Thursday, June 30, 2011
ငါ့ ဘဝထက်နင့် ကိုပိုချစ်တယ်
 ကောင်မလေးရယ်
မဖြစ်နိုင်ရင်လည်း
မျှော်လင့် ချက်မပေးပါနဲ့ 
ရင်နာမဲ့ စကားတွေနဲ့ ငါ့ ရင်ကို
ဒဏ်ရာတွေထက်မသွင်းပါနဲ့ တော့ 
ငါခံနိုင်ရည်တွေ မရှိတော့ လို့ ပါ.....................။
ငါ့ ဘဝထက်နင့် ကိုပိုချစ်တယ်
ဒါကြောင့် လည်းငါ့ ဘဝအပျက်ခံပြီး
နင့် ဘဝကိုတည်ဆောက်ပေးခဲ့ တယ်...................။
မဆုံဆည်းနိုင်တော့ ရင်လည်း
အိမ်မက်တော့ မက်ခွင့် ပေးပါ
နင်ကတော့ မသိသလိုနဲပဲငါ့ ကိုမေ့ လိုက်ပါ
ငါ့ ဒဏ်ရာတွေ ကုစားဖိုအတွက်က
အချိန်ဆိုတာ မဖြစ်နိုင်တော့ ဘူး
ငါဆိုတာဒီကမ္ဘာမှာ မရှိတော့ ရင်တော့နင့် ကိုမေ့ မှာပါ............။
ငါ့အသက်ရှင်နေသရွေ့ တော့
နင့် ကိုသတိရခွင်လေးပေးပါ
ဒါပေမယ် နင့် ငါ့ ကိုအမှတ်မရချင်နေပါ........................။
ငါနင့် ကိုချစ်နေရင်
ငါ့ ၇င်တွေကွဲမယ်ဆိုတာငါသိတယ်
ဒါပေမယ့် လည်းနင့် ကို ရင်နာနာနဲ့ ဆက်ချစ်နေမယ်.....................။
ပန်းတိုင်းမွှေးဖို့ လည်း ငါစိတ်မကူးဘူး
စမ်းတိုင်းအေးဖို့ လည်းငါမတောင်းတဘူး
နင့် ရင်ထဲမှာ ငါရှိနေဖို့ လည်း မမျှော်လင့် ရဲပါဘူး.........................။
ဒါပေမယ့် ကောင်မလေးရယ်
တစ်ခုလောက်တော့ ခွင့် တောင်းပါရစေ
နင်အခက်ခဲ တွေကြုံတိုင်း
ဝမ်းနည်းကြေကွဲတိုင်း
စိတ်ဓါတ်တွေကျတိုင်း
နင့် ကို အရာအားလုံးကစွန်ပစ်လိုက်တိုင်း
ငါ့ နာမည်လေးတစ်ခွန်းလောက်ခေါ်ပြီးသတိရလိုက်ပါ
ငါနင့် ဘေးနားမှာပေးဆပ်ခြင်းတွေနဲ့  ထာဝရနေချင်လို့ ပါ......................။
ငါ့ ရင်ခွင်ထက်အရာရာပြည့်စုံနေရင်တော့ 
ငါလေနင်ရှိတဲ့ ကမ္ဘာကနေအပြီးပိုင်ထွက်သွားပေးပါ မယ်
အဲဒါတွေအားလုံးဟာ  ငါ့ ဘဝထက်နင့် ကိုပိုချစ်ခဲ့ လို့ ပါ.....................။
                                                                                                                     ဖိုးခွားလေး   ( ကော့ မှူး)
0 မှတ်ချက်:
Post a Comment
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here