လက်မထပ်ခင် သိကိုသိထားသင့်တဲ့ အကြောင်းရာတွေထဲမှာ သားဆက်ခြားနည်းလမ်းတွေအကြောင်းက မသိမဖြစ် အရေးကြီးဆုံး အကြောင်းလို့ ပြောလို့ရပါတယ်နော်
ထိမ်းမြားမင်္ဂလာဆောင်ကြတယ်ဆိုတာ တစ်ချိန်မှာသားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ထူထောင်ဖို့ပဲ မဟုတ်လား ။ ဒီတော့ အချိန်တန်လာရင် နှစ်ကိုယ်တည်းဘဝထဲကို ချစ်စရာကောင်းတဲ့ အူဝဲလေးတွေကို မဖြစ်မနေ ခေါ်ရမှာပေါ့။ ဒီတော့ သားသားမီးမီးလေးတို့ကို ခေါ်တဲ့အခါမှာ မိဘလောင်းလျာတွေက သေချာစနစ်တကျ စဉ်းစားပြင်ဆင်ထားကာမှ အနာဂတ်မှာ မိသားစုစီးပွါးရေးကအစ၊ လူမှုရေး ကျန်းမာရေး အဆုံး အဆင်ပြေနိုင်မှာပါ။ ဒီတော့ သတို့သား၊ သတို့သမီးလောင်းလေးတွေဟာ လက်မထပ်ခင်ကတည်းက အနာဂတ် မိသားစု plan ကို စနစ်တကျ ချမှတ်ထားသင့်ပါတယ်နော်။ဆိုလိုတာကတော့ ကလေးဘယ်နှစ်ယောက်ယူမယ်၊ ဘယ်အချိန်မှာ ကလေးယူမယ် ဆိုတာတွေ ဖြစ်ပါတယ်။
တားဆီးတာတွေ မလုပ်ထားရင် သတို့သမီးလေးတို့ အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် မဖြစ်သေးခင် ကိုယ်ဝန်ရသွားနိုင်လို့ပါ အနာဂတ် မိသားစု plan ကို စနစ်တကျ ချမှတ်ထားနိုင်ဖို့
လက်မထပ်ခင် သိကိုသိထားသင့်တဲ့ အကြောင်းရာတွေထဲမှာ သားဆက်ခြားနည်းလမ်းတွေအကြောင်းက မသိမဖြစ် အရေးကြီးဆုံး အကြောင်းလို့ ပြောလို့ရပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ လက်မထပ်ခင် ကြိုတင် စနစ်တကျ တားဆီးတာတွေ မလုပ်ထားရင် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် မဖြစ်သေးခင် ကိုယ်ဝန်ရသွားနိုင်လို့ပါ။ အဲ့လိုဆို ရင် စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ အခက်အခဲတွေ ဖြစ်သွားနိုင်ပါတယ်။ အကောင်းဆုံးကတော့လေ လက်မထပ်ခင်ကတည်းက သားဆက်ခြားနည်းတွေအကြောင်း သေချာလေ့လာထားပြီး ကိုယ်နဲ့ အဆင်ပြေတာ တစ်ခုကို မင်္ဂလာမဆောင်ခင်ကတည်းက ရွေးချယ်ထားဖို့လိုပါတယ်နော်။
ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးပြီး မိမိနဲ့ ပိုမိုသင့်တော်တဲ့ နည်းလမ်းကိုရွေးချယ်ဖို့ တိုက်တွန်းပါရစေ
သားဆက်ခြားနည်းတွေ အများကြီး ရှိတဲ့ထဲကမှ
အရေးပေါ်တားဆေးကလွဲလို့ ကျန်တဲ့နည်းလမ်းတွေက ရေရှည်အတွက် အဆင်ပြေတဲ့နည်းလမ်းတွေပါ။ တားဆေးတွေက ဟော်မုန်းဆေးတွေ ဖြစ်တာကြောင့် သုံးတဲ့အခါမှာ အကျိုးသက်ရောက်မှု အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးပြီး ကိုယ်နဲ့ ပိုမိုသင့်တော်တဲ့ နည်းလမ်းကိုရွေးချယ်ဖို့ တိုက်တွန်းပါရစေ။
Credit: marry
0 မှတ်ချက်:
Post a Comment