ဟပ်လား....................?
ကြားဘူးတဲ့ ဒီစကား
ဒဿဂီရိနဲ့ ငါ့အတွက်များ
နားခါး လိုက်ပါလားနော်........။။
ဆိုင်သူရှိပြီးသားပန်း
မသိပဲနဲ့ လွမ်းမိတယ်....။။
ဒဿလိုအရှုံးနဲ့
နှလုံးသားတွေ ကြွေပြုန်းလည်း
သတိရနေဆဲပဲလေ.............။။
အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူးဆိုလည်း
ဒုတိယ လူတွေအား
ဒဿမင်းအလား တင်စားကြတယ်
ဘာကြောင့်ပါလည်း လောကကြီးရယ်..............။။
အချစ်ကိုရှုံး
မြှားဒဏ်ချက်မှာ သေဆုံးလည်း
ရာဇဝင် တွင်တဲ့ ဂုဏ်သတင်း
မကောင်းချင်းတွေနဲ့လေ
သြော်.....ဒုတိယ လူတွေ.................။။
မဖြစ်နိုင်တဲ့ ဘဝကို
ခံနိုင်ရည်မ ရှိလည်း
ငါ့အသည်းက ဆက်မိုက်နေတယ်...........။။
အလိုမတူတဲ့ အချစ်
အပြစ်ဖြစ်တယ်ဆိုလည်း
ငါ့ဘဝရဲ့ သမိုင်း
ခပ်ရိုင်းရိုင်းပဲ ရေးလိုက်ချင်တယ်............။။
ကောင်မလေးရေ.............
ရွှေမင်းသားထက်များ
ငါ့အချစ်က လျှော့နည်းသွားတယ်ဆို
နင်နဲ့ငါ နှစ်ယောက်ကြား
ဘယ်တော့များမှ မဆုံဆည်းရပါစေနဲ့..............
နင်သတိရနေချိန်မှာ
ငါမေ့နေပါတယ်ထင်ရင်
နင်နဲ့ငါ နှစ်ယောက်ကြား
ဘယ်တော့များမှ မဆုံဆည်းရပါစေနဲ့..............
ပေးဆပ်ခြင်းဆိုတာကို
နင်မသိသေးခင်
ငါ့ဘဝ နေဝင်ခဲ့ရင်လည်း
ငါ့ရဲ့ နှလုံးသား
နင်လျှောက်မယ့် လမ်းပေါ်မှာ ဖြန့်ခင်းပေးသွားမယ်.........။။
နင်လျှောက်သွားပါကွယ်
ဟိုး........ရှေ့မှာ...ရွှေမင်း
ညီညီ(မြန်အောင်)
1 မှတ်ချက်:
မဖတ်ဖြစ်တာကြာပြီထင်တယ်ကဗျာလေးဖတ်သွားပါတယ်
ဆက်လျှောက်ဦးမယ်ရှေ့မှာရွှေမင်းသားလေးစောင့်နေတယ်ဆိုလို့ပါ။
အိမ်ကချစ်လင်ကိုတောင်မေ့သွားတယ်
Post a Comment