အတ္တကြီးတဲ့ မိန်းမ
အသည်းနှလုံးမ၇ှိတဲ့ မိန်းမ
အဲ့လိုဂုဏ်ဒြပ်တွေနဲ့
ရှင်သန်လာတဲ့ ငါ.........
ငါ့မာန ငါ့အတ္တ
ငါ့ကိုယ်တိုင် ပျိုးထောင်ခဲ့တာ
နင်တစ်ယောက် ငါ့ဘ၀ထဲ
ခြေလှမ်းမှားေ၇ာက်လာတော့
ငါဆိုတာ ပြောင်းလဲပစ်ဖို့
အခက်သား..
နင်နဲ့ အတူ၇ှိတဲ့အချိန်
ငါ့မျက်နှာမပြုံးပေမဲ့
ငါ့၇င်ထဲ တိတ်တိတ်လေး ပြုံးတယ်
နင့်လက်ကို မတွဲခဲ့ပေမဲ့
စိတ်ကူးထဲ တိတ်တိတ်လေး
ဆုပ်ကိုင်ခဲ့တယ်..
လွမ်းသလားလို့ မေး၇င်
တစ်ခွန်းတောင်ပြန်မဖြေခဲ့ပေမဲ့
စက္ကန့်တိုင်း တိတ်တိတ်လေး
လွမ်းတယ်..
နင်နဲ့အတူ၇ှိတဲ့အချိန်
အပြင်ပန်း ခပ်တည်တည်နေပေမဲ့
ငါ့၇င်ထဲ တိတ်တိတ်လေး
၇ွှင်မြူးနေခဲ့တယ်..
ငါမွေးမြူခဲ့တဲ့ ငါ့မာန ငါ့အတ္တ
အကြိမ်ကြိမ် ချိုးနှိပ်ဖို့
တိတ်တိတ်လေး ကြိုးစားနေခဲ့ပါတယ်..
ငါ့ကိုနင် မချစ်တော့မှန်း သိခဲ့၇တော့
ငါ့၇င်ထဲ တိတ်တိတ်လေး
ကြေကွဲတယ်..
နောက်ဆုံး ဒီမာန ဒီအတ္တ
ငါ့နှလုံးသားကို တိတ်တိတ်လေးသေဆုံးစေခဲ့ပြန်တယ်လေ...
ဆူးသခင်(ရန်ကုန်)
အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအတွက် မောင်(စွယ်စုံကျမ်း)
0 မှတ်ချက်:
Post a Comment