ဇင်မီ (သို့မဟုတ်)ရတနာတို့ရဲ့မြစ်ဖျား

ညညဆို
ကြယ်ကလေးတွေနဲ့ အတူတူလမ်းပျောက်ရင်း
နေ့နေ့ဆို
ဆောင်းနှောင်းသဇင်လေးတွေနဲ့အတူ
တူဖူးပွင့်ရင်း
ကလေးလေးတစ်ယောက်အရွယ်ရောက်ခဲ့ပြီ
ဇင်မီ..။
အခု
စွယ်တော်လေးတွေရဲ့အစိမ်းရောင်ခြေစစ်ပွဲရာသီ
မြို့ကလေးမှာပျော်ရဲ့လား
ငါ့သက်တန့်ချိုချိုလေးဟာ
နင်ပဲ  ဇင်မီ..။
မြစ်သာရဲ့ရင်ခွင်မှာပျော်ရဲ့လား
ငါ့တစ်ဘ၀လုံးရဲ့ရေစီးသံဟာလည်း
နင်ပဲ....ဇင်မီ။
ကြယ်စင်တွေတိုက်ပွဲကျတဲ့ည
အလွမ်းမှောင်မှောင်ကငါ့ကိုလောင်မြိုက်တယ်
ဇင်မီ..။
ကောင်းကင်ပေါ်ကကောက်ရတဲ့ရွှေရုပ်ကလေးလို
ငါနင့်ကိုချစ်တယ်ဇင်မီ။
နင့်ပါးပေါ်ကတဖွားဖွားကြွေဆင်း
လင်းလင်းကလေးမွှေးနေတဲ့
သနပ်ခါးမှုန်လေးတွေကအစ
နင်နဲ့ပတ်သက်သမျှအားလုံး
ငါချစ်ရတယ်   ဇင်မီ....။   
                                         အောင်မှူးဝေ


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here