှစ်ကနေ ဆယ်နှစ်လောက်ကြာတဲ့အထိ ကိုယ်ဝန်မရရှိအောင်တားဆီးပေးနိုင်ပြီး ၉၉ ရာခိုင်နှုန်းကျော်အထိ အကာအကွယ်ပေးနိုင်ပါတယ်။
STI (လိင်မှတဆင့်ကူးစက်သော ရောဂါပိုးများ) စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၂ ပတ်ကြာမှာ လုပ်ရပါမယ်)

သင့်အနေနဲ့ သင့်မှာ STI ကူးစက်ခံထားရလားဆိုတာကို သေသေချာချာမသိနိုင်ပါဘူး။ ဒါကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သီတင်းပတ် ၂ ပတ်အကြာမှာ STI စစ်ဆေးမှုလုပ်ပေးပါ။
ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၃ ပတ်ကြာမှာလုပ်ရပါမယ်)

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ်  ၃ ပတ်လောက်ကြာပြီးတဲ့အခါမှာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးရပါမယ်။ ၃ ပတ်မတိုင်ခင်စစ်ဆေးမယ်ဆိုရင်တော့ အဖြေကိုသေသေချာချာသိရှိနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်မှာ ကိုယ်ဝန်ရှိ၊မရှိစစ်ဆေးတာက သေချာမှုမရှိဘူးလို့ယူဆတယ်ဆိုရင် ဆေးခန်းမှာ ဆီးနမူနာကို သွားရောက်စစ်ဆေးနိုင်ပါတယ်။
နောက်နောင်မှာ အရေးပေါ်အခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ ပြင်ဆင်ထားပါ

အကာအကွယ်မဲ့လိင်ဆက်ဆံတာကြောင့် ဖြစ်လာနိုင်တဲ့ STI (လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ) နဲ့ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့ အနေအထားမျိုးကိုရှောင်ကြဉ်နိုင်စေဖို့ အတွက် လုံခြုံစိတ်ချရတဲ့လိင်ဆက်ဆံမှုမျိုးကိုပဲ လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆေးတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတာမျိုးက ရှိပြီးသားပါ။ အရေးပေါ်သန္ဓေတားဆေးကို ခဏခဏသုံးစွဲမယ်ဆိုရင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အရေးပေါ်အခြေအနေမျိုးမဖြစ်ရအောင် ကာကွယ်နိုင်မယ့် အလွယ်ကူဆုံးသောနည်းလမ်းက ကွန်ဒုံးအသုံးပြုပေးဖို့ပါ။ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ပေါက်ပြဲတာရှိ၊မရှိ။ ကွန်ဒုံးက သက်တမ်းလွန်နေ၊မနေကို စစ်ဆေးရပါမယ်။

အခုလောက်ဆိုရင် အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးတဲ့အခါ မမျှော်လင့်ဘဲဆိုတဲ့ အခြေအနေတွေ ဖြစ်မလာအောင် ဘာတွေလုပ်ရမလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။


Credit: hellosayarwon


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here