အပျော်ရွှင်ဆုံး နေ့တစ်နေ့
တောင်းဆုများလည်း ပြည့်ပါစေ.............။
ပန်းတွေလို မွှေး
စမ်းရေလို အေးရင်း
နင့်ဘဝ မျှော်လင့်ခြင်းတွေ ပြည့်ပါစေ...........။
နံနက်ခင်းမှာ
ရောင်နီ အလင်းက
နင့်အတွက် ကံကောင်းခြင်းတွေ သယ်ပိုးရင်း
ကြည်လင်စွာနဲ့ ထွန်းလင်းလာမယ်...........။
ပန်းပေါင်းစုံကို ဆက်ကပ်ရင်း
ငါ........... ဘုရားမှာ ဆုတောင်းခြင်းတွေပြုတယ်
နင့်ဘဝ မွှေးမြပါစေကွယ်............။
ဟိုး..........
ကောင်ကင်မှာ ကြယ်တာယာများက
မာကျူရီရဲ့ အလင်းရောင်ကို ထိုးဖောက်ရင်း
နင့်အတွက် Birthday သီချင်းကို သီဆိုပေးတယ်..........။
သူတို့ မျက်လုံးလေးတွေ
မှိတ်လိုက် ဖွင့်လိုက် စည်းချက်တိုင်းမှာ
နင့်အတွက် ဆုတောင်းစကားတွေပါတယ်
လိုရာ ဆန္ဒပြည့်ပါစေကွယ်တဲ့.............။
သူငယ်ချင်းရေ.............
ငါတို့တွေ...ဒီဘဝ
ဒီမျှသာ ဆုံဆည်းခွင့် ရှိမယ်ဆိုလည်း
နင့်မွေးနေ့ကို ရင်မှာမှတ်ထားရင်း
နှစ်စဉ်အမျှ ဆုတောင်းခြင်းတွေရှိမယ်
နင်..ထာဝရ...ပျော်ရွှင်ပါစေကွယ်. .............။
ငါတို့တွေ...ဒီဘဝ
ဒီမျှသာ ဆုံဆည်းခွင့် ရှိမယ်ဆိုလည်း
နင့်မွေးနေ့ကို ရင်မှာမှတ်ထားရင်း
နှစ်စဉ်အမျှ ဆုတောင်းခြင်းတွေရှိမယ်
နင်..ထာဝရ...ပျော်ရွှင်ပါစေကွယ်.
နွေဦးလွင် အတွက် အမှတ်တရ.....ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment