ငါ့နှလုံးသားမှာ ခိုးနားတော့
တတောက်တောက် နဲ့ လေ..
ဖွင့်ချင်မှ ဖွင့်မဲ့တံခါး
အမြဲပိတ်ထားတာ ဘာဆန်းလဲ..
အာဒံက ဧ၀ ကိုချစ်တယ်..
၇ိုမီယို က ဂျူးလိယက်ကိုချစ်တယ်..
မင်းနန္ဒာ က ရှင်မွှေးလွန်းကိုချစ်တယ်..
ငါကလည်း နင့်ကိုချစ်တာပဲ..
ဧ၀ က တုံပြန်တယ်..
ဂျူးလိယက်က လည်းတုံပြန်တယ်..
မွှေးလွန်းက လည်းတုံပြန်တယ်..
နင်ကလည်းတုံပြန်တာပဲ..
ကွာခြားသွားတဲ့တုံပြန်ပုံက
ငါ့ဘ၀နဲ့ ငါ့ကုသိုလ်..
လသာတုန်းအူတဲ့ ခွေးအူသံမှ
ဆွေးစ၇ာကောင်းတာ မဟုတ်ဘူး..
နွေေ၇ာက်တိုင်း ဥသြငှက်ရဲ့အသံမှ
လွမ်းစ၇ာကောင်းတာ မဟုတ်ပါဘူး..
လေတိုက်လို့ လန်သွားတဲ့ ပြက္ခဒိန်စာရွက်တွေလို
၇က်စွဲတွေက အကုန်မြန်တယ်..
ဂီတာက ကြိုးပြတ်တယ်..
ခံစားချက်က ကျိုးပျက်တယ်..
အသံတူပြီး အကြောင်းကွဲပုံများ..
မောင်၇ယ်..
နွေပြီးတော့ မိုးနဲ့ ဆောင်း..
ခံစားချက်မဲ့တဲ့ တေးသွားတစ်ပုဒ်လို
နေစားလိုက် လေစားလိုက်နဲ့ ..
ငါဟာ
တဖြည်းဖြည်းနဲ့ အေ၇ာင်ေ၀၀ါး လာခဲ့ပြီ..
ဆူးသခင်(ရန်ကုန်)
ကဗျာတွေအတွက်ဆူးသခင်ကိုဒီနေရာကနေကျေးဇူးတင်ပါကြောင်း....
အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအတွက် မောင်(စွယ်စုံကျမ်း)
0 မှတ်ချက်:
Post a Comment