ရင်ထဲမှာ ချည်နှောင်ရင်း
ငါတို့ သူငယ်ချင်း
ထာဝရအတွက် ဖြူစင်ခြင်းတွေနဲ့.......။။
ကံဇာတ်ဆရာရဲ့
အပြင်းပြေ ပြကွက်တွေထဲမှာ
ခဏတာဆုံ တွေ့ရင်း
ဘယ်တော့မှ မမေ့ခြင်းတွေနဲ့.........။။
တွေ့...ကြုံ...ဆုံ...ကွဲ
ဘဝဆိုတဲ့ လောကထဲမှာ
တစ်ဝဲလည်လည်နဲ့ ငါတို့တွေ
ဆန္ဒ အထွေထွေ ရဲ့ကြား
ရိုးသားစွာ နေထိုင်ရင်း
(၁၅၀၀) ကိုဖြိုခွင်းတယ်.......။။
သူငယ်ချင်းရေ............
အတောင်မစုံခင်
မပျံချင်နဲ့ ဟိုအဝေး
စဉ်းစားလို့ တွေးပေါ့......။။
လောကဒဏ် တွေကြား
ဘဝဟာ ခါးသွားမယ်ဆို
နင့်မျက်နှာ ညိုညိုကို
ငါလည်းပဲ မကြည့်လိုဘူး...........။။
စဉ်းစားပါ သူငယ်ချင်း.....
နှလုံးသားရေး စစ်တလင်းမှာ
နားလည်ခြင်းနဲ့ ချစ်တတ်သူကို
နင်ကြုံလာတဲ့ တစ်နေ့
ငါ့ကိုလည်း မေ့ချင်မေ့သွားပေါ့.............
ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment