ကောင်းကင်မှာ တည်ရှိမှ
သာယာတဲ့ ဘဝလေ............။။
ကြယ်ပေါင်းစုံတွေ ရဲ့ကြား
မာန ဆိုတာမထားရင်
အများကချစ်ခင်လို့
ရတု..ကဗျာတွေကြား
နင်ဆိုတာ အပါများခဲ့တာပေါ့.........။။
မဟူရာညတွေအား
အလင်းရောင်များ ပေးသနားရင်
နင်ဟာအရှင်ခင်ပဲ...........။။
တိမ်မည်းတိမ်ပုပ်များ
ဝင်လာကာ အုပ်မိုးထားလည်း
နင့်ရဲ့ သူငယ်ချင်း
ညလေပြေညှင်းက
အဝေးကို ဖယ်ရှားပေးလို့
နင့်ဘဝ လှပဘို့အရေး
ငွေလမင်းရေ.........
အမြင့်မှာ နေရင်း
မာန တွေနဲ့ စစ်မခင်းနဲ့............။။
ဒီလောကကြီးအား
အေးမြခြင်းတွေ ပေးသနားပါ.........။။
သဘာဝအလင်းတွေနဲ့
ဒီလောကအတွက်
ဆေးတစ်ခွက် တိုက်ခဲ့ပါ.........။။
နင့်ဘဝရဲ့ အေးမြခြင်းမှာ
ထာဝရ သာယာခြင်းတွေ ရှိပါစေ.............။။
ကျွန်တော်၏ သူငယ်ချင်း သူဇာထွန်း အတွက် အမှတ်တရ.ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment