မသိကြဘူး မြန်ဖို့ ပဲ တွေးနေကြတာ တကယ်တော့RAM Memory နဲ လို့ နှေးတာ
ကတော့ဘယ်လိုမှမြန်ချင်လို့ မရပါဘူး စက်ကောင်းနေရက်နဲ့ နှေးတာဆိုရင်တော့
သုံးတဲ့သူက စနစ်မကျတာရယ် အခြေခံမရှိကြတာရယ်ကြောင့် သုံးတာကြာရင်
နှေးလာတတ်ပါတယ် ဘာလို့ နှေးတာလည်းဆိုတော့ Temp ဖိုင်တွေ Recent တွေ
နဲ့ Prefetch ဖိုင်တွေကို မဖျက်လို့ ပါ ပြီးရင်Disk Cleanup နဲ့  Diskdrafgmeter
မလုပ်ကြလို့ ပါ နောက်တစ်ခုကတော့Virusကြောင့်လည်းနှေးပါတယ်သုံးတဲ့ဝင်းဒိုး
Ramမကိုက်လို့ နှေးပါတယ် နှေးတာပြောရရင်အကြောင်းအမျိုးမျိုးကြောင့်နှေးတာ
မြန်ချင် တယ်ဆိုရင် စောစောကပြောခဲ့သလို Run box မှာ ရိုက်ပြီးကိုယ်တိုင်ဖျက်
လည်းရသလို Cleanerဆော့ဝဲတွေနဲ့  အလွယ်တကူ ဖျက်နိုင်ပါတယ် ကိုယ်တိုင်
မလုပ်တတ်ရင် ဆော့ဝဲနဲ့ ဖျက်တာကောင်းပါ၏ သန့် ရှင်းတဲ့ဆော့ဝဲတွေကိုတော့
ဒီမှာဖတ်ပါအသေးစိတ်ရေးထားပါတယ် (နှိပ်ကြည့်..) နောက်မြန်တဲ့နည်းကတော့
လုပ်နည်းလေးလွယ်ပါတယ်.......။
(၁) My Computer ကို Right Click ထောက်ပြီး Propertires ကိုသွားပါ
(၂)Advance System Setting ကိုနှိပ်ပြီးပေါ်လာတဲ့အထဲမှာ Setting ကိုနှိပ်
(၃)Performance Option မှာAdjust for best performance ရွေး Apply= Ok
ပြီးရင်တော့ အရောင်နဲနဲပြောင်းသွားပါ့မယ် ကွန်ပျူတာကတော့ အရင်ထက်သွက်
လာမှာပါ ဖိုင်တွေဖွင့်တာပဲဖြစ်ဖြစ် ဆော့ဝဲတွေဖွင့်တာပဲဖြစ်ဖြစ်မြန်ပါတယ် ပြဿ
နာ တစ်ခုကwindow7မှာဆိုရင် ဓာတ်ပုံFolder ကိုဖွင့်လိုက်ပုံတွေ မပေါ်တော့ဘူး
စမ်းကြည့်ဖူးလားမသိဘူး ကျုပ်လုပ်တာတော့မရဘူးMedium ပြောင်းလည်းမရဘူး
ပုံမပေါ်တာပြောတာပါ ကလစ်ကြည့်မှပဲပေါ်တော့တာXP မှာဆို View Thumbnail
ပြောင်းမှ ပုံတွေပေါ်တာမလားwindow7မှာတော့အဲ့စနစ်မပါတော့ပဲ Medium တို့ 
Large တို့ ပါ တယ် ပြောချင်တာကတော့Best performance နဲ့ သုံးရင်medium
ပြောင်းလိုက်လည်း ပုံမပေါ်တော့တာကိုပါ နောက်တစ်ခုက ခင်များကွန်ပျူတာ
ကမကောင်းပဲ အရင်တုံးကP4တို့  Processor ကလည်းအခုထွက်တဲ့ i3,i5,i7တို့ 
မဟုတ်ရင်နှေးမှာ ဆိုလိုတာကတော့ဗျာ ဘယ်လောက်တော်တဲ့ စက်ပြင်ဆရာ
ပဲဖြစ်ဖြစ်(ထော်လာဂျီ)ကို (မာစီးဒီးကား)လောက်မြန်အောင် လုပ်မရပါဘူးဗျာ
ဟုတ်တယ်ဟုတ် အဲ့တော့နှေးရင် စိတ်မပျက်နဲ့  အခြေနေကြည့်လုပ် မြန်လာ
မှာပါ နောက်တစ်ခုက စကားစပ်မိလို့  Window7သုံးတဲ့သူတွေက Xp ထက်
error များတယ် Window Explorer Stop working တို့ ဘာတို့ ပေါ့ အစရှိသဖြင့်
error မျိုးစုံတယ် Ram မနိုင်လို့ ဖြစ်မှာwindow7 System Requirement က
RAM 2GB တဲ့ RAM 1GB နဲ့ ဖြစ်သလို တင်ထားတဲ့ သူတွေလည်းရှိပါတယ်
အဲ့လိုလူတွေမှာ ပြဿနာပိုပြီးများတယ် ကိုယ်တိုင်တော့ ဘာမှအဖြစ်မရှိပါဗျား)း)
ဝေဖန်ကြည့်တာလေ Thumbnail ပြဿနာကိုတော့ကျုပ်တင်ကြုံရတာမဟုတ်ဘူး
လူအတော်များများက Miscrosoft ကို မေးထားတာတွေ့ ရတယ် ဒီလင့်လေးမှာ
ဖတ် http://answers.microsoft.com/en-us/windows/forum/windows_7
Window7က Animation ပုံအရှင်တွေကြည့်ရတာXp လောက်အဆင်မပြေဘူး
ကဲလေတော့အတော်ရှည်သွားပြီမြန်အောင်လုပ်ချင်သူကတော့စမ်းကြည့်ပေါ့ဗျာ
ဗဟုသုတရပါတယ်ကျုပ်လည်းလေ့လာနေဆဲဆိုတော့ မှားပါရင်တော့ပညာရှင်များ
ပြင်ပေးပေါ့တစ်ခုပဲထော်လာဂျီကိုမာစီးဒီးလောက်မြန်အောင်ဆရာမောင်ရေလုပ်ပါ
အုံးလို့ ဖိုးခွားတို့ ညီညီတို့မအော်နဲ့ နော်မင်းတို့ ဟာထော်လာဂျီကြီး နာကမာစီးဒီး
လေ..အပျော်သဘောနဲ့ စတာပါဗျာ.............................။
ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)
3.1.2012 လေ့လာချက်အရ Folder Option ကနေ ပုံမြင်ရအောင် ပြင်လို့ ရသည်
9 မှတ်ချက်:
အဲဒါတွေအားလုံးတော့ လုပ်ထားပါတယ်... ခက်တာက Excel နဲ့ အလုပ်လုပ်သူမို့ Excel လေးရင် သေချင်စော်နံတယ်ဗျာ.. အဲဒါ နည်းလမ်းရှိမလားဗျာ... ၀င်းဒိုးက xp ပါ ။
အားနည်းချက်ကတော့ စက်ကို တစ်ခါမှ မပိတ်ဘူး. (တစ်လမှ တစ်ခါ နှစ်လ တစ်ခါလောက်ပိတ်တယ်၊ Restart က တစ်ပတ် နှစ်ပတ်မှ တစ်ခါ ချဖြစ်တယ်။ Excel File တွေမှာ Tab 40 ကျော်သုံးတာရှိတယ်၊ Macro တွေ ဘာတွေလည်းသုံးသေးသဗျာ ) ဒါတွေက ဆိုင်မလားလို့ပြောတာပါ ခင်ဗျာ။
ပြောချင်တာတော့RAMဘယ်လောက်၇ှိလဲဆိုတာပါပဲဦးလေးမိုးယံရေ..Excel
တစ်ခုထဲပဲမြန်ချင်ရင်ရပါတယ်(မကြာမီလာမည်.ဟိဟိ)Tab40ကျော်တာရပါ၏
သားတို့ ဆိုPanasonic Model 100ကျော်တယ်မြန်နေတာပါပဲ..ဆွေးနွေး
မှုအတွက်ကျေးဇူးပါဗျာ...။
RAM က 4.19 GB တဲ့ဗျာ..
ဒါဆို စောင့်ဖတ်ရမယ်ပေါ့... မကြာမီပဲလာဗျာ.. ကြာမည် မျှော်တော့ လုပ်နဲ့ဗျာ။ နော့
ဝင်းဒိုးကို သုံးကတည်းက Graphical Mode နဲ့ သုံးချင်လို့ကို သုံးစွဲတာ။ text mode ထက် Interface သာတယ်လေ။ မြန်ပါတယ် ဆိုတဲ့နည်းက မနိမ့်လိုက်တာဗျာ။ မမြန်ချင်၇င်နေပါ။ ရိုးရိုးဘဲ နဂိုအတိုင်း သုံးမယ်။ ကျေးဇူးတင်တယ်။ ဟုတ်မလားလို့ အချိန်ကုန်ခံ စမ်းသပ်ကြည့်မိတဲ့အတွက်။
ကျေးဇူးပါကိုသနားတယ်ရယ် ကျုပ်တို့ လည်း ရေးတတ်သလောက်ပဲရေးတာပါ အဆင်ပြေသလိုသုံးပါနော် အားပေးမှုအတွက်ကျေးကျေး
Thanks for all.
ဆွဲလိုက်တယ်ဗျာ၊ ဖလမ်းဖလမ်းတော့ ထသွားတယ်။ ဒါပေမယ့် font တွေက ဘယ်လိုဖြစ်နေလဲ မသိဘူး။ တစ်မျိုးဖြစ်သွားတယ်။ မှန်လားမသိဘူး။
ကျေးဇူးဗျာ။
အကို ကျနော်စက် microsoft excel ဖွင့် မရဘူးဖြစ်နေတယ် ကူညီပါဦး။
အသေးစိတ်ဖြစ်ပုံကို..ပြောပြပေးပါလားဗျ ဒါမှကူညီလို့ ရမှာ zwmnna@gmail.com ကို မေးပို့ ပေးပါနော်..Excel ဖွင့်မရတဲ့သူငယ်ချင်း...
Post a Comment