လက်ရှိနေရာ....လက်သုံးစကား
ဒီမှာငွေရတယ်..အလှအပပေါတယ်
ဒါမျိုးလေးနဲ့သာရရင်
တသက်လုံးမပြန်
ကျွန်ဆက်ခံမယ်တဲ့
အတုယူမှာလား..အားကျဖို့လား
မွေးခဲ့တဲ့မြေ..ကြီးပြင်းရာအရပ်
ငွေရှာဖို့အတွက်..၀မ်းရေးအတွက်
ငါတို့လာခဲ့တာ
အချိန်တန်ရင်..အိမ်ပြန်ဖို့
သေချာလို့...ထပ်မေးရင်
အိမ်ပြန်ဖို့..အချိန်တန်ရင်
ဒီစကားဝေ့လည်ကြောင်ပတ်
အဖြေမတတ်သရွေ.
ကျွန်ဘ၀..၀ဲဂယက်မှာ
သက်တမ်းတွေရှည်
အိမ်နဲ့ဝေးအုံးမယ်......။
မူပိုင်........... သံယောဇဉ်
1 မှတ်ချက်:
ကဗျာလာဖတ်တာပါ....
စိတ်ဝင်စားဖို့ကောင်းသောနေရာလေးပါပဲ
ကျွန်မကလဲဖိတ်ခေါ်ပါတယ်...
http://jasminesweet.blogspot.com/
Post a Comment