အချိန်ကပေါ့
ရည်ရွယ်လို့ထား
သက်ထားအတွက်လေ
စီးပွားကို ရှာဖွေ လောဘ တဏှာတွေနဲ့...............။။
အိမ်ယာ ထူထောင်
လူတို့ဘောင်မှာ
ပတ်ဝန်းကျင်ကြား
သား..မယားတို့
မျက်နှာမငယ် ဂုဏ်တင့်တယ်အောင်
စီးပွားကိုဆောင်
လောဘအမှောင်ထဲ တစ်ခါပြန်ဝင် တိုးမိဆဲ............။။
ငါလည်းလူပဲ..
ဘာထူးခြား လည်းလေ......။။
လောဘ ရင်ခွင်မှာ
ဒေါသ ခြေရာထင်ဘို့
မောဟ နွံတွေကို နင်းခဲ့တယ်.............။။
ခန္ဓာ ငါးဝ
အနိစ္စ မမြင်
ဒုက္ခ ပင်လယ်ပြင်ထဲ
လက်ပစ် ကူးနေဆဲပေါ့.........။။
ဟို တစ်ဖက်ကမ်း
ငါ ဘယ်လို လှမ်းမလည်း.....?
အဝိဇ္ဇာ ဖုံးထားသမျှ
သုံးစား မရတဲ့ ငါ့ပညာ
လောင်မီး ကိလေသာမှာ
ဘဝတွေ အခါခါနာခဲ့ပြီး
နိဗ္ဗာန် ဆိုတဲ့ ခရီးဝေး
ခပ်ရေးရေးတောင် မမြင်ခဲ့ဘူး...............။။
ဒီပင်လယ် ပြင်ကြီးထဲ
လက်ပစ် ကူးနေလည်း
မေခလာ မျက်နှာလွဲ နေဆဲပေါ့.....။။
ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment