Friday, December 10, 2010
အကောင်းဆုံးဟာသတကယ်ရီရပါတယ်
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ.လူရိပ်တစ်ရိပ်.ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ"........."ထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."
Monday, November 15, 2010
Memory အကြောင်းသိကောင်းစရာ
 အထက်ပါပုံလေးတွေကိုသေချာလေ့လာပါ အခြေခံအနေနဲ့ 
ကွန်ပျူတာသုံးတဲ့ သူတွေသိထားသင့်ပါတယ်နားမလည်တဲ့
သူလေးတွေအတွက်ပါဆရာကြီးတွေအနေနဲ့ ကတော့အသေး
မွားလေးတွေဆိုပေမယ် ကျွန် တော် စလေ့လာခါစတုန်းဆိုအ
ခုလိုပြောပြပေးမယ့်သူမရှိပါဘူးဘယ်လိုပဲဖြစ်ဖြစ်သိထားရမှာ
တွေပါ 1GB မှာ 1000MB လို့   အကြမ်းလေ့လာထားရင်ကိုအ
တော်အဆင်ပြေနေပါပြီးလုံးဝမသိသေးတဲ့သူငယ်ချင်းတွေအတွက်
ပါပြောပြတာနော် နောက်ပိုင်းသီချင်းတွေEdit လုပ်တဲ့အခါ MP3
Mp4။MPEG/AAC/3GP ဆိုတဲ့ ဟာတွေလေ့လာတော့မယ်
Flash Song လုပ်တော့မယ်ဆိုရင်ကို Memory အနဲအများပြောင်း
ဖို့ လိုလာပါပြီ Mp3 သီချင်းနဲ့ MPEG နဲ့ MP4 နဲ့ MB ကွာသွားတာ
တွေလည်းလေ့လာကြရမှာပါအခြေခံနော်တချို့ ကMP3 နဲ့ MP4
 ဘာကွာလည်းမသိဘူးMp3 ကရုပ်မပါဘူးMP4ဆိုရင်တော့ရုပ်
ပါတယ်ဆိုတာလောက်တော့သိသင့်ပါတယ်နောဘာပဲဖြစ်
ဖြစ်MP3 နဲ့ MP4 ရဲ့အရှည်ကောက်ကိုကျနော်လည်းမလေ့လာ
ရသေးပါကြောင်း..............
                                         အားလုံးပျော်ရွှင်နိုင်ပါစေ........မောင်(ခေတ္တလူ့ ပြည်)
Friday, November 12, 2010
ကွန်ပျူတာနှေးနေလျှင်မြန်လာအောင်လုပ်နည်းများ
ကားမောင်းတဲ့သူကားပြင်တတ်မှကောင်းသလိုကွန်ပျူတာသုံး
နေတဲ့သူတွေလည်းကွန်ပျူတာပြင်တတ်ဖို လို မယ်လို့ ထင်ပါ
တယ်အားလုံးမသိတောင်အနဲအပါးသိကို  သိထားသင့်ပါတယ်
အဲ ကြောင့်မျှဝေချင်တာလေးကဒီလိုပါကျွန်တော်လည်း လက်ရှိ
သုံးနေပါတယ်ရုံးမှာဆိုကွန်ပျူတာ တွေနှေးကွေးနေတာ ခဏ ခဏဟမ်းဖြစ်တာ(ဖွင့်လိုက်ရင်ချက်ချင်းပွင့်မလာတာ)တွေကိုသိ   သလောက်လုပ်ပေးပါတယ်ငှက်မရှိတဲ့တောတောင်မှာစာထီးက
ငါအကြီးပေါ့ဗျာကျွန်တော်နဲ့ သိတဲ့အခုရုံးကတစ်ယောက်ဆိုစာစီ 
စာရိုက်လုပ်သက်13နှစ်ရှိပါပြီ အခုပြောမယ့် အောက်ပါအချက် လက်တွေကိုမသိပါဘူးသတိမမူဂူမမြင်သတိမူတော့မြူတောင် 
မြင်တယ်တဲ့ ကျွန်တော်လည်းလေ့လာနေတာကြာပါပြီတကယ့်လက်တွေ့ 
သုံးတယ်အချိန်ပေါင်းရင်သူအစွန်းထွက်ပဲရှိပါသေးတယ်ဒါပေမယ့်လေလာမှု အားပါပဲရုံးပိုင်းဆိုင်ရာစာရင်းဇယားရေးဆွဲ နည်းတွေလည်းသူ့ ဆီကသင်ရပါ 
တယ်စာရင်းဇယားကတော့သူသင်ပေးလို့ တတ်တာတွေအများကြီးပါသူများ
ရေးတဲ့ စာအုပ်တွေ ဘလော့တွေဖတ်မှ သိလာလို မျှဝေတာနော်ဆရာကြီး မဟုတ်သလိုကျွန်တော်ရည်ရွယ်ပြောပြ တာက Beginner လေးတွေလူအ 
သစ် ကလေးတွေအတွက်ပါကဲလက်တွေ့ လုပ်ကြည့်လိုက်ပါဒါကလည်းသူ
များရေးပြီးသားတွေပါလုပ်ပုံအတူတူပါပဲ.......
၁။ Desktop ပေါ်ကMy ComputerကိုRight Clickလုပ်ပါ။ Propertiesကိုရွေးပါ။
၂။ System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃။ Performance အောက်က Settings ကို ရွေးပါ။
၎။ Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅။ Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok
ကွန်ပျူတာ စဖွင့်ရာမှမြန်ဖို့အတွက် မလိုအပ်တဲ့ဆော့ဝဲတွေကိုလျော့ချ ရပါလိမ့်မယ်။ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံ     စစ်နေရတဲ့ အတွက်ကြာလှပါတယ်။ဒါကြောင့် မလိုအပ်တဲ့ဆော့ဝဲလ်တွေ ပိတ်သင့်တာကိုပိတ်ရပါလိမ့်မယ်။
၁။ gttask
၂။ Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃။ Adobe Reader, Adobe Gammaစတာတွေဖြစ်ပါတယ်။တခြားမိမိအင်စတော
သာလုပ်ထားတယ်။အသုံးနည်းတယ်ဆိုရင်ပိတ်ထားနိုင်ပါတယ်။အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁။ Start မှ Run ကို ရွေးပါ။
၂။ Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃။ System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင်အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများဖြုတ်၍ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင်စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်း လဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့မေးခွန်း message ပါ။ Don’t Show this စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ်စတက်တဲ့အချိန်မှာမစစ်အောင်ပဲ ပိတ်ထားတာပါ။မိမိလိုအပ်တဲ့    အချိန် Start မှနေ၍ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ပြန်လည်အသုံးပြု၍ရပါတယ်။အကယ်၍ မိမိ သည် အဆိုပါ ဖိုင်တို့ကို ပိတ်ထား ရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက် တစ်ရွက်တွင်ရေးမှတ်         ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ အဲ့နည်းလေးက စက်အဖွင့်အပိတ် ကိုမြန်စေပါတယ်ခဏလေးနဲ့ ပွင့်ပြီးshut down လုပ် တဲ့အခါလည်းအတော်    လေးမြန်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁။ Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂။ Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃။ Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁။ Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။
Properties ကိုရွေးပါ။ startup type အကွက်တွင်Disable ကိုရွေးပါ။ ပြီးလျှင်Apply , Ok ။
၂။ အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider ,  IMAPI CD-Burning တို့ကို ပိတ်ပါ။နောက်တစ်ခုက လူတိုင်းမထင်မှတ်   ထားတဲ့အရာလေးပါ။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။တကယ်တမ်း ကိုယ်သုံး နေရတာက ၁၀ ခုတောင် မကျော် ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲထားပြီးမလိုဘူးထင်တာတွေကို ဖျက်ပစ်ပါ။တစ်ခုလောက်တော့ သတိပေးချင် ပါတယ်။ဖောင့်တွေဖျက်တဲ့ နေ ရာမှာ Character Map မှာ ကိုယ် သုံးနေ တဲ့ font တွေ ကို တော့ မဖျက်ပစ်မိ ဖို့ဖြစ်           ပါတယ်။နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁။ My Computer ကိုဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂။ Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃။ Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ DiskDefragmenter လုပ်တာပါ။ဒီနည်းလမ်းကိုနေ့စဉ်စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁။ Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂။Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။။။ Local Disk (D:) ကိုလဲထိုနည်းအတိုင်း ပြုလုပ်ပါ။ 
ဒါတွေဟာwindow XP အခြေခံပြောပြတာပါ  window 7 မှာတော့ 
လုပ်ပုံမတူနိုင်ပါဘူး window 7ကxp ထက်သာတာတွေရှိသလို အားနည်း 
တာ တွေလည်းရှိပါတယ်ကားဘယ်လောက်မ်ာဒယ်မြင့်ပြီး ကောင်းနေ
ပါစေမောင်းနေကျ ကားလောက်တော့သွက်အောင်မမောင်းနိုင်သလို
သုံးနေကျXP လေးကပဲရိုး ရှင်းစွာရှိနေပါတယ်လို့ အကြံပေးချင်ပါတယ်
အားလုံးပျော်ရွှင်နိုင်ပါစေ........
Thursday, November 11, 2010
ကွန်ပျူတာကိုမြန်ဆန်သွက်လက်စေရန်နှင့်Virus မ၀င်အောင်လုပ်ဆောင်နည်းများ
လိုက်နာရန်။  ။ pen drive လို့ ခေါ်တဲ့ စတစ်တွေမထိုးပါနဲ့ အများဆုံးဝင်လာတဲ့လမ်းကြောင်း ကတော့ memory stick ပါပဲဒါပေမယ့်ကွန်ပျူတာတိုင်းလိုလိုကတော့စတစ်တွေနဲ့ မကင်းနိုင်ပါ ဘူး မဖြစ်မနေသုံးရမယ်ဆိုရင်လည်း မိမိရဲ့ စက်မှာAuto Run ကိုပိတ်ထားပြီးAnti Virus  softwere တစ်ခုခုနဲ့ scan ဖတ်ပြီးမှသာသုံးစွဲသင့်ပါတယ်။
လုပ်ဆောင်ရန်။   ။ အဲဒါတွေကတော့ System Tool ထဲမှာ ရှိတဲ့ Disk Cleanup , Disk Defragmenter တွေဖြစ်ပါတယ်။ အဲဒါတွေအပြင် Temp File တွေ ဖျက်ဖို့အတွက် Run Box ကနေ Prefetch တို့၊ %temp% တို့ ရိုက်ဖွင့်ပြီး Shift + Delete ပါ
ကွန်ပျူတာ သုံးစွဲသူတိုင်း စက်မြန်ဆန်စေဖို့ အမြဲတမ်းလိုက်နာဖို့ကတော့
၁) Software တိုင်း Install မလုပ်ရန်၊ (မိမိတို့အတွက် အသုံးဝင်မှသာ Install လုပ်ရန်)
၂) Memory Stick သုံးစွဲမှုကို လျော့ချရန် (Virus ကို အလွယ်တကူ သယ်ဆောင်နိုင်သည်)
၃) တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် Disk Defragmenter လုပ်ရန်၊ (Window XP တွင် ပါဝင်သည်)
၎) Error များ စစ်ဆေးရန် စသည်တို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။
Auto Run ကို ပိတ်ထားပါတယ်။ CD ရော Memory Stick ရော Auto မဖတ်အောင် ပိတ်ထားပါတယ်။ ပိတ်တဲ့ နည်းလမ်းကတော့
၁) Start မှ Run Box ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) ပေါ်လာလျှင် Computer Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၎) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။
၅) အထက်ပါအတိုင်းပင် User Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ
၆) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။ဒါဆိုရင် Memory Stick ပဲ သုံးသုံး၊ CD ပဲ သုံးသုံး Auto မပေါ်တော့ပါဘူး။ Auto အပေါ်တဲ့အတွက် My Computer က ဖွင့်ရမှာ ဖြစ်ပါတယ်။ လက်တွေ့ လုပ်ကြည့်ပါ နားမလည်ပါကပြန်လည်မေးမြန်းနိုင်ပါတယ်
အားလုံးပျော်ရွှင်နိုင်ပါစေ.......
Wednesday, November 10, 2010
Virus သတ်နည်းလေးပါ
ကိုယ်တိုင်သုံးဖူးလို့ ပြောပြတာပါshar ပေါ့ကိုယ်ပိုင်တော့မဟုတ်ပါဘူးသိပြီးသားတွေနဲ့ မလုပ်နဲ့ နော် မသိသေးတဲ့သူတွေအတွက်ပါဖတ်ဖူးတဲဘလော့တွေကနေပြောပြတာပါ
အင်တာနက်အသုံးပြုနေသူတော်တော်များများဟာ
Memory Stick လေးတွေဆောင်ထားတတ်ကြပါတယ်
ကိုလိုအပ်တာတွေ သိမ်းဆည်းထားဖို့ သီချင်းလေးတွေသိမ်းထားချင်လို့ ဆိုပြီးဆောင်ထားတတ်ကြပါတယ်
တစ်ခါ Cyber မှာ သွားသုံးရင် Stick ထိုးလိုက်တော့ Virus တွေပါလာတတ်ပါတယ်..
Autorun,inf Recycled.exe Rundll32.exe စသဖြင့်ပေါ့ဗျာ...
Stick ထဲမှာတွေ့ ရတတ်တယ်.. ဖျက်လို့ လဲမရ...သတ်ပြန်တော့လဲ မသေ...
USB Disk Security မှာလဲ Delete လုပ်မရ..လုပ်ရလဲခဏပဲ..ပြန်တက်လာတယ်..
အဲဒီလိုလေးတွေမဖြစ်ရလေအောင်..Stick ထဲမှာ ရှိတဲ့ Virus တွေကို
အလွယ်တကူ သတ်နိုင်အောင် နည်းပညာလေးတစ်ခုတင်ပြချင်ပါတယ်..
သိပြီးတဲ့သူငယ်ချင်းတွေလဲရှိကြမှာပါ.. မသိသေးတဲ့သူငယ်ချင်းတွေအတွက်
ရည်ရွယ်ပါတယ်...ကဲဘယ်လိုလုပ်ရမလဲဆိုရင်
notepad တစ်ခုကိုအရင်ဖွင့်လိုက်ပါ
အောက်ပါပြသထားတဲ့ Command တွေကို Copy လုပ်ပြီး
အဲဒီဖွင့်ထားတဲ့ Notepad ထဲကို ထည့်လိုက်ပါ...
@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo
ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Viruskill.bat) ဆိုပြီး ကိုယ့်ရဲ့ Memory
Stick ထဲမှာ Save လိုက်ပါ
အဲဒီ viruskill.bat ဆိုတဲ့ file လေးကိုတော့
မဖျက်ပစ်လိုက်နဲ့...Stick ထိုးတိုင်း အဲဒီ file လေးကို double click
လုပ်ပြီး run လိုက်ပေါ့
ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus
တွေအကုန်ရှင်းသွားလိမ့်မယ်
…… ကဲအားလုံးပျော်ရွှင်ပါစေ....မောင်(ခေတ္တလူ့ ပြည်)
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here