ဘာမှရေရာတာ မဟုတ်ဘူး
နင်သိအောင်လည်း သေချာပြလို့ မရဘူး......................
ငါနင်နဲ့ အဝေးကြီးဝေးပေမယ့် 
ငါ့ နှလုံးသားက နင်နဲ့ နီးနေတာ
နင်မသိတာလား ဒါမှမဟုတ်
မသိချင်ယောင်ဆောင်နေတာလား......
ကျီစားတာလို့ ပြောပြီး
ငါ့ ကို ခဏခဏ
ရင်နာအောင်လုပ်တယ်.............
ငါ့ နှလုံးသားက
အညှာမခိုင်ဘူး နင်နဲ့ တွေရင်လေ
အမဲ့ လွန်တဲ့  သရက်သီးလို
လေမတိုက်ပဲ လွယ်လွယ်လေး ကြွေကျသွားတာ..................
နင့် အတွက်နဲ့  ကျခဲ့ တဲ့ 
ငါ့ မျက်ရည်တွေက
ကီးဘုတ် ပေါ်မှာလည်းသက်သေရှိတယ်.........
နင်လှလှမလှလှ
ငါချစ်တာနင့် အလှမဟုတ်ဘူး
နင့် ဘဝကိုပါ......................
နင်ငါ့ နှလုံးသားကို သက်ချစ်တယ်ဆိုရင်လေ
ဓါးနဲ့ မထိုးနဲ့  သေနတ်နဲ့ မပစ်နဲ့ 
နောက်ဆုံး မိုင်းလာမခွဲနဲ့  မသေဘူး သံမဏိလိုပဲ....................
မုန်းတယ်ဆိုတဲ့  စကားတခွန်းနဲ့ သာ
ငါ့ ၇င်ကို ပစ်ခွဲလိုက်ပါ
အစိမ်းလိုက်ကွဲကျေသွားတဲ့ ငါ့ နှလုံးသားက
မြေပေါ်မှာပြန်ကျဲ သွားမှာပါ
တကယ်ပါ...အမုန်းလက်နက်နဲ့ 
ငါ့ နှလုံးသားကို အဆုံးသတ်လိုက်ပါ...............
0 မှတ်ချက်:
Post a Comment