ဘာလည်းလို့မသိခင်
ကမ်းလင့်တဲ့လက်တစုံ
ရင်ခွင်သစ်မှာခိုလှုံရင်း
အေးမြခြင်းတွေကိုသူပေး
ငါ့ဘဝအတွက်..မေမေဟာ..
လမင်းလေးပေါ့........၊၊
ချွေးတလုံးလုံးနဲ့
အမုန်းမဖက်...
ပြုံးလျှက်မျက်နှာထား
သူ့မေတ္တာတရားနဲ့
ဝမ်းစာကိုဖြည့်တင်းပေး
ငါ့ဘဝအတွက်..ဖေဖေဟာ..
နေရောင်နဲ့လရောင်..
ယှဉ်တွဲကာထွန်းလင်း..
ငါ့ဘဝ..အမှောင်ခွင်းပေမယ့်.....
တမ်းတမိစိတ်ကူး
နောက်တဦးက..
ငါ့ဘဝအတွက်..ကြယ်..ကလေး...
နင်ဘယ်ကို...ပြေး...နေ...လဲ...?
ညီညီ(မြန်အောင်)
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။
ကွန်ဖြူးရှပ်+မောင်(စွယ်စုံကျမ်း)
0 မှတ်ချက်:
Post a Comment