စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရင်း
ငါလေ.....
အိပ်မက်တွေကို အသက်သွင်းနေတယ်............။။
ဘဲဥကို အစရှာနေဆဲ
(မျောက်) အုန်းသီး ရသလိုပဲလေ
ငါ့ရဲ့ အသိဥာဏ်
ကလေးဆန်ဆန်ပါပဲ
သတိရခြင်းတွေကြား
စဉ်းစားမှုတွေ ရူးသွပ်သွားပြီလား......?
ပန်းတွေ မမွှေးဘူး
စမ်းတွေမအေးဘူး
နွေတရာ ဘဝတွေမှာ
မဟူရာညတွေရဲ့ အလင်းမဲ့ကောင်းကင်
ဘဝကို နာကျင်စေတယ်..............။။
ရှင်ငွေလမင်းက
အမှောင်ညကို လစ်လျှူရှုရင်း
မှောင်မည်းခြင်းတွေရဲ့ကြား
ကာရံ တွေပျောက်ရှသွားတယ်
ကဗျာလေးကို သနားပါတယ်..............။။
ငါ.....
သံစဉ်မရှိတဲ့ သီချင်းကို ညည်းတယ်
ကာရံမရှိတဲ့ ကဗျာကို ရေးတယ်
ဆုံနိုင်ခွင့် မရှိတဲ့ ကမ္ဘာက
နှလုံးသားကို တော့ ဒဏ်ရာတွေပေးတယ်......။။
နေရာတွေက အလှမ်းဝေးတယ်
တမ်းတခြင်းတွေနဲ့ ဆွေးတယ်
မျော်လင့်ချက်မဲ့ခြင်းတွေက
ကဗျာမှာ ချပြခွင့် မရှိတော့လေ... ဝေးဝေးမှာနေ...........။။
ဘယ်သူမှ မသိနိုင်တဲ့ ခံစားချက်
ရင်ထဲမှာ ကမ္ဘာပျက် သလိုပါပဲ......
နားလည်မှုတွေ ရဲ့ကြား
ငါတို့ တဖြည်းဖြည်း ဝေး.....သွား.....တယ်........။။
အမှောင်ညကို လစ်လျှူရှုရင်း
မှောင်မည်းခြင်းတွေရဲ့ကြား
ကာရံ တွေပျောက်ရှသွားတယ်
ကဗျာလေးကို သနားပါတယ်..............။။
ငါ.....
သံစဉ်မရှိတဲ့ သီချင်းကို ညည်းတယ်
ကာရံမရှိတဲ့ ကဗျာကို ရေးတယ်
ဆုံနိုင်ခွင့် မရှိတဲ့ ကမ္ဘာက
နှလုံးသားကို တော့ ဒဏ်ရာတွေပေးတယ်......။။
နေရာတွေက အလှမ်းဝေးတယ်
တမ်းတခြင်းတွေနဲ့ ဆွေးတယ်
မျော်လင့်ချက်မဲ့ခြင်းတွေက
ကဗျာမှာ ချပြခွင့် မရှိတော့လေ... ဝေးဝေးမှာနေ...........။။
ဘယ်သူမှ မသိနိုင်တဲ့ ခံစားချက်
ရင်ထဲမှာ ကမ္ဘာပျက် သလိုပါပဲ......
နားလည်မှုတွေ ရဲ့ကြား
ငါတို့ တဖြည်းဖြည်း ဝေး.....သွား.....တယ်........။။
ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment