ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

တစ်ပတ်တစ်ခါ မျက်နှာပေါင်းတင်ခြင်းကနေ ရလာနိုင်မဲ့ ကောင်းကျိုး (၄)သွယ်



ဒီတစ်​​ခေါက်​​တော့ နန္ဒာက မျက်​နှာကို ဘာ​ကြောင့် ပုံမှန်​​ပေါင်းတင်သင့်တာလဲဆိုတဲ့ အ​ကြောင်းကို အချက်​​လေး​တွေနဲ့ ရှင်းပြ​ပေးမယ်​​နော်​။

တစ်​ချို့က​တော့ ​ပေါင်းတင်​တာ​ကောင်းမှန်းသိပေမဲ့ ဘာ​တွေ ဘယ်​လို​ကောင်းမှန်းမသိကြဘူး၊ တစ်​ချို့ကျ​တော့လည်း အကျိုးမရှိဘူးထင်​လို့ပဲဖြစ်​ဖြစ်​၊ ပိုက်​ဆံကုန်​တယ်​ထင်​လို့ပဲဖြစ်​ဖြစ်​ ​​​ပေါင်းတင်​ဖို့ တစ်​နည်းအားဖြင့် Facial Mask (မျက်​နှာ​ပေါင်းတင်​ကပ်​ခွာ) ​တွေ သုံးဖို့ စိတ်​ကူးမရှိကြဘူး​ပေါ့​နော်​။ ဒီ​ဆောင်းပါး​လေးကိုဖတ်​ပြီးရင်​​တော့ မျက်​နှာအလှအပနဲ့ အ​ရေပြားကျန်းမာ​ရေးအတွက်​ အနည်းဆုံး​တော့ တစ်​ပတ်​ကိုတစ်​ကြိမ်ပေါင်းတင်ပေးသင့်ပါလားဆိုတဲ့ အ​တွေးမျိုး​လေး ဝင်​သွား​စေချင်တာပါ။ စ​ပြောပြမယ်​​နော်​ ..

(၁) အပန်း​​ပြေ​စေတယ်​။

၁၀မိနစ် ၁၅မိနစ်​လောက်​ အချိန်​​ပေးပြီး mask (မျက်နှာပေါင်းတင်ကပ်ခွာ) ​ကပ်​​ပေးတာက အိမ်​မှာတင်​ spa သွားပြီး အနားယူ​နေရသလိုမျိုး အပန်း​ပြေ​စေပါတယ်​။ အရင်​ဆုံး mask ကို ​နေရာကျ​အောင်​ကပ်​ပြီးတာနဲ့ သက်​​တောင့်သက်​သာဖြစ်​​အောင်​ လှဲလိုက်​ပြီး မျက်​လုံး​တွေမှိတ်​ရင်း အနားယူပါ။ ​Mask တော်​​တော်​များများက​တော့ ကပ်​ပြီးရင်​ ​ရေပြန်​​ဆေးချစရာ မလိုတတ်​ပါဘူး ။ ဒီ​တော့ ညဘက်​အိပ်​ရာဝင်​ရင်း ကပ်​​ပေးရင်​ ပိုအဆင်​​ပြေပါတယ်​။ စိတ်​ဖိစီးမှု​တွေများလာတဲ့အခါ အ​ရေးအ​ကြောင်း​တွေဖြစ်​ဖို့ ပိုလွယ်​လာပြီး အိပ်​မ​ပျော်​​တာ​၊ အိပ်​​ရေးပျက်​တာ​တွေနဲ့ ​ပူပြင်းတဲ့ နေ​ရောင်​ခြည်​ဒဏ်​​​ကြောင့်​ လည်း အသားအ​ရေက ညစ်​နွမ်းလာတတ်​ပါတယ်​။ ဒါ​ကြောင့် တစ်​ပတ်​တာလုံးလုံး ပင်​ပန်းနွမ်းနယ်​​နေတဲ့ မျက်​နှာအသားအ​ရေကို အနား​ပေးပြီး အားဖြည့်ပေးဖို့အတွက်​ ပိတ်​ရက်​​တွေမှာ ညဘက်​အိပ်​ရာဝင်​ရင်း​ Mask ကပ်​​ပေးတာမျိုးက​တော့ လုပ်​ကိုလုပ်​သင့်ပါတယ် ​ယောင်းတို့​ရေ။

(၂) ကိုယ့်မျက်​နှာအသားအ​ရေအတွက်​ လိုအပ်​နေတဲ့ အာဟာရဓာတ်​ကို ဖြည့်ပေးနိုင်ပါ​တယ်​။

အဓိကက​​တော့ ကိုယ့်မျက်​နှာအသားအ​ရေက ဘယ်​လိုရှိလဲဆိုတာကို သိရပါမယ်​။ ​ယေဘုယျအားဖြင့်တော့ ​ယောင်းတို့ သိကြတဲ့အတိုင်း ပုံမှန်​၊ အဆီပြန်​၊ ​ခြောက်​​သွေ့ နဲ့ ​ပေါင်းစပ်​အသားအ​ရေဆိုပြီး ခွဲခြားနိုင်​ပါတယ်​။ ကိုယ့် အသားအရေအမျိုးအစားကို ​သေ​သေချာချာသိပြီဆိုရင်​​တော့ Mask ​ရွေးချယ်​ဝယ်​ယူတဲ့​နေရာမှာ အခက်​အခဲ​ရှိ​တော့မယ်​ မထင်​ပါဘူး။ ​​ဈေးကွက်​ထဲမှာရှိတဲ့ Mask ​တော်​​တော်​များများမှာလည်း ဘယ်​ skin type အတွက်​ ထုတ်​ထားတယ်​ဆိုတာမျိုး ​ဖော်​ပြထားတတ်​တာမို့ ဘယ်​တံဆိပ်​၊ ဘယ်​အမျိုးအစားက ကိုယ့် အသားအ​ရေနဲ့ ကိုက်​ညီပြီး အ​ကောင်းဆုံးဖြစ်​မယ်​ဆိုတာကို ​လေ့လာပြီး ဝယ်​ယူသုံးစွဲနိုင်​ပါတယ်​။

(၃) တစ်​ခါသုံးရုံနဲ့ စို​ပြေကြည်​လင်​တဲ့ အသားအ​ရေမျိုးကို ရရှိ​စေနိုင်​တယ်​။

ဝက်​ခြံသမား​တွေ​တော့ မသိ​ပေမဲ့ ​တော်​ရုံအသားအ​ရေမျိုးအတွက်​​က​တော့ Mask တစ်​ချပ်​သုံးရုံနဲ့ ​နောက်​တစ်​​နေ့ မနက်​ခင်းမှာ သိသာထင်​ရှားတဲ့ရလဒ်​မျိုးကို ရရှိနိုင်​တာမို့ ပွဲလမ်းသဘင်​ရှိတဲ့အခါမျိုး၊ သွားစရာလာစရာရှိတဲ့အခါမျိုးမှာ တစ်​ချို့လည်း တစ်​ပွဲတိုးအ​နေနဲ့ Mask ​တွေကို သုံး​လေ့ရှိကြပါတယ်​။ ဒါ​ပေမဲ့ တစ်​ခါတ​လေမှ အသားအ​ရေကို ဂရုစိုက်​​ပေးတာထက်​စာရင်​ ပုံမှန်​​လေး ပြုစု​စောင့်ရှောက်​​ပေးတာမျိုးက ဘယ်​အချိန်​ဖြစ်​ဖြစ်​ ကိုယ့်ရဲ့ အသားအ​ရေ ကျန်းမာစို​ပြေ​နေ​စေမှာ အမှန်​ပါပဲ​နော်​။

(၄) Mask မသုံးတဲ့သူ​တွေနဲ့​စာရင်​ ပုံမှန်​သုံး​လေ့သုံးထရှိတဲ့သူတွေမှာ Baby Skin လို့​ခေါ်တဲ့ နုနယ်​​တောက်​ပတဲ့ အသား​အ​ရေမျိုးရှိ​နေတတ်​ပါတယ်​ ။

သူ့ဘာသူ ဝက်​ခြံထွက်​တာမထွက်​တာနဲ့ မဆိုင်​ပါဘူး .. ဝက်​ခြံထွက်​တတ်​တဲ့သူဆိုရင်​​တောင်​ သူ့အသားအ​ရေ​လေးက ​အမြဲရေဓာတ်​ပြည့်ဝပြီး စို​ပြေ​တောက်​ပ​နေတတ်​တာမို့ မျက်​နှာ​ပေါ်က ဝက်​ခြံဆိုတာ​တွေကို​တောင်​ သတိမပြုမိ​တော့​လောက်​​အောင်​ အ​ရေပြားက ကျန်းမာ​နေတတ်​ပါတယ်​​နော်​။

နောက်​ဆုံးအ​နေနဲ့ နန္ဒာမှာချင်​တာက​တော့ အ​ရေပြားအတွက်​ ​ကောင်းတယ်​ဆိုတိုင်း Mask ​တွေကို ​နေ့တိုင်းသုံးဖို့မလိုဘူးဆိုတဲ့အ​ကြောင်းပါ။ တစ်​ချို့ကျ​တော့လည်း ​နေ့တိုင်း Mask ကပ်​​ပေးရင်​ အသားအရည်​​တွေ အရမ်း​ကောင်းလာ​တော့မယ်​ ထင်​တတ်​ကြတာကိုး။ ​ရေဓာတ်​ကို အ​ခြေခံထားတဲ့ Mask ​တွေ (ဥပမာ – ရှားစောင်းလက်​ပတ်​တို့ သလဲသီးတို့) ကို​တော့ ​နေ့တိုင်းသုံးလို့ပြဿနာမရှိတတ်ပေမဲ့ တစ်ချို့ဆဲလ်​​သေ​ကိုဖယ်​ရှား​ပေးတဲ့ Mask ​တွေနဲ့ ဝက်​ခြံသမား​တွေအတွက်​ ထုတ်​ထားတဲ့ Mask ​တွေမှာ​တော့ အ​ပေါ်ယံအ​ရေပြားကို တဖြည်းဖြည်းပါးလာ​စေတဲ့ ပစ္စည်းမျိုး​တွေပါတတ်​တာမို့ တစ်​ပတ်​တစ်​ခါ ဒါမှမဟုတ်​ တစ်​ပတ်​နှစ်​ခါ​လောက်​ပဲ သုံး​ပေးရင်​ လုံ​လောက်​ပါတယ်​။

အကယ်​၍ ​Mask ​တွေဝယ်​မကပ်​ချင်​ဘူးဆိုရင်​ လည်း အိမ်​မှာပဲ ကိုယ်​တိုင်​ သခွားသီး၊ ရှား​စောင်းလက်​ပတ်​ ​တွေနဲ့ ​ပေါင်းတင်​​ပေးတာမျိုး လုပ်​နိုင်​ပါတယ်​​နော်​။ အသားဖြူချင်​တဲ့သူ​တွေဆိုရင်​​တော့ ခရမ်းချဉ်​သီးနဲ့ ဒိန်​ချဉ်​အ​ရောအ​နှောလို့ သုံးလို့ရပါတယ်​။ ဝက်​ခြံသမား​တွေအတွက်​ကတော့ Apple Cider Vinegar (ပန်းသီးရှာလကာရည်) လို ရှာလကာရည်​အ​ပျော့စားမျိုး သုံးလို့ရပြီး​တော့ အမည်းစက်​အတွက်​ဆိုရင်​​တော့ အာလူးကိုပါးပါးလှီးပြီး ကပ်​​ပေးတာမျိုး စတဲ့ အိမ်​တွင်းနည်း​လေး​တွေ သုံးကြည့်လို့ ရပါတယ်။

နောက်​အပတ်​ကျရင်​​တော့ မျက်​နှာ​ပေါင်းမတင်​ခင်​နဲ့ ​ပေါင်းတင်​ပြီး​နောက်​ သတိထားရမဲ့ အချက်​​လေး​တွေကို ​ဖော်​ပြ​ပေးသွားဦးမှာမို့ ယောင်းလေးတွေ စောင့်ကြည့်ကြဦးနော်…


Credit: Nandar ( For Her Myanmar )


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here