ပိတောက်ပန်းတွေ........
ဘယ်ရောက်နေလဲ ....
ချစ်ဦး...နွေ......။
နွေတစ်ရက် မိုးတစ်စက်နဲ့ 
မလဲရက်နိုင်ပါ
ချစ်ဦးနွေ...
နွေကြိုက်တဲ့  ပိတောက်တွေ
ဝေနေပြီ ...နွေ တစ်ပင်လုံးလေ...
နွေအလာ လမ်းမှာ...
ကြွေကာနွမ်းတဲ့  ပိတောက်ပန်းတွေကို...
မသနားဘူးလား...နွေ
အများဦးမှာ စိုးရိမ်တယ်ဆို...
နွေကြိုက်တဲ့  ပိတောက်တခက်နဲ့ 
ကိုယ်တိုင်ခူးပြီး စောင့် နေတယ်လေ...
ပိတောက်ခြောက် လို့ ..
နောက်တရောက်လည်း...
မရှာရက်ဘူး............နွေ.
အလာကောင်းပြီး...
အခါမနှောင်း..ဖို့ 
ဆုတောင်းရင်း....
ပိတောက်တွေ ခူးလို့ ...
စောင့် နေမယ်..........
ဖိုးခွားလေး(ကော့မှုး)
အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအတွက်
မောင်(စွယ်စုံကျမ်း)
0 မှတ်ချက်:
Post a Comment