အချိန်တန်တော့ မြေမှာကြွေတယ်
အေးမြတဲ့ စမ်းက
နွေအလည်မှာခမ်းခဲ့ ရတယ်
သာနေတဲ့ လက
မကြာခဏတိမ်းဖုံးတယ်
ကြယ်စုံတဲ့ ကောင်းကင်က
ညဉ့် နက်သန်ကောင်ယံဆိုခဏခဏကြွေကျတယ်
အေးစက်တဲ့ ပင်လယ်ပြင်က
တခါတခါမှာမုန်တိုင်းကျတယ်
လေအတိုက်မှာ
သစ်ရွက်တွေမြေမှာကျတယ်
နင်းမုန်းလိုက်တဲ့ 
ငါ့ နှလုံးသားလည်းတလိမ့် လိမ့် နဲ့ မြေမှာခတယ်...................
အချစ်၇ဲ့ အစဟာအမုန်းဆိုရင်
နင်ကလွဲပြီးငါဘယ်သူ့ ကိုမှမချစ်ချင်တော့ဘူး
ကွဲကွာခြင်းရဲ့ အစဟာ တွေဆုံခြင်းဆို၇င်
ငါဘယ်သူနဲ့ မှ မတွေ့ ချင်တော့ ဘူး
လွမ်းတာရဲ့ အစဟာသံယောဇဉ်ဆိုရင်
ငါဘယ်သူကိုမှ သံယောဇဉ်မထားချင်တော့ ဘူး
ငါလေတခါတလေ သဘာဝတွေကိုလွန်ဆန်ချင်နေပြီ....
ဖိုးခွားလေး(ကော့မှုး)
0 မှတ်ချက်:
Post a Comment