ဒီလိုလို ဟိုလိုလိုနဲ့
ပြီးဆုံးသွားမယ့် ဘဝ
သဘာဝမကြဘူးတဲ့.......
ထမင်း ဘယ်ကရ
အိုးထဲက...
ပိုက်ဆံ ဘယ်ကရ
မေမေ့ဆီကလို့ ပြောခဲ့စဉ်...
ဖေဖေဖြေခဲ့ပြီး
ကောင်းကင်နဲ့ မြေကြီးကြား
လူအများ ကြားဘူးကြဦးမည်...
အရာရာ ဟူသမျှ..
လက်ဦးဆရာမှ စေတနာမှန်သည်တဲ့............။။
ကိုယ့်ဝမ်းစာ ကိုယ်ရှာစား
ဘဝဟာ ဒါလားလို့....
အနေဝေးမှ သိရချိန်
ဖေဖေပြောခဲ့တဲ့စကား
ဖေဖေရေ......
ဝေးတစ်မြေ ရပ်ခြား
နာကျင်စရာများနဲ့ ကြုံလာတိုင်း
ဖေဖေရဲ့ စကား
ဒဏ်ကြေဆေး အလားမှီဝဲရင်း.....
ဘဝဟာ ပုံသေမရှိခြင်း ဆိုတာ သိလိုက်တယ်............
ညီညီ(မြန်အောင်)
1 မှတ်ချက်:
ဟုတ်တာတပါ့သူငယ်ချင်းရေ.....
မေမေကိုလွမ်းလိုက်တာဟာ....
Post a Comment