ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

ဘ၀ အတွေ့အကြုံ ဟာ အကောင်းဆုံး ဆရာပါ



လူရယ်လို့ ဖြစ်လာကြပြီ ဆိုရင် ချမ်းသာ၊ ဆင်းရဲ မရွေး ဘဝက ပေးတဲ့ သင်ခန်းစာတွေ ကို ခံစားကြရပါ တယ် ။ လူတွေနေ့စဉ်ဖြတ်သန်း ကြုံတွေ့နေကြရတဲ့ အကောင်း၊ အဆိုးတွေ ဟာ လူတွေ ရဲ့ ဘဝသင်ခန်း စာတွေ ဘဲဖြစ်ပါတယ်။

တစ်ချို့က ဒီလိုနေ့စဉ် သင်ခန်းစာတွေ က သင်ယူလေ့လာပြီး မိမိဘဝ အတွက် ဆောင်ရန် ၊ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက် သွားကြသူတွေ ရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်း ရှိပါ တယ်။

ဘဝမှာ အတွေ့အကြုံ ဆိုတာ အကောင်းဆုံး သင်ပြပေးနေတဲ့ ဆရာတစ်ဆူ လို ပါဘဲလို့ လူကြီးသူမတွေ ရဲ့ပြောစကား ကို ငယ်ရွယ်ချိန်တုန်းက နားမလည်ခဲ့ပေမယ့် အရွယ်ရောက် လို့ လက်တွေ့ဘဝတွေမှာ ကျင်လည်ဖြတ်သန်းလာရတဲ့ အခါ ကောင်းကောင်း နားလည်လာခဲ့ရပါတယ်။

တကယ်တော့ လူတွေ မှာ မိမိကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထဲ က လေ့လာ မှတ်သားစရာတွေ ကို မှတ်သား၊ ရှောင်စရာတွေ ကို ဆင်ခြင်ရှောင်ကြည်ခြင်းဖြင့် ဘဝ ကို အမှားတွေ နည်းအောင် အေးချမ်းမှု ကို ပိုမို ခံစား ရရှိနိုင်အောင်ကြိုးစားပိုင်ခွင့် ရှိကြပါတယ်။

လူတွေ မှာ တစ်ဦး နဲ့ တစ်ဦး ဘဝပေး ကံကြမ္မာ မတူညီကြပေမယ့် မိမိကိုယ် ကိုအေးချမ်းအောင် ဘယ် လိုနေ ထိုင်ရမလဲ ဆိုတာ ကိုတော့ သဘာဝတရား က တန်းတူ အခွင့်အရေးပေးထားပါတယ်။ ဒါတွေ ကို လူတွေ ရဲ့နေ့စဉ် ဘဝမှာ ရှာဖွေ သင်ယူ ရရှိနိုင်တာဘဲဖြစ်ပါတယ်။

ထပ်ခါ ထပ်ခါ အမှားလုပ်ခြင်းကို ရှောင်ကြဉ်ပါ
လူတွေ မှာ အမှား ကို ထပ်ခါထပ်ခါ လုပ်မိတတ်ကြတဲ့ အခါ မိမိကိုယ် ကို ယုံကြည်မှု နည်းသွားသလို ပတ်ဝန်းကျင် အသိုင်းအဝိုင်း အလယ်မှာ လူတွေ ရဲ့ ယုံကြည်မှုကို လည်း ဆုံးရှုံးကြရပါတယ်။ လူတိုင်းဟာ အမှား နဲ့မကင်းကြတာ အမှန်ပါ။

ဒါပေမယ့် အဲဒီ အမှားကို အမှားမှန်း သိပြီး ပြင်ဆင်နိုင်လိုက်ရင် မိမိ အတွက် များစွာ ကောင်းကျိုး ကို ရရှိစေပါ တယ်။ အမြဲတမ်း မိမိကိုယ် ကိုလေ့လာ ဆန်းစစ်ပြီး ဘာကြောင့် ခက်ခဲနေရတယ်၊ ဘာကြောင့် လွယ် ကူချောမွေ့နေရတယ် ဆိုတဲ့ အချက် ကို ရှာဖွေပြီး ပြုပြင်ကြိုးစားခြင်းဖြင့် မိမိ ဘဝ အတွက် လွယ်ကူချောမွေ့ တဲ့နေ့ရက်တွေ ကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ရှုံးနိမ့်မှု ကို မကြောက်ပါနဲ့
အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ရဲ့ ဘဝဖြတ်သန်းမှု ပုံစံကိုလေ့လာကြည့်လိုက်တဲ့ အခါ သူတို့ ဟာလည်း လူသား တစ်ယောက်ဖြစ် တာကြောင့် ရှုံးနိမ့်မှု များစွာကို ရင်ဆိုင်ခဲ့ကြရ ပါတယ်။ လူဖြစ်လာပြီ ဆိုရင် ဘဝ မှာ ရှုံးနိမ့်မှု ၊အောင်မြင်မှု ဆိုတာကို ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။

ကမ္ဘာလောက မှာ လူတွေ ဟာ မတူညီတဲ့ ရှုံးနိမ့်မှုတွေ နဲ့ ရှုံးနိမ့်ဖူးကြ ပါတယ်။ ဒါကြောင့် မရှုံးနိမ့်ဖူး တဲ့ ပုဂ္ဂိုလ် မရှိဘူး ဆိုတာ ကို နားလည်ထားဖို့လိုပါတယ်။ ဒါ့အပြင် ရှုံးနိမ့်မှု ဆိုတာ အောင်မြင်မှု ရဲ့ အစိတ် အပိုင်းတွေဖြစ်တာကြောင့် ရှုံးနိမ့်မှု ထဲက လူတွေ ကို အောင်မြင်စေ ဖို့ သော့ချက်ပေးတာတွေ အများကြီး ရှိပါတယ်။

ရှုံးနိမ့်မှု ဆိုတာ အောင်မြင်ဖို့ အတွက် ခြေလှမ်းတွေဖြစ် တာကြောင့် ဘဝမှာ ရှုံးနိမ့်ဖို့ကို မကြောက်ဘဲ အမှား ထဲ က သင်ခန်းစာ ယူပြီး ကြိုးစားခြင်းဖြင့် အောင်မြင်မှု ရဲ့ အနှစ်သာရ ကို ချိုမြိန်စွာ ခံစားရနိုင် ပါ တယ်။

ပြောင်းလဲခြင်း တရား
လူတွေ ရဲ့ဘဝ ဟာ အမြဲတမ်း ပြောင်းလဲဖြစ်ပျက်နေကြ တာကြောင့် ဘဝ ရဲ့နေ့စဉ် စိန်ခေါ်မှုတွေ ကို သတိ ရှိရှိတွေးဆ တတ်ဖို့ လိုပါတယ်။ အပြောင်းအလဲ တရားအပေါ် မှာ လက်ခံပြီး ဆောင်ရွက်တတ် ဖို့လိုပါ တယ်။

အပြောင်း အလဲတွေထဲ က မိမိ အတွက် ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်မလဲ ရှာဖွေတတ် ဖို့လိုပါတယ်။ မိမိ အတွက် သက်ရောက်မှု ရှိသလား ၊မရှိဘူးလား ဆန်းစစ်လေ့လာပြီး ရှောင်ရှားတတ် ဖို့လိုပါတယ်။

မိမိ ကြုံခဲ့တဲ့ အပြောင်းအလဲ အပေါ် မူတည်ပြီး ဘာတွေပြင်ဆင်ဖို့ လိုသလဲ၊ ဘာတွေ ဆင်ခြင်ဖို့ လိုသလဲ၊ ဘယ်လို ရှောင်ကြဉ်ဖို့လိုသလဲ ဆိုတာ ဘဝရဲ့နေ့စဉ် မတူညီတဲ့ပြောင်းလဲမှုတွေ က ပေးနေတဲ့ သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။

ငယ်ငယ်တုန်း က ကျောင်းသင်ခန်းစာတွေလို ပါဘဲ။ သင်ခန်းစာ တစ်ခု တတ်မြောက်ပြီးသွား ရင် နောက် ထပ် သင်ခန်းစာ အသစ်တစ်ခု ကို သင်ယူ ရပြီး သင်ခန်းစာကျေညက် တဲ့ ကျောင်းသားတွေ ဟာ အမှတ်ကောင်းကောင်း ရရှိကြသလို မျိုး ဘဝ သင်ခန်းစာတွေ ကို ကျေညက်တဲ့ လူတွေ ဟာလည်း ဘဝ မှာ နေထိုင်မှု ပုံစံကောင်းပြီး စိတ်အေးချမ်းမှု ကို ပိုင်ဆိုင်နိုင်ကြပါတယ်။



Credit: yangonlife


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here