နေခြည်ဆင်းသက်လာရင်
ချစ်သူရဲ့ အိမ်ပြတင်းနံဘေး
တေးဆိုပေးတဲ့ ငှက်ကလေးဟာ
ငါဖြစ်ပါရစေ............။
ချစ်သူနိုးလာရင်တော့
ဟိုးအဝေးကိုပျံသန်းသွားမယ်
ချစ်သူငါ့ကို မမြင်ပါစေနဲ့...............။
နေ့လည်ခင်းမှာ
သူရိန်နေမင်းက
ချစ်သူကို ပူလောင်ခြင်းတွေ ပေးပါစေ............။
အေးမြတဲ့ လေကလေးအလား
ငါ နင့်အနား တိုးဝှေ့သွားတယ်........
ချစ်သူရဲ့ ပါးပြင်ကိုတော့
ခိုးပြီးတော့တောင် မနမ်းရှိုက်ရက်ခဲ့ပါဘူး........
ဆည်းဆာချိန်မှာ
တိမ်ရောင်စုံတွေရဲ့ကြား
ချစ်သူအလှ က ထင်ရှားနေတယ်........
ငါ...ငေးကြည့်နေဆဲ
ဝင်မလာပါနဲ့ အမှောင်တွေရယ်
ငါ့ရှေ့က ချစ်သူပျောက်ကွယ် သွားလိမ့်မယ်.........။
ငါ......
အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်.........
ညဥ့်ငှက်တစ်ကောင်က ငါ့ကို လှောင်ရယ်သွားတယ်
ငါ့ အိပ်မက်တွေလည်း ခါးသက်သွားပြီကွယ်.............
ညီညီ(မြန်အောင်)
မှတ်ချက်။ ။ ဟန်ဆောင်အသဲ ကွဲခြင်းမဟုတ်ပါ............။
1 မှတ်ချက်:
ထိလွယ်ရှလွယ်ခံစားလွယ်တဲ့ကျနော်တို့လိုလူတွေ၊ အချစ်ကိုပေးဆပ်ခြင်းလို့အဓိပ္ပါယ်ကောက်ကြသူတွေ
အတွက်ပြီးပြည့်စုံတဲ့ကဗျာကောင်းတစ်ပုဒ်ပါ....။ ကျေးဇူးတင်ပါတယ်အစ်ကိုတော်...။
Post a Comment