နင်က လမင်းကြီးဆို
ငါက ကြယ်ကလေးပါ.......။။
ငါလို ကြယ်တစ်ပွင့်
ကြွေကြလို့ မြေမှာခ
နင် ဝမ်းနည်း ရမှာလား.....?
မထင်ပါဘူး
နောက်ထပ် အများစု
နင့်ဘေးနားမှာ အဖော်ပြုနေတယ်............။။
သုဘဒ္ဒါ မုန်းတဲ့ ဆဒ္ဒန်
သီတာမုန်းတဲ့ ဒဿ
နင်မုန်းတဲ့ ငါ့ဘဝ
အသည်းနာပေမယ့် နောက်ဆုံး
ချစ်သူကိုတော့ ပြုံးပြနေဦးမယ်...........။။
အမုန်းဆိုတဲ့ ရေစက်တွေ
ငါ့ကို ပက်ဖျန်း နေမှတော့
ရှောင်ပြေးလို့ မလွတ်နိုင်
မာနဆိုတဲ့ တိုင်ကြီးလည်း
ယိုင်နဲ့ ကာ လဲခဲ့ပြီ..............။။
နင့်ရဲ့ရှေ့မှောက်
ဒူးမထောက်ချင်ပေမယ့်
မူးနောက်နေတဲ့ နှလုံးသားက
ငါ့မာနကို..
ရူးလောက်အောင် ပြုစားခဲ့တယ်..........။။
ဒါပေမယ့်...
ပြန်ရလိုက်တဲ့ ဘဝ
အရာရာ မမျှတဘူး...
ဝေးကွာခြင်း နေ့ရက်တွေအား
အမုန်းတွေက ထပ်ခြားလိုက်တယ်..........။။
အမုန်း သံသရာမှာ
လူဖြစ်လာတဲ့ ငါကတော့
အားလုံးရဲ့ ဝေဖန်မှု
ဗီလိန် ဆိုတဲ့ ဆုတစ်ခုနဲ့
အချစ်ကို အလေးပြုနေဆဲ........။။
ဘဝ ခပ်မွဲမွဲမှာ
ငါ ဆုတောင်းမှားခဲ့တော့လေ
မုန်းနိုင်ပါစေ....
မေ့နိုင်ပါစေ........
နှလုံးသားဟာ နွေ
ထာဝရ အတွက် ပူပါစေ
ကျေနပ်နိုင်မလား နွေ............။။
ညီညီ(မြန်အောင်)
2 မှတ်ချက်:
လာရောက်ဖတ်သွားပါတယ်။
ကောင်မလေးရေ....
နင်က လမင်းကြီးဆို
ငါက ကြယ်ကလေးပါ.......။။
ငါလို ကြယ်တစ်ပွင့်
ကြွေကြလို့ မြေမှာခ
နင် ဝမ်းနည်း ရမှာလား.....?
ဒါလေးကို ကြိုက်တယ်ဂျာ
အားပေးနေပါတယ်။
ခင်မင်လျှက်
ကဗျာလေးကိုခံစားဖတ်သွားပါတယ်
ကဗျာကောင်းလေးပါပဲ
Post a Comment