ကျွန်းခံနေတဲ့  ငါ့ နှလုံးသားကို
တွန်းလှန်ဖို့  ငါ မကြိုးစားတော့ ဘူး
နင့် အတွက်ကောင်းအောင်လုပ်တိုင်း
ငါအတွက် အဆိုးတွေ ဖြစ်လာတယ်
ငါအတွက် အဆိုးတွေ ဖြစ်လာတယ်
နင်ပျော်တိုင်း ငါဝမ်းနည်းခဲရတယ်
နင်ရယ်တိုင်း ငါငိုရတယ်
နင် ပြုံးတိုင်း ငါ မဲ့ ခဲ့ ရတယ်...........
အဖြစ်ပျက်တွေတိုင်းမှာ
ငါ့အတွက် အပျက်တွေပဲဖြစ်လာတယ်
မထင်မှတ်တာတွေက
အမှတ်မထင်ဖြစ်လာတယ်
အကောင်းထက်အဆိုးများတဲ့
ငါနှလုံးသားကို ငါဘယ်လိုပြင်ရမလဲ .........?
အကြောင်းတရားတွေတိုင်းမှာ
အကျိုတရားတွေဖြစ်လာတယ်
နင့် အတွက်အကျိုးတရားက
ငါအတွက်အဆိုးတရားပဲ ဖြစ်လာတယ်.................
ခွင့် လွတ်ချစ်ပေမယ့် 
ခွင့် လွတ်ချစ်ပေမယ့် 
အပြစ်မလွတ်တဲ့  င့ါကို..
နင်ထာဝရ မေ့လိုက်ပါတော့ 
အပြစ်မဲငါ့ နှလုံးသားကိုမှ
ရက်စက်တဲ့  ကျွန်းဖြစ်ထွန်းစေတာကိုး....... .................
နင့်ကိုငါ ကာကွယ်တိုင်း
ငါ့ အသက်ကိုရန်ရှာစေတယ်လေ......... ...........
ဝဍ်ရှိရင်လည်း ဒီဘဝနဲပဲ
ကျေပါစေသား အရှင် မြတ်ဘုရားလို့ 
ဆုမတောင်းပဲ ငါကိုယ်တိုင်ပဲ လည်ဆင်းခံတော့ မယ်
ဝဍ်ရှိသမျှပေါ့ ....................
လူသူမရှိတဲ့  ငါ နှလုံးသားကျွန်းမှာ
နှလုံးသားတံခါးကိုပိတ်
ကြိတ်မှိတ်အိပ်ပြီး
ငါတယောက်တည်းနေလိုက်တော့ မယ်.......။
ဖိုးခွားလေး(ကော့မှုး)
0 မှတ်ချက်:
Post a Comment