ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

လက်သည်းကိုက်တာက ဘယ်လိုထိခိုက်မှုတွေ ဖြစ်လာနိုင်သလဲ



လူအများစုကစိတ်ဖိစီးတဲ့အခါ၊ စိတ်ပူပန်တဲ့အခါမျိုးမှာ လက်သည်းကိုက်တတ်ကြပါတယ်။ ဒါကကျန်းမာရေးအတွက်မကောင်းပါဘူး။ ကလေးငယ် ၃၀ ရာ ခိုင်နှုန်း၊ ဆယ်ကျော်သက် ၄၅ ရာခိုင် နှုန်း၊ အသက် ၃၀ ဝန်းကျင်အရွယ် ၂၅ ရာခိုင်နှုန်းလောက်က လက်သည်းကိုက်တဲ့အလေ့အထရှိကြတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။လက်သည်းကိုက်တဲ့အကျင့်က ဖျောက်ရလည်းခက်လှပါ တယ်။
သည်တစ်ခေါက်တော့ လက်သည်းကိုက်ရင် ကျန်းမာရေးကို ဘယ်လိုထိခိုက်မှုတွေဖြစ်စေနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ လက်သည်းကိုက်တဲ့အကျင့်ဘယ်လို ဖျောက်ရမလဲဆိုတာကိုပါ ပြောပြပေးချင်ပါတယ်။
၁။ ရောဂါပိုးတွေ ကူးစက်စေနိုင်ပါတယ်
• လက်သည်းအောက်ဘက်နေရာတွေက ဘက်တီးရီးယားတွေပုန်းခိုလို့ အကောင်းဆုံးနေရာတွေပါ။ ဒါကြောင့် လက်သည်းကိုက်တဲ့အခါ လက်သည်းအောက်မှာခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ကနေတစ်ဆင့်အစာအိမ်ထဲကိုအလွယ်တကူရောက်သွားပြီး ဗိုက်နာတာနဲ့ အခြားရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

၂။ သွားတွေပျက်စီးစေနိုင်ပါတယ်
• သွားရှေ့ဘက်နေရာတွေက သွားကြွေလွှာတွေက ပါးလွှာလှပါတယ်။ လက်သည်းတွေကိုကိုက်တဲ့အခါ ဖိအားသုံးပြီးကိုက်ရတာကြောင့် သွားအပေါ်ယံကြွေလွှာတွေပျက်စီးတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင်သွားပဲ့တာမျိုးတွေအထိဖြစ်စေနိုင်တာကြောင့်လက်သည်း ကိုက်တာကိုမလုပ်ဖို့ အကြံပြုချင်ပါတယ်။

၃။ သွားတွေကို ပုံပျက်စေနိုင်ပါတယ်
• လက်သည်းအရမ်းကိုက်တဲ့အခါရှေ့သွားတွေပျက်စီးတာ၊ ပုံပျက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

၎။ ရှေ့သွားတွေကျဲစေနိုင်ပါတယ်
• လက်သည်းကိုက်တာ နှစ်ကြာလာတဲ့အခါရှေ့သွားနှစ်ချောင်းကြားမှာ သွားကျဲတာမျိုးဖြစ်လာနိုင်ပါတယ်။

၅။ သွားကျဉ်စေနိုင်ပါတယ်
• လက်သည်းကိုက်တာ အချိန်ကြာလာတဲ့အခါသွားအပေါ်ယံကြွေလွှာတွေပျက်စီးသွားပြီး သွားထုံကျဉ်တာတွေခံစားလာရနိုင်ပါတယ်။

၆။ အဆစ်တွေထိခိုက်လာနိုင်ပါတယ်
• လက်သည်းအမြဲကိုက်နေတဲ့အခါ နားတွေအနီးမှာရှိနေတဲ့ ပါးစပ်ဖွင့်နိုင်၊ ပိတ်နိုင်အောင် အကူအညီပေးတဲ့ temporo-mandibular joint (TMJ)က အမြဲဖိအားဒဏ်ခံနေရသလိုဖြစ်ပြီးအဆစ်တွေရောင်ရမ်းလာပြီး နားကိုက်တာ၊ ခေါင်းကိုက်တာနဲ့ ပါးစပ်ပိတ်ရဖွင့်ရအဆင်မပြေတာမျိုးတွေခံစားရနိုင်ပါတယ်။
• လက်သည်းမကိုက်မိအောင်အနံ့ပြင်းတဲ့ လက်သည်းနီတစ်ခုခုဆိုးထားပေးပါ။
• လက်သည်းတွေကို သေချာညှပ်ထားပါ။
• ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို လက်သည်းကိုက်နေတဲ့အခါမလုပ်ဖို့သတိပေးပါလို့ပြောထားပါ။ သွားဆရာဝန်နဲ့တိုင်ပင်တာမျိုးလည်းလုပ်ပါ။


Credit: မအေးသီမွန်


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here