ကိုယ်ပိုင်အင်အားနဲ့
ပိုးမျှင်များကို ထုတ်လွှတ်ရင်း
အိမ်တစ်ခုကို ဖန်ဆင်းတယ်...........။။
ငါ............
ဘယ်သူ့ကိုမှ မမြှူဆွယ်
ဘယ်သူ့ကိုမှ မဖိတ်ခေါ် ခဲ့ပါဘူး..............။။
ငါ့ရဲ့...........
မဝင်ရ...နယ်မြေထဲကို
အလှဆိုတဲ့ ဂုဏ်အရောင်နဲ့
မာနထောင်လွှား...ငါ့အိမ်ထဲကို ကျူးကျော်နားတယ်...........။။
နင့်အလှတွေကြား...
ငါ မြောမသွားဘူး..........
ငါ.....အလှအပ မသိဘူး...........။။
ဒီအိမ်လေးထဲ
ဝင်ရောက်လာရင်လည်း
ဦးနှောက်တွေကို ဖောက်စားရင်း
ငါ...ဧည့်ဝတ်ကျေပွန် ခြင်းတွေနဲ့............။။
သဘာဝကို မသိသမျှ
ငါ့ကို..အားလုံးက အပြစ်ပုံချတယ်....။။
အလှအပလေးတွေအား
ငါ့ကြောင့်များ ပျက်စီးသွားသတဲ့...........။။
ငါ့တားမြစ်နယ်မြေကြား
နင်ဝင်ရောက်နားခဲ့ရင်..........
ပတ်ဝန်းကျင် အပြစ်ပြောလည်း
အသည်းနှလုံးတွေတော့ ဖောက်စားမြဲလေ...............။။
ကျွန်တော်၏ ဆရာ မောင်(စွယ်စုံကြမ်း) အား ရည်ညွှန်းပါသည်........။။
ညီညီ(မြန်အောင်)
ဆရာညီကကျနော့အတွက်တဲ့ဟုတ်ရဲ့လားတော့မသိဘူးဗျာစွယ်စုံဆိုတာကိုနောက်
ကရေနွေးကြမ်းနဲ့ ကြမ်းထားတယ်ဗျတေပီဆရာ..ကျမ်းဆိုတာအဲ့လိုဟ.............။
တော်ပါသေးတယ်ကျနော့အားရည်စူးပါသည်ဆိုအရှင်လတ်လတ်နတ်ပြည်တက်ရ
မလို့ ..။
1 မှတ်ချက်:
တစ်ကယ်ပဲဦးနှောက်တွေဖောက်စားမှာလား
ကြောက်တတ်လို့....ပြေးပြီနော်...
Post a Comment