ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဆရာမ​လေး​ကို သွားကြူမိသောအခါ



သူများတွေ ပြောနေ ကြတယ်
ဆရာမလေး တွေ အလှ က မျက်စိ အေးတယ် ဆိုပဲ

မယုံဘူး စမ်းကြည့် မယ် ဆိုပြီး အကောင့် ထဲက ဆရာမ တစ်ယောက် ကို စကား သွား ပြောတာ

" hi
မင်္ဂလာပါ ဆရာမ "

" မင်္ဂလာပါ ရှင် "

" ဟုတ်ကဲ့ ဆရာမ "

" တား ဗိုက်ထဲက အောင့် အောင့် နေလို့ "

" အောင့် မှာပေါ့
တားက အရက် တွေ အရမ်း သောက်တာ ကိုး "

" စတာပါ ကျွန်တော်က ဆရာမနဲ့  ခင်ချင် လို့ပါ "

" ရပါတယ် ရှင့်
ကျမလဲ ခင်တတ် ပါတယ်
ဒါနဲ့ အရမ်း ဝတယ် နော့
ကျန်းမာရေး ထိခိုက်မှာ စိုးလို့
စေတနာနဲ့ ပြောတာပါ "

အယ် မတတ်နိုင် ဘူးလေ
ကိုက သွားလျှာရှည် မိတာကိုး
ဆရာ လုပ်တာ ခုတော့ ခံပေါ့

" ဟုတ်ကဲ့ ဆရာမ
ဝိတ်ချ ပါ့မယ် "

" အင်းပါ
ဟာသတွေ ရေးတာ တွေ့တယ်
ဖတ်ဖြစ် ပါတယ် "

" ဟုတ်ကဲ့ ဆရာမ ကျေးဇူးပါ "

" အရမ်း ပေါ တယ်နော် "

" ငွမ့် "

" တစ်ချို့ နေရာတွေ ပြောပါတယ်
ဆရာ လုပ်တာ မဟုတ်ဘူးနော်
အမြင်လေး သုံးသပ် ပြတာပါ "

" ဟုတ် ... ဟုတ်ကဲ့ ရပါတယ် ဆရာမ "

" ဒါနဲ့ အသက် ဘယ်လောက်လဲ "

" 25 ပါ ဆရာမ "

" မထင်ရ ဘူးနော် ရုပ် ရင့်တယ် "

တိန် " ဟုတ်ကဲ့ "

" လိုင်းပေါ်မှာ ချည်းပဲ
အလုပ် မလုပ် ဘူးလား
ဒီအရွယ် ရောက်နေပြီ
မိဘကို သနားအုံး ရှင့် "

" ဟုတ်ကဲ့ လုပ်ပါ့မယ် ခင်ဗျ "


" ကျွန်မက ခင်ရင် အဲလိုပဲ ဆုံးမ နေကြ
ကျောင်းက တပည့်တွေ ဆိုလဲ အမြဲ ဆို ဆုံးမ ရတယ်
ပြောမရ လို့ ကတော့ တုတ်နဲ့ ပါ ရိုက်တာ "

ငှယ်
" ကျနော် အလုပ် ရှိလို့
သွားလိုက် ပါအုံးမယ် "

" ဒါနဲ့
ကျွန်မ မှာတာ တွေလဲ မမေ့နဲ့ အုံး ကြားလား "

" ဟုတ်ကဲ့ ဆရာမ " 😭

ဆရာမလေး တွေ လှတာ တော့ လက်ခံ ပါတယ်
ဆရာ လုပ်တာ တော့ လက်မခံ နိုင်ဘူး


Credit: မင်းထက်


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here