အရင်တုန်းကနင့် အသံက
လှိုင်းသံနဲ့ အတူငါ့နားကိုလာပြီး ရိုက်ခတ်တယ်..........
ငါညင်သာစွာနားထောင်တိုင်း
ချစ်တယ်ဆိုတဲ့ စကားအရင်ကနင်ပြောဖူးတယ်
ငါ့ နားထဲမှာတောင်အခုထိပြန်ကြားယော
အနေဝေးလို့ သွေးအေးနေတာလား
ငါးစိမ်းမြင်လို့ ငါးကင် ပြစ်တာလား
အသစ်မြင်လို့ ပဲ မချစ်ချင်တာလား................
နင်ပဲပြောထွက်တယ်မေ့လိုက်ပါတော့ တဲ့ 
လွယ်လွယ်နဲ့ မေ့ လို့ ရရင်
ငါနင့် ကိုအစကတည်းကမေ့ လိုက်ပြီ.....................
လွမ်းစရာကိုနာစရာနဲ့ ဖြေတဲ့ 
နင်ပေးတဲ့ နာစရာက
ငါ့ အတွက်လွမ်းစရာတွေပဲဖြစ်နေတာ
ငါဘယ်လိုလုပ်မေ့ရလဲ............
နင့်ရင်ထဲမှာ ငါမရှိပေမယ့် 
ငါ့ရင်ထဲမှာနင်ရှိတယ်
နှစ်တွေအကြားကြီး ငါ့ ရင်ထဲမှာနင့် ကိုသိမ်းထားတာ
အခုတော့ ငါ့ ရင်တခုလုံကို အမြစ်တွယ်နေပြီ................
နင့် ကိုငါအဆိပ်ရည်မလောင်းခဲ့ ဘူး
ငါ့ မျက်ရည်တွေပဲလောင်းခဲ့ တာ
နင်ငါ့ ရင်မှာထာဝရရှင်သန်ဖို့ အတွက်ပါ
နင့် ရင်ထဲမှာတော့ 
ငါ့ကိုမေ့ လိုက်တော့ ဆိုတဲ့ စကားနဲသတ်လိုက်ပေါ့ ................
ဒီကမ္ဘာမှာငါမရှိတော့ တဲ့နေ့ က
နင့် ကိုမေ့တဲ့ နေ့ လိုပဲမှတ်လိုက်ပါ.............
ဖိုးခွားလေး (ကော့ မူး)
0 မှတ်ချက်:
Post a Comment