Sunday, March 13, 2011
စက်ဝိုင်းထဲကပြယုဂ်များ
နေ၀င်ခြင်းတွေကိုသရုပ်ခွဲရင်းနဲ့ပဲ
ဇရာသဘောဆောင်တဲ့တုတ်တစ်ချောင်းကို
ငါတို့   (အားလုံး)
လက်ကိုင်ပြုခဲံ့ကြတယ်
ရောင်နီကိုမျှော်လင့်ရင်း
သန်းခေါင်ယံကြယ်ပျောက်တဲ့ညတစ်ချ
ို့မှာ
တို့ တစ်တွေ ခဏ  ခဏ
ခလုတ်တိုက်ခဲ့ကြတယ်
အလင်းရောင်ကို စားသုံးပြီးတော့
သူများရဲ့ ဇာတ်လမ်းကျောရိုးတွေ
ခိုး.....ခိုး......ချကြရင်း
အကောင်းဆုံး ဆိုတဲ့ အလုပ်တွေ
ဖန်တီးခဲ့ကြတယ်
ဘ၀ရဲ့ မွန်းတဲ့ချိန်အထိ
သင်္ခါရမျဉ်းပြိုင်ပေါ်မှာ  လောကဓံရှစ်ပါးဟာ
မျက်လှည့်ပြတုန်းပဲ
သူ့ကိုငါမသိ
ငါကိုသူမသိနိုင်လောက်အောင်ပဲ
စိတ်ဝင်စားနေတုန်း.............
...။
ဆည်းဆာအိုတစ်ချို့  မျက်ရည်ပျိုမှ
တိုက်ခဲ့တဲ့..............ခလုပ်
တွေ
မိုက်ခဲ့တဲ့  အရှုပ်တွေ
မှန်ခဲ့တဲ့  သရုပ်တွေကို
ပိုက်စေ့တိုက်  ခုတ်ထစ်ရင်း
ကျေနပ်မှု အပြုံးတွေနဲ့
နေ၀င်တေးကို  သီဆိုလိုက်ကြတယ်...............
                                                     ရဝေသစ်(မြတမာ)
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ကွန်ဖြူးရှပ်+မောင်(စွယ်စုံကျမ်း)
1 မှတ်ချက်:
Unknown said...
ရဝေသစ်တမာမြေရေ..ကဗျာလေးကောင်းလို့ ကူးသွားပြီနော..အားပေးနေပါတယ်
Post a Comment
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here