ဆုံဆည်းခဲ့တဲ့ နေ့ရက်တွေကြား
နာကျင်စရာ စက္ကန့်များက
ငါ့နှလုံးသားကို ခပ်ပါးပါး ထိုးနှက်ကြတယ်.........။
အတွေ့ခက်ပေမယ့်
မမေ့ရက်တဲ့ သံယောဇဉ် တွေက
အိပ်ပျက်ညတွေကို ယူဆောင်ရင်း
နှလုံးသား တံခါးကို ခပ်တင်းတင်း တွန်းဖွင့်တယ်........။
မဆိုင်မှန်းသိပါတယ်.....။
မပိုင်နိုင်မှန်းမသိတဲ့ အိပ်မက်တွေက
ဆွံအနေတဲ့ နေ့တွေကို ကျော်ဖြတ်မှတော့
ငါ့ရင်တွေ ခါးသက်သွားခဲ့ ပြီပေါ့..............။
အမုန်းဆိုတဲ့ စကားလုံးနဲ့
ငါ့.... နှလုံးသား စာပိုဒ်ရဲ့အဆုံးမှာ
နိဂုံးဆိုတာ မရှိချင်ဘူး..........။
မတွေးချင်ဘူးကွယ်.........
စကားမပြောတဲ့ နေ့ရက်တွေကြား
ဝမ်းနည်းခြင်းနဲ့ နှလုံးသားက
မေတ္တာတရားကို ဖိတ်ခေါ်လည်း
ဥပက္ခာပဲ ငါရခဲ့တယ်............။
ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment