ဆိုင်သူ ရှိမှန်း သိပါတယ်
ပိုင်သူ မရှိသေးသမျှ
ငါချစ်ခွင့် ရနေချင်သေးတယ်........။
မသင်ရပဲ တတ်တဲ့ပညာနဲ့
မလိုချင်ပဲ ရတဲ့ခံစားမှု
နှလုံးသားကို ဗဟိုပြုရင်
ရင်ထဲမှာ နာကျင်လွန်းကြတယ်
ချစ်တတ်သူခြင်း အတူတူပါပဲ သူငယ်ချင်းရယ်......။
သူငယ်ချင်းရေ.........
သက္ကရာဇ် ရထားကို လူအများက
စက်အားကောင်းကောင်းနဲ့ ခုတ်မောင်းနေချိန်မှာ
ငါတို့တွေကတော့ ရေနွေးငွေ့တွေကြားထဲမှာ
တဝဲလည်လည်နဲ့.........။
လူအများက....
အနာဂတ် စာမျက်နှာ လှပဖို့အရေး
ရောင်စုံ ဘောပင်တွေနဲ့ ရေးဆွဲ နေချိန်မှာ
ငါတို့တွေကတော့
ကျောက်တံ နဲ့ သင်ပုန်း
ခုချိန်ထိ ကိုင်ဆွဲနေရတုန်းပဲလေ..........
သူငယ်ချင်းရေ........
ငါတို့ ချစ်တဲ့ လမင်းလေး အလှမ်းဝေးလွန်းလှပါတယ်......။
သူ့အတွက်ဆိုင်သူကတော့
အဘိုးအို တစ်ယောက်ရယ်
ယုန် ကလေးတစ်ကောင်ရယ်ပေါ့.........။
သူ့ကိုချစ်တဲ့ လူအများ
ခုဆိုရင်... သူ့ရင်ခွင်ကြားမှာ
ခဏတာ ဝင်ရောက်ခိုနားနေချိန်.........
မောင်ရေ........
ငါတို့တွေရဲ့ ဘဝ
လကမ္ဘာကို ခြေမချနိုင်သမျှတော့
အဝေးက မျှော်ငေးရင်း
ရင်ထဲမှာ တမ်းတမျှော်လင့် ခြင်းတွေနဲ့
တိတ်တိတ်ကလေး ချစ်နေခွင့်လေးတော့ ရှိတယ်..........။
ညီညီ(မြန်အောင်)
4 မှတ်ချက်:
ခံစားချက်တွေက ကဗျာလေးနဲ့ တိုက်ဆိုင်နေသလားလို့း))
ပို့စ်တွေ အတော်တင်နိုင်တာပဲ ချီးကျူးပါ့း)
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ညီညီရေ..... photo shopဒီဇိုင်းတွေကောင်းလှချည်လား...
ဘာဆော့ဝဲလ် သုံးတာလဲ သယ်ရင်း
လကမ္ဘာကိုသွားခြင်ရင်$21million ပေးရမယ်..
မောင့်..... ဆိုဒ်လေးထဲမှာ အားလုံးရှိပါတယ်ဗျာ...
frame photo editor ပါ...........
Post a Comment