Sunday, April 10, 2011

ငါမမျှော်လင့်တော့ပါဘူး

ထွက်သွားဖို့
အဆင်သင့်ဖြစ်နေပြီဆိုမှတော့
အကြောင်းပြချက်ဆိုတာ ငါ့အတွက်မလိုပါဘူး.....

အချစ်ဆိုတာကို
ရင်ခုန်သံတစ်ခုထည်းနဲ့ပဋပ်ရိုက်ခဲ့တာ
အခြေမခိုင်ပြိုလဲခဲ့မယ်ဆိုရင်
ခံနိုင်ရည်ရှိဖို့ပြင်ဆင်ထားပြိးသားပါ...

အေးစက်နေပြီလို့ပြောတဲ့ 
ခံစားမှုတွေကို အသက်သွင်းဖို့မကြိုးစားပဲ
အသစ်တင်ဖို့ကြိုးစားတဲ့
နင့်နှလုံးသားကိုအပြစ်တင်ဖို့ ငါမကြိုးစားပါဘူး...

အလွမ်းဆိုတာ
ပန်းပန်သလိုပါပဲလို့ 
ခပ်ပေါ့ပေါ့ပြောတက်တဲ့နင့်ကို
အချစ်သည်သာဘဝပါလို့ 
အဆိုတင်သွင်းဖို့လည်း  အကြံမပေးတော့ပါဘူး...

နှလုံးသားဆိုတာ
အမိန့်ပေးတိုင်းနာခံတက်တာမဟုတ်တော့
ရခဲ့တဲ့ဒဏ်ရာ အစိမ်းချုပ်ချုပ်ပြီး 
ပျောက်အောင်ကုဖို့ ငါမငြင်းဆန်တော့ပါဘူး..

ဒဏ်ရာဆိုတဲ့အတိုင်း
သေရာပါအမာရွတ်တစ်ခုနဲ့မလှမပဘဝဆိုပေမယ့်
နင်းလျောက်ဖို့အတွက်စတေးခဲ့တဲ့
နှလုံးသားတစ်စုံကိုတစ်ခါတစ်ရံသတိရနေဖို့လည်း
ငါမမျှော်လင့်တော့ပါဘူး

                          source:အင်တာနက်တစ်နေရာ

အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအတွက် မောင်(စွယ်စုံကျမ်း)


1 မှတ်ချက်:

စံပယ်ချို said...

တစ်ချို့ဒါဏ်ရာကလူကိုအကျီုးပြုတာရှိပါတယ်...
ကဗျာကောင်းလေးဖတ်ရလို့ကျေးဇူးတင်ပါတယ်စွယ်စုံရေ..

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here