Monday, May 23, 2011

ငါ့ အမှားနဲ့ ငါ

အပင်တိုင်းမှာ
အမြစ်ရှိတယ်
လူတိုင်းမှာလည်း
အချစ်ရှိတယ်...................။

အပင်မြင့်တိုင်းမှာ
အဖျားရှိတယ်
ရေနက်တိုင်းမှာလည်း
ကြမ်းရှိတယ်.........................။

အကောင်းတွေရဲ့
နောက်ကွယ်မှာ အဆိုးတွေရှိတယ်
အဆိုးတွေ၇ဲ့ နောက်ကွယ်မှာလည်း
အကောင်းတွေရှိတယ်.........................။

ငါလေ  နင့် အတွက်မကောင်းခဲ့ ဘူး
နင့် ငါ့ အပေါ်ကောင်းခဲ့ ပါတယ်
နင်နဲ့ ငါစခဲ့ တဲ့ အချစ်ဇာတ်လမ်းက
အခုတော့ အလွမ်းခမ်းနဲ့ အဆုံးသက်လိုက် ပြီလား............။

အမှားရှိသလို
အမှန်လည်းရှိတယ်
ငါလေနင့် အတွက်နဲ့ 
အမှန်တွေကို သိလာပါပြီ.................။
လူလိမ္မာအတွလည်း
ခိုးခိုးပြီး မိုက်ကြတယ်
မလိမ္မာတဲ့ သူတွေလည်း
တိုးတိုးလေး လိမ္မာတယ်
ငါလေနင့် အတွက်နဲ့ 
တိုးတိုးလေး လိမ္မာလာပါပြီ.........................။

အရင်ကအမှား ငါမသိခဲ့ လို့ ပါ
မမှားဖူးတဲ့ သူလည်းရှိမှမရှိတာ
အမှန်ကိုငါသိလိုက်တဲ့ အချိန်မှာ
နင်နဲ့ အဝေးကြီးကိုရောက်နေပြီလား
ငါလေနင့် ကိုနောင်တအချို့ နဲ စောင့် နေတာ
နင်ပြန်လာမယ်ဆိုရင်ပေါ့ ဟာ.............

အခုချိန်မှာနင်ကလွဲပြီး
ဘယ်အရာကိုမှငါမလိုချင်တော့ ဘူး
နင်ရှိရင် ငါ့ဘဝဟာပြီးပြည့် စုံနေပါပြီ.................

အမှားတွေ့ ပြည့် နေတဲ့ ငါ့ ၇င်ခွင်
အမှန်ကိုမြင်လာတဲ့ တနေ့ မှာ
ငါ့ ဘေးမှာနင်မရှိတော့ တာ
ငါ့ အမှားနဲ့ ငါပဲ ပေါ့ ဟာ.............. ။
                                     ဖိုးခွားလေး(ကော့မှုး)


1 မှတ်ချက်:

Anonymous said...

jasmine တောင်ကြီး
ကဗျာလေးကိုရင်ဘတ်ကြီးနဲ့ခံစားဖတ်သွားပါတယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here