Sunday, May 8, 2011

ဆုတောင်းပေးလျှက်ပါ အမေ....(8/5/2011အမေနေ့ အမှတ်တရ)


အမေ..
ဘ၀ရဲ့ လမ်း
ဖြောင့်တန်းအောင်မြင်
ပျော်ရွှင်ခဲ့ အောင်
ဆောင်ကြဉ်းပေးခဲ့တာ
အမေ ပါ အမေ....

ဒါပေမယ့် လေ
အမေ့ ကိုစွန့်ခွာ
ပျော်ရာမနေ
တော်ရာမှာနေရ
သမီးဘ၀ပါအမေ...

ဘ၀အမောနွေ
သောကတွေထဲလွမ်း
ပင်ပန်းလွန်းက
တမ်းတမိခဲ့တာ
အမေပါ အမေ...

တခါတလေ
ပျော်စရာတွေတွေ့ 
မေ့ပျောက်ကာသွား
အမေက၀ိုးတ၀ါးနဲ့
သမီးမှားခဲ့ တယ် အမေ...

နှုတ်ဖျားကမဆိုသာ
အမေ့ နားမနေရပေမယ့် 
မေ့မေတ္တာ မကုန်ခမ်း
ရွှင်လန်းလို့ကျန်းမာစေ
ဆုတောင်းပေးလျှက်ပါ အမေ....
 
-အေးမြသီတာ -
မေလ 8- ရက်နေ့ သည် နိုင်ငံတကာ အမေနေ့  ဖြစ်ပါသည်။
အမေနှင့် အမေနေ့ သို့ အမှတ်တရ



0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here