Friday, April 1, 2011

မမ ရဲ့  စလင်း body

လေပြေလေးရယ် ...မတိုက်ပါနဲ့ 
ကျနော်ချစ်သူလေး...ယိုင်လဲမယ်..
ပိန်ပိန်လေးနဲ့  သေးနေတာ...
မွေးကတည်းကပါ .... မွေးကတည်းကပါ။

အဝေးကနောကြည့် လိုက်ပါ 
ဝါးချမ်းပြားလေး ထောင်ထားတာ
ထင်ရတာ....ထင်ရတာ.........။

ပူပေါင်းပျံလေး  ချိတ်လိုက်ပါ...
လေထဲမှာတောင် မြှောက်သွားမှာ...
မြင်ရမှာ ...မြင်ရမှာ.....
နေကြာပန်းလေး ပန်ထားတာ
သိပ်လှတယ်လို့  ထင်ရတာ
မျက်နှာတခုလုံး...  မမြင်ရပါ
မမြင်ရပါ ...မမြင်ရပါ.....။

မမအသက်က ၂၈ ကျနော်တော့ ၂၂
နှစ်ယောက်တွဲလို့   ကျနော် လျှောက်လာ
ဘေးကလူတွေ ဝိုင်းပြောတာ...
သားအမိပါ ...သားအမိပါ.....။

တအားချစ်လို့  ပွေဖက်ကာ
အရိုးတွေနဲ့  သူထိုးတာ...
နာလိုက်တာ...နာလိုက်တာ........       
                                 ဖိုးခွားလေး(ကော့မှုး)
 ခံစားချက်အစစ်လို့ သိရပါတယ်

အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအတွက် 
မောင်(စွယ်စုံကျမ်း)


2 မှတ်ချက်:

Anonymous said...

ကျွန်မကိုကြည့်ပြီးကဗျာရေးထားသလိုပါပဲ...
အားလုံးကွက်တ်တိပါပဲ။ ။

Aeimt Kabyar Mon said...

အချစ်မှာသက္ကရာဇ် ၇ှိဘူးတဲ့ 
ချစ်သူမောင်ကပြောတယ်
ဟိဟိ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here