အပူတရာ တွေနဲ့ 
မဟူရာညတွေက
နွေ ဖန်ဆင်းခဲ့ တာလားနွေ.............
တောက်ပမှုကင်းတဲ့  ငါရင်ခွင်
လင်းလက်မှုမဲ့ တဲ့  ငါကမ္ဘာကို
နွေဦးက နွေတ၇ာပူခဲ့ တာလား
ဒါမှမဟုတ်...အလင်းတန်းပျောက်အော
မဟူရာညတွေနဲ့ ထားခဲ့ တာလား..........
ဟိုယခင်...နွေနဲ့ တွေ့ တဲ့ ညက
လမရှိတဲ့ မဟူရာညလေ
နှစ်ယောက်သား နုတ်ပိတ်
တိတ်ဆိတ်စွာ နုတ်မဆက်ပဲ
ဝမ်းနည်းစွာနဲ့  လမ်းခွဲခဲ့ ကြတယ်.................
ဘယ်နေ့ ပြန်ဆုံမလဲဆိုတဲ့ 
မျှော်လင့် ချက်များစွာနဲ့ 
ငါတို့ ကျောခိုင်းခဲ့ ကြတယ်........................
နွေမျက်နာကို ကိုကြည့် 
ကို့ မျက်နာကို နွေကြည့် ပြီး
လမ်းခွဲခြင်းဆိုတဲ့  အကြောင်းတရားကို
နှစ်ယောက်သားမျက်ဝန်းထဲမှာ
အဖြေရှာခဲ့ ကြတယ်....................
နွေမျက်ဝန်းထဲမှာ
ဝမ်းနည်းကျေကွဲမှုတွေအပြည့် 
ကို့ မျက်ဝန်းထဲမှာလည်း
နာကျင်ခြင်းဒဏ်၇ာအပြည့် နဲ့ 
အားလုံးရဲ့ မျက်လုံးအစုံကိုမိတ်ပြီး
နှစ်ယောက်သား၇င်နာစွာနဲ့ ပဲ
လမ်းခွဲခဲ့  လိုက်ကြတယ်....................
နွေနေပူမဟူရာညရောက်တိုင်း
နွေကိုသတိရနေတာ
နွေပဲအသိဆုံးဖြစ်မှာပါ.........
အချစ်စစ်နဲ့ မဟုတ်ခဲ့ ပေမယ့် 
သံယောဇဉ်မေတ္တာကြိုးတွေနဲ့ 
ငါတို့ ခိုင်မြဲခဲ့ ကြတာ ၃နှစ်တောင်ကြာခဲ့ ပြီနော်နွေ..............
ဒီနွေဦးမှာ ဥသြငှက်ကလေးတွန်နေတယ်
အသဲကွဲနေတာခြင်းအတူတူ
အဖော်မဲ့ နေတာခြင်းအတူတူ
ငှက်ကလေးရယ် ဥသြလို့ မတွန်ပဲ
နွေဦးလို့  ကူပြီးခေါ်ပေးပါလား
ဒီမှာစောင့် နေတာ ရင်ကွဲနေပြီလို့ .........................
ကိုလည်းထပ်ခါထပ်ခါငိုပြီး ခေါ်လိုက်မယ် နွေဦးရေ..လို့ ........
ဖိုးခွားလေး(ကော့မှုး)
0 မှတ်ချက်:
Post a Comment