ပြိုင်တူအမြဲ ပြောမိတယ်။
ခဏခဏ အကြည့်ချင်းဆုံတယ်။
ငါကြိုက်တဲ့အရာကို
နင်လည်း လိုက်ကြိုက်တယ်။
ဒါပေမယ့်...........
ငါ့ကို စိတ်မဝင်စားဘူးလို့ ပြောတယ်
ညာလို့ မင်းကိုတော့ ငါမုန်းလိုက်ပြီလေ..........။
ဒါပေမယ့် ငါချစ်တဲ့သူ မင်းသိပါ
ငါ့နှလုံးသားထဲက ကွက်လပ်ဟာ
မင်းအတွက်
အထူးတလည် ချန်လှပ်ထားတဲ့အရာ။
ဒီနေရာလေးကတော့
မင်းအတွက်
မပြောင်းလဲပဲ အမြဲကျန်နေတော့မယ်ဆိုတာ
မင်းယုံလိုက်တော့ချစ်သူ...။
မျိုးမင်း(ရင်ထဲချစ်)
0 မှတ်ချက်:
Post a Comment