ဆယ်လဖွား...
ရင်ခွင်ကြားက သားကို..
အမေ တေးဆိုပြ...ခဏခဏပါပဲ......။။
ဖိုးလမင်းထံ...
ထမင်းဆီဆမ်း..
ရွှေလင်ပန်းနဲ့..
တောင်းကာတေးဆို...
မေမေ့ ရင်ခွင်အိုထဲ...
သားငယ် စိတ်ကောက်နေဆဲလေ.......။။
မငိုပါနဲ့ ကလေးရယ်...
ကြောင်ကြီး ကိုက်လိမ့်မယ် ဆိုတိုင်း...
မျက်ရည် ဝိုင်းရာကတိတ်...
မေမေ့ ရင်ခွင်မှာ အိပ်စက်လိုက်တယ်......။။
မေမေရေ...
ဒီလိုနေ့ ဒီလိုအချိန်ဆို...
မေမေ့ အိမ်ကို..
အလွမ်းပို ခဲ့တယ်..........။။
မြင့်မိုရ်တောင်မက ကြီးမား...
မိဘ မေတ္တာတရားကို...
ရင်ခွင်မှာ တမ်းတရင်း.....
သား....အဝေးက ကန်တော့နေရင်းပေါ့.......။။
ညီညီ(မြန်အောင်)
1 မှတ်ချက်:
တိတ်တိတ်လေးဖတ်သွားပါတယ်
မေမေကို့လွမ်းလို့ပါ
Post a Comment