Hard Disk အမှားတွေကိုစစ်ပေးပြီး စက်ကိုသွက်စေမယ့် ဆော့ဝဲလေးပါ


ဒီဆော့ဝဲလေးက Hard Disk  အမှားတွေကိုစစ်ပေးပြီး  ပြုပြင်ပေးတဲ့  ဆော့ဝဲ

ကောင်းလေးတစ်ခုပါ  Portable  လေးဖြစ်တာကြောင့်  အင်စတောလုပ်စရာ

မလိုဘဲ သုံးနိုင်ပါတယ် Hard Disk မှာ Error တွေများရင်    စက်ဖွင့်တာရော

Window Loading Time  နဲ့  File ဖွင့်တဲ့အခါ ချက်ချင်းမပွင့်တာတွေ ဖြစ်စေ

တတ်ပါတယ် Hard disk ပျက်ရင် Window တက်မလာတော့တာတွေလည်း

ရှိပါတယ် ဒါကြောင့် Hard Disk ကိုစစ်ဆေးပြီး error Repair လုပ်သင့်သလို့ 

Disk  Clean  up  မကြာခဏ  ပြု လုပ်ပေးချင်းဟာ  ကွန်ပျူတာကို  မြန်ဆန်

သွက်လက်စေတဲ့  အကြောင်းတစ်ခု   ဆိုတာ အခြေခံပညာသင်  ၀ါသနာတူ

သူငယ်ချင်းတွေကို  ပြောပြချင်ပါတယ် လုံးဝအခြေခံတွေဆိုတော့ Hard Disk

ကိုမသိတဲ့သူရှိပါတယ်   Hard disk memory နဲ့ RAM Memory ကိုမကွဲပြား

တဲ့သူတွေလည်း  အများကြီးပါ အဲ့လိုလူတွေ အားလုံးဟာ ကျနော့်သူငယ်ချင်း

တွေပါပဲ   ရီလည်းရီနေရပါတယ်   ဆိုင်မှာ ကွန်ပျူတာဝယ်တော့  Ram 500

GB ပါတဲ့ကွန်ပျူတာ  ပြခိုင်းတယ်  ဆိုင်ကပြောတယ် Ram 500 တော့ငါ့ဆိုင်

မှာမရောင်းဘူး   Hard disk  500ကွဲ့   ဆိုသတတ်ဟူ၍   ကြားဖူးတာမဟုတ်

ကြုံဘူးတာ လက်တွေ့ ပါ ကွန်ပျူတာဝယ်ရင် ဘူးသီးဖတ် တွေကြားမှာ မူးကြီး

မတ်ဖြစ်နေတဲ့မောင်(စွယ်စုံကျမ်း)ကိုခေါ်ကြပါတယ် ဆိုပါသေးတယ်သူတိုက

အကို ပစ္စည်းကောင်းတာပြ ငွေရေးကြေးရေး No problem , Don`t worry ,

Never mind နဲ့ ချပါသေးတယ်  စာလုံးပေါင်းခိုင်းတော့  Plastic နဲ့  problem

တောင်ချမရေးနိုင်ပါဘူး  အရေးမကြီးပါဘူး ABC နဲနဲ  ရရင်  သုံးတတ်အောင်

တော့သင်ပေးလို့ ရတယ် ထွန်းပေါက်အောင်မြင်ဖို့ ကတော့ ပညာအခြေခံမြင့်

မှဖြစ်မယ် မတတ်လည်း ကျနော် စာပါသင်ပေးပါတယ်  တတ်သလောက်ပေါ့

တတ်တာကတော့တတ်နိုင်ပါတယ် ဘာပဲဖြစ်ဖြစ်  ရေခြားမြေခြား နိုင်ငံခြားမှာ

မိဝေးဖဝေး နဲ့  အလုပ်ကြိုးစား ပိုက်ဆံရှာဖွေနေတဲ့  ကျနော်တို့ တွေ အတွက်

အင်တာနက်သုံးခြင်းဟာများစွာသောဗဟုသုတတွေ ရစေသလို အပျင်းလည်း

ပြေ ပညာလည်းရ ပေါ့ အခြေခံပညာတွေ မမြင့်ကြပေမယ့်  ၀ါသနာပါသူတွေ

သင်ရတာနားပေါက်လွယ်ပါတယ် အဲ့လိုလူလေးတွေကြားထဲမှာ  အမောင် က

မူးကြီးမတ်ပါ ဘူးသီးဖတ်လေးတွေနဲ့  ပညာရှာရင်း အင်တာနက်စာမျက်နှာက

တဆင့် မောင်(စွယ်စုံကျမ်း) ကို တိုက်ဆိုင်သူရှိရင် အကျိုးထူးစေဖို့ ရည်ရွယ်

ရေးသားတင်ဆက်နေခြင်းဖြစ် ကြောင်း

ဒီမှာ Download ယူ ပါ   Check Drive and Repair Error

အသေးစိတ်ကြည့်ရန် http://www.checkdrive2011.com


.

7 မှတ်ချက်:

KZaw said...

ကျေးဇူးပါအစ်ကိုမောင်

နန်းနောင်းလှ said...
This comment has been removed by the author.
Unknown said...

username and password တောင်းတယ်

Unknown said...
This comment has been removed by the author.
zaw said...

အကိုရေ ကျေးဇူးအမျးကြီးတင်ပါတယ်ဗျာ..လေးလည်းလေးစားပါတယ်..

Unknown said...

ကိုမောင် (စွယ်စုံကျမ်း) ရယ် ဖတ်ရင်းမှတ်ရင်း မရင် ပါဗျို့ စိတ်ရှည်လက်ရှည်နဲ့ စာရှည်ရှည်ရေးပြီး ထပ်တင်ပေးပါနော် ကျေးဇူးပါ

Unknown said...

RAM ကိုရော Error စစ်တဲ့ Software များမရှိဘူးလား Blue Screen ခဏခဏတတ်နေလို. Memory Error ဖြစ်နေတာ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here