Monday, August 29, 2011

သစ္စာဖောက်ကဗျာ(၁)

သစ္စာဖောက်တေးသံနဲ့ကြမ္မာငင်နေတဲ့
စိမ်းလန်းမှုတွေထဲ
မေတ္တာတရားအကြောင်းချရေးရင်း
ပေါက်ဓားကမနက်ဖြန်ရဲ့ရင်အုံဆီပြေးစိုက်ခဲ့
ဘ၀တစ်ပါးမှာ ဘ၀ရပ်တည်မှုကဘာလဲ
ဝီစကီခွက်ထဲရေခဲတစ်တုံးကျလာသလို
မေးခွန်းတွေထဲ
ဆိတ်ဖလူးရနံ့တွေကျလာရင်
ညတစ်ညလုံးအဖြေတွေနဲ့မွှေးမြ
ငါတို့အလွမ်းရဲ့အစဟာစတင်တုန်း
ကိုယ်ပျောက်ဝိဇ္ဇာရိုးသားမှုလေးေ
ငါတို့ကိုယ်ငါတို့ရှာမတွေ့တော့တာပြဿနာပဲ
ငါတို့အနာဂတ်ကို
မပြည့်သေးတဲ့ဝါကျတွေနဲ့ရေးရတယ်။
 
                                       အောင်မှူးဝေ


2 မှတ်ချက်:

nyinyi said...

ကောင်းပါတယ်ဗျာ....
ကဗျာလေးကိုကြိုက်တယ်....
ဝါသနာတူတွေမို့လည်း ပိုအားပေးပါတယ်....
ဆက်လက် စောင့်မျှော်နေပါ့မယ်.....

aungthaik said...

အားပေးတယ်ဗျို့  ဖိုးခွားလေးတော့  သစ္စာမဖောက်ဘူးးးးဟိးးးးးးးးးးးး

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here