Monday, October 31, 2011
သံမဏိဝတ်မှုန်တွေပြန်မလာတော့တဲ့မနက်ခင်း
လယ်ယာတွေထဲခွန်အားမဲ့စွာ
ထိုးဖောက်စီးဝင်သွားတဲ့ရေနောက်မ်းချောင်းကလေးလို
ငါ့ဘဝ
စိမ်းလန်းနေဆဲလွဲချော်မှုများရှိခဲ့..။
နေ့စဉ်နားလည်မှုလမ်းမများပေါ်
ကျိန်စာသင့်နေတဲ့နို့ဆီဘူးခွံတစ်ခုလိုလိမ့်သွား
သူဝင်လို့ကိုယ်ထွက်လိုက်ရတဲ့ပရိယာယ်သတ်ကွင်းတွေ
ကြွယ်ဝလာတာလူ့ပြည်။
သူ့အမေကသူ့ကို
သံမဏိဝတ်မှုန်တွေစားပြီးမွေးခဲ့တာလို့ငါထင်တယ်
ငါ့ကို
ကော်ဖီတစ်ခွက်နဲ့
အက်စစ်ထဲကလရိပ်ပြာတွေလက်ဆောင်ေးသွားတဲ့မိန်းမ
ငါ့ဆီပြန်မလာတော့တဲ့မနက်ခင်း
ကျေးဇူးတရားများကိုငါမေ့လိုက်မိရဲ့
ရထားတစ်စီးရဲ့အသံဟာနာကျင်စွာ
မြို့ကလေးထဲကိုစိုက်ဝင်သလို
နာကျင်မှုတွေ
ငါ့အိမ်ကလေးမှာစိုက်ဝင်ပြီ
နဒီဝင်္က
မိန်းမလှလေးရေ....
ဝဋ်ကြွေးတွေပန်းနဲ့အတူကြွေသွာါးစေတော့။          ။
                                              အောင်မှူးဝေ
ရိုမန်တစ်ကဝေ
လွမ်းတယ်...
အလိုက်ကမ်းဆိုးမသိတတ်တဲ့
မင်းရဲ့  နှုတ်ခမ်းအိုးလှလှလေးတွေကိုလွမ်းတယ်။
လွမ်းတယ်
မြားပေါင်းများစွာလက်တည့်စမ်းထားတဲ့
မင်းရဲ့နှလုံးသားလှလှလေးကိုလွမ်းတယ်။
လွမ်းတယ်
အစိမ်းရောင်ခြုံထည်တလွလွနဲ့
ကလေးမြို့ကတောင်တန်းတွေကိုလွမ်းတယ်။
လွမ်းတယ်
တောင်ကနေ  မြောက်ကိုစီးတဲ့
မြစ်သာမြစ်ရဲ့ပြောင်းပြန်ခရီးမယ်လိုဒီကိုလွမ်းတယ်။
လွမ်းတယ်
ကလေးမြို့ဗိုလ်ချုပ်လမ်းပေါ်က
ငါတို့ရဲ့အညတရကဗျာညတွေကိုလွမ်းတယ်။
လွမ်းတယ်.....လွမ်းတယ်
အတိတ်ကအရိပ်လှလှတွေနဲ့
မိုးဦးကျကဗျာတွေကိုလွမ်းတယ်။
လပေါင်းအသင်္ချေ...နွေအနန
မိုးညပျက်သုဉ်း...ဆောင်းလည်းပြုန်းထိ
လွမ်းမိနေဦးမှာပါပဲ။             ။
အောင်မှုးဝေ
                           ရတီမဂဇင်း၊အောက်တိုဘာ၊၂၀၀၆
မိလင်း(၁)
တစ်ယောက်ထဲလမ်းမပေါ်
နှစ်ယောက်တွဲလျှောက်ချင်မိတာကိုက
နေရာအယူဆတွေလွဲချော်ခဲ့
ညည်း လည်ပင်းအစပ်ကမှဲ့ညိုစိမ်းစိမ်းလေးဟာ
ငါ့အနမ်းရဲ့စီရင်ချက်ပေါ့..လင်း
အိန္ဒိယ-ပါကစ္စတန်နယ်စပ်
ကက်ရှ်မီးယားဒေသလို
မိသားစုနှစ်စုထဲငါတို့ဝင်စားခဲ့ကြတာ
ကံကြမ္မာပဲ
ငါတို့မျှော်လင့်ချက်တွေ သယ်ဆောင်ရင်းကျကွဲ
လွဲချော်မှုမျိုးစုံနဲ့လွဲချော်ခဲ့ရပေါ့
အသည်းကွဲနည်းလည်းစုံပါပြီ
ပန်ဒိုရာနတ်သမီးလေးရဲ့သေတ္တာကိုမှ
ငါတို့ကဖွင့်ခဲ့မိကြတော့
သေတ္တာထဲကမိစ္ဆာတွေခုန်ထွက်လာ
သူတို့ရဲ့ဆာလောင်မှုမှာ
ညည်းလေးနဲ့ငါ
တစ်ညတည်းအတူတူ
ကြယ်တွေကြွေခဲ့ဖူးတယ်..လင်း။     ။
အောင်မှူးဝေ
Sunday, October 30, 2011
ကာလမဲ့ သက်ပျင်း
 နင်းလျှောက်လိုက်စမ်းပါ
ငါ့ဘဝကိုလမ်းအဖြစ်နဲ့ 
ဒီအတွက် နောင်တဆိုတာကို
ဘယ်တော့မှမတွေးဘူး.......
ကမ်းလင့်စဉ်ပုတ်ချခံခဲ့လိုက်ရတဲ့
မျှော်လင့်ခြင်းလက်တစ်စုံအတွက်
ကြေကွဲခြင်းတွေပဲ့တင်ထပ်နေတယ်
ဟောဒီ ရင်ဘတ်ကြီးထဲကနူးညံ့သိမ်းမွေ့ တဲ့
ချစ်ခြင်းတွေမခံနိုင်မှာပဲစိုးတာပါ..........
ဒဏ်ရာတွေတိုက်စားခဲ့ ငါ့ ညတိုင်းကို
သတိရစိတ်ကြောင့် မြင်ယောင်မိတဲ့ မင်းပုံရိပ်တွေ
အသဲကွဲခြင်းတောင် လစ်လျုရှု့ ခဲ့ရတယ်..........
ကျန်ရှိတဲ့ အငွေ့ အသက်နဲ့ 
နောက်တစ်ကြိမ်ထပ်ပြောမယ့်
မင်းနှုတ်ခမ်းကစကားလုံးတွေအတွက်
ခံနိုင်ရည်ရှိပါ့မလား ဆိုတာကိုပဲ
ငါတွေးနေတာပါ......။ ။
                                                   လေလွင့်လူ(ကမာမြေ)
Saturday, October 29, 2011
အတွေးသင့်လူ
ခံစားချက်တွေမြစ်ဖျားခံ စီးဆင်းရုံပဲဆို
ငါ့မျှော်လင့်ခြင်းတွေကို မတိုက်စားပါနဲ့ 
တားဆီးပိုင်ခွင့်မရှိနိုင်လို့ ပါ .......။
မင်းအတွက်တဒင်္ဂသာပျော်မယ်ထင်ရင်
ငါ့ဘဝကိုကြိုးဆွဲကပြပေးဖို့ အသင့်ပဲလေ.....။
"ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းအတွက်
 ချည်နှောင်ခြင်းဆိုတာကို တွန်းလှဲပြီး
တွယ်တာခြင်းတွေကို တမ်းပိုးခဲ့ရတယ်.....။
လရောင်ဆမ်းမှ ပွင့်ရတဲ့ကုမုဒြာထက်
နေရောင်ရှိရာနေရာရွှေ့ အလိုက်သင့် မျက်နှာမူပေးတတ်တဲ့
နေကြာပန်းပဲဖြစ်ပါရစေ.....။
အချစ်ကိုသိဖို့ တုန့်် ပြန်မှုတွေကိုမကြည့်ဘဲ
မင်းရဲ့အေးစက်စက်နှလုံးသားက
အမုန်းတွေပဲတန်ပြန်လာခဲ့တယ်.....
ချစ်ခဲ့ခြင်းတွေဖွင့်ဟဝန်ခံခဲ့ပြီးမှ
ဥပက္ခာသင့်သွားတဲ့ငါ့နှလုံးသား
အက်ကွဲကြောင်းတွေတောင်အစပြုနေပြီ......
မင်းအိပ်မက်ရဲ့ စာမျက်နှာတချို့
ငါဆုတ်ဖြဲလိုက်ချင်ပေမဲ့.....
ထားလိုက်ပါတော့
အကြွေပန်းကို ရေဖြန်းရုံလောက်နဲ့ 
ပြန်လန်းလာနိုင်မယ်လို့
မင်းထင်ခဲ့တာကိုး....
ငါ့ရဲ့ပျော်ရွှင်ခြင်းတွေကိုတော့မင်းနဲ့အတူ
ထာဝရထားခွင့်ပြုပါ........။
ငါလေ......
မင်းနဲ့ အဝေးဆုံးတစ်နေရာမှာ
အလွမ်းခေါ်ပြီး ကောင်းကင်ကိုမျှော်ကြည့်နေခဲ့တယ်
ကောင်းကင်တစ်ခုလုံးမမြင်နိုင်ပေမဲ့
ကောင်းကင် တချို့ကိုတော့မြင်ခဲ့တယ်.....
အလွမ်းတချို့နဲ့ လေပြင်တွေဟာ
မလင်းတလင်းကြယ်တွေကြား
တုန့် ပြန်လာနိုင်မယ့်အချစ်ကို
ပီပြင်ထင်ယောင်ဖို့ ဆိုတာ
ငါဘယ်တော့မှမျှော်လင့်လို့ ရနိုင်မှာမဟုတ်တော့ဘူး..........။    ။
                                                         လေလွင့်လူ (ကမာမြေ)
Friday, October 28, 2011
ငါ့စစ်တလင်းမှာ နှင်းတွေအပြည့်
ငါဟာ စစ်တလင်း
ငါဟာတိုက်ပွဲဝင်ကဗျာတစ်ပုဒ်
ငါခုတ်ရတဲ့ဓားဟာ
ဝေဒနာအသွားနှစ်ဖက်ရှိတယ်
ငါ့စစ်တလင်းဟာ နှင်းတွေဝေနေတုန်း။
အိပ်ရာထဲမှာချစ်သူနဲ့
အိပ်မက်ခြင်းလဲလှယ်ဝတ်ဆင်တုန်း
သူ့အဖေဆုံးတဲ့သတင်းကြား
ဂန္ဒီကြီးလည်းဖျားတာပဲ
အဖျားလွန်သက္ကရာဇ်တွေရဲ့အဆုံး
တစ်သက်လုံးအချစ်ကိုစွန့်လွှတ်ခဲ့သတဲ့
သရဖူမဆောင်းတဲ့အိန္ဒိယရဲ့ဘုရင်
အိန္ဒိယ-ပါကစ္စတန်မခွဲခင်
သူ့အသည်းကိုအရင်ခွဲပါဆိုခဲ့သူ
တဂိုးရဲ့မဟာလူသား
ဂန္ဒီ…..
ပြန်ပြီ…..။
ဂျိုးဇက်ဖင်းနဲ့မေရီတို့ကြား ဗျာများ
ဧကရာဇ်မဆန်စွာ ဘ၀တစ်ပါး
နပိုလီယံလည်းသွားခဲ့ပြီ..
သူတို့ဟာ..
လောကသစ်ကိုင်းဖျားကိုခါစေခဲ့
သမိုင်းမြစ်ကိုအချစ်မပါဘဲစီးစေခဲ့
တိမ်တွေထဲတိုးဝင်ပျောက်ကွယ်ငှက်များပဲ။
လှေနံနှစ်ဘက်နင်းတယ်ဆိုမှတော့
ခြေထောက်နှစ်ဘက်ရှိလို့သာပေါ့
နှလုံးသားကတော့တစ်ခုတည်း
အလွဲတွေချစ်ရင်း
အချစ်တွေနဲ့လွဲရတဲ့ ငယ်ဘ၀စွယ်တော်ရိပ်မှာ
ငါ့စစ်တလင်းဟာ
ရှုံးနေတဲ့နှင်းတွေအပြည့်…။ ။
အောင်မှူးဝေ
သိတယ်
မျက်ရည်ဆိုတဲ့ လက်နက်နဲ့
    ငါ့ကို ဘဝပျက်စေချင် ခဲ့တာလား..............။
ဒါမှမဟုတ်....
  သဲကိုး ဖျာကိုသုံး
       ငါ့ကို မရုန်း နိုင်အောင် ချည်ထားချင်တာလား............။
ရိုးလွန်းပါတယ် ကောင်မလေးရယ်......
   တကယ်တမ်းတော့
         အချစ်ဆိုတာ အသစ်မမြင်ခင်
             ရူးသွပ်ချင်ကြတဲ့ စိတ္တဇ အစွဲမျှသာပါ........။
နောင် အသစ်မြင်တော့လည်း
       ငါ့..ရဲ့ရင်ခွင်ဟောင်း
           နင် တစေ့တစောင်းတောင်
               လှည့်ကြည့် ဖြစ်ဦးမှာလား...........။
ငါ..မရှိတော့တဲ့ နင့်အနားက
     ဒီဇာတ်လမ်းကို ပိတ်ကားချလိုက်တယ်
         နင်ခံစားချက် ခဏမျှသာကွယ်..........။
နောက် အသစ်လူအနား
     နင် ခိုဝင်ကာ နားမိရင်
           ချစ်ခဲ့ ဘူးတဲ့ငါ့ရင်ခွင်
                  နင် ခပ်ဝါးဝါးပဲ မြင်လိမ့်မယ်............။
                                                       ညီညီ(မြန်အောင်)
Wednesday, October 26, 2011
26-ကဖေး
(၁)
အနာဂတ်အတွက်ဖြစ်စေချင်တဲ့သံစဉ်တချို့
စိတ်နဲ့ညည်းဆိုသွေးတိုးစမ်းရာကမ္ဘာ
၂၆-ကဖေးဟာ အသက်ရှူသံတစ်ထွာလောက်
ရင့်ကျက်စွာ အရပ်မြင့်ခဲ့ပြီပဲ ဆိုပါတော့
ညီမလေးမကြိုက်တဲ့ကဗျာဆရာဘ၀နဲ့
တွယ်ရာမဲ့စီးကရက်မီးခိုးတွေ
အလေ့ကျပေါက်ရောက်ရာ
ကျဆိမ့်အပါဝင် ကဖေးဆိုင်ဝေါဟာရတွေ
နွယ်လိုပတ်ခွေရှင်သန်ရာ...
ရွာဦး လွမ်းစေတီငယ်ဘဝ
ကုန်းမြင့်မြင့် ထုံးဖြူဖြူ
ပဲ့တင်ထပ်ဆည်းလည်းသံလေးတွေ
စနစ်တကျ လှိုင်းထတုန်ခါညွှတ်ယိမ်းရာ
မျက်စိရှေ့မှာတင်ကြွေကြွေကျသွားတဲ့
နေ့လည်ခင်းကြယ်စင်တွေကို တရှိုက်မက်မက်မျှော်ငေးရာ
(ဘာမှမတတ်နိုင်ဘူးမျက်ဝန်းနဲ့......)
၂၆-ကဖေးဟာသူ့အတောင်ပံတွေကို
ခြင်္သေ့တစ်ကောင် အစွယ်သွေးသလို
လေကောင်းလေသန့်တွေနဲ့ သွေးနေခဲ့။
(၂)
မောင်မချစ်ရင် ဟောဒီနှုတ်ခမ်းနီတောင့်နဲ့
ကျွန်မအိပ်မက်ကိုအဆုံးစီရင်ပစ်လိုက်မယ်-ဆိုတဲ့
နိုင်ငံခြားဝတ္ထု တစ်ပုဒ်
ကော်ဖီတစ်ခွက်နဲ့
လိုအပ်သလိုညှိယူနိုင်တဲ့ကဗျာဆရာ
ငါ့သား..
သီချင်းကမင်းလက်ထဲမှာဆိုတဲ့ကဗျာဆရာ
ကလောင်သုံးခုမျောက်သစ်ကိုင်းလွတ်သလို
စိတ်လိုလက်ရပြောင်းခဲ့တာတောင်မှ
မိန်းမလုပ်စာထိုင်စားနေရသေးတယ်ဆိုတဲ့ကဗျာဆရာ
ကာလာစုံ ၂၆-ကဖေးဟာ
သူ့ရှုထောင့်နဲ့သူ ချိုမြိန်နေခဲ့တယ်။        ။
FASHION  MAGAZINE   13 / 2/2010
အောင်မှူးဝေ ၂၆နှစ်ပြည့်အမှတ်တရကဗျာ
အောင်မှူးဝေ
Tuesday, October 25, 2011
လှသန်း(သို့မဟုတ်)သံမဏိကလောင်
 ကျွန်တော့်ကို အနုပညာမြောက်
တောက်ခေါက်တတ်အောင်သင်ပေးခဲ့တဲ့ကဗျာဆရာကြွေပြီ
တောက်တက် တောက်တက် မင်းလမ်းလျှောက်တာအတော်မြန်
ဟေ့ကောင် ငါ့ကိုဝတ္ထုစွန့်ခဲ့ဦး
အောင်ဘညို အေးကို ငါအခင်ဆုံးကောင်တွေ
အမြဲပြောသလို အပြောလည်းမြဲတဲ့လူ
အယူဆရေးရာတွေမှာခင်ဗျားနဲ့ကျွန်တော်
ရွာလေးတစ်ရွာစာဝေးခဲ့တယ်ကိုလှသန်း
သူရဲကောင်းဖောင်တိန်နဲ့ကဗျာတွေရေးတဲ့ခင်ဗျားကို
သူရဲဘောကြောင်သူတွေကမတည့်ဘူး
တစ်မိုးဟောင်းလို့တစ်ဆောင်းသစ်ပြန်ပြီ
မင်းနဲ့ငါဒီထက်ပိုချစ်ကြရင်အနွေးထည်တောင်ဝတ်စရာမလိုဘူး
ခင်ဗျားစာသားတွေကြိုက်ခဲ့ကြ
တစ်မိုးဟောင်းတစ်ဆောင်းသစ်ချိန်ပဲ ခင်ဗျား ထွက်သွားတယ်
ဂျိုလီပုံဝယ်ရင်းမိုးမိလို့
ခင်ဗျားမုန်းတယ်ဆိုတဲ့စနေနေ့ညကိုးနာရီ။
ငါ့ကျောက်ကပ်ဟာ
ငါရေးပြီးငါမကြိုက်တဲ့ကဗျာလိုမကောင်းတော့ဘူး
အောင်ဘညိုလိုလေမဖြတ်ရင်တော်ပြီ
သေတာကတော့ ဗီဒီယိုတွေထဲကလိုပေါ့
အောင်ဘညိုက ဂိ လိုက်တာကိုက်တယ်
အာရကေ  ခိုင်သွားတယ်
ခင်ဗျားအရပ်ပုပုနဲ့
ခင်ဗျားဆံပင်ရှည်ရှည်နဲ့
လပြည့်ဝန်းကဖေးထဲကနေ
လကွယ်ညရယ်သံနဲ့
ကျွန်တော့်ကိုလှမ်းမခေါ်တော့ဘူး
ပိုင်စိုးပိုင်နင်း ခင်ဗျားစကားယူသုံးရရင်
တစ်တောရှင်းပြီးနားအေးသွားတာပဲ
ခင်ဗျားဘယ်ကိုသွားမှာလဲ
အာရှတိုက်ရဲ့တစ်နေရာလား
ဒီပရင်္ဂကိုလား
ဖဲထုပ်၊ရေမွှေး ၊အိပ်ဆေး၊စိပ်ပုတီး
ခင်ဗျားမသုံးတဲ့ပစ္စည်းတွေရော..ယူသွားဦးမှာလား
ခင်ဗျားကိုယ်ခင်ဗျားနှင်ထုတ်ဖို
အစီစဉ်မလုပ်ရသေးဘူးဆို
အခု..ဘာအချိုးချိုးတာလဲ
ခင်ဗျား သံကန်လန့်ကာနောက်ကိုဝင်သွားတုန်းက
လွမ်းခဲ့တဲ့ဆရာမကို ထားခဲ့ရက်သလား
သွား....ခင်ဗျားသွား...ထွက်သွား
နောက်ဘ၀လည်း  ခင်ဗျားက
သံမဏိကလောင်ပဲဖြစ်မှာပါ။        ။
(22.အောက်တိုဘာ2001စနေနေ့ည9နာရီဘ၀တစ်ပါး၊လှသန်း၊ကြည်မောင်သန်း၊ရန်မခ၊မောင်သီးသန့်သို့အမှတ်တရ)
                                             အောင်မှူးဝေ
Monday, October 24, 2011
မြွေကိုက်ခံနေရတဲ့ကဗျာ
မနက်လင်းတာနဲ့ အနုတ်လက္ခဏာတွေဗြောင်းဆန်
ပြဿနာတွေအိပ်ရာနိုးလာကြတာ ပြဿနာ
ဆံပင်ဖြောင့်ဖို့ စိတ်ကောက်ဖို့လောက်စိတ်ဝင်စားတဲ့မိန်းမ
ဒီနေ့လည်းဒုတိယအလုပ်ကိုလုပ်နေပြီပဲဆိုပါစို့
အိမ်ထောင်သည်ဘ၀မှာဘယ်လမ်းကသွားသွား
သချိုင်္င်းကုန်းကိုတော့ရောက်တာပဲတဲ့
အလှတွေလွှင့်ပစ်လိုက်ရပြီ
ရှင်ပေးတဲ့ဈေးဖိုးက
ခွေးသူခိုးချီသွားတဲ့ကျွန်မဖိနပ်တစ်ရံဖိုးတောင်မရှိဘူး
ကဗျာဆရာလုပ်မယ့်အစား
မွေးကတည်းကသေသွားခဲ့ရမှာ..စသဖြင့်
စိတ်ထဲကသာယာမှုကိုဆွဲဆွဲနှုတ်နေပြန်
ကောင်မ..ကိုယ်ချင်းစားတရားဧရိယာပြင်ပမှာ
အနုပညာကိုမတရားကျင့်နေပုံ
သူကျွန်တော့်ကိုဘာကြောင့်နားမလည်တာလဲ
ကျွန်တော်နားမလည်နိုင်ဘူး။    ။
သူငယ်ချင်းဝိုင်ချိုသို့.....
                                 အောင်မှူးဝေ
Sunday, October 23, 2011
မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ နေ၀င်တေး
ကိုယ့်ကိုယ်ကို သတ်သေမယ့်အစား
တစ်ခုခု အစားထိုးကြည့်ပါလား
ဥပမာရပ်ကွက်ကိုရူးချင်ယောင်ဆောင်ပြီးအော်ဆဲလိုက်တာမျိုး
သံရည်ကျိုတော့မယ့်ဘတ်(စ်)ကားကို
အုတ်ခဲကျိုးနဲ့ပိတ်ပက်ထုတာမျိုး
လေချွန်လိုက်နင်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို
ငါ့နားထဲမှာ ရေးဖွဲ့လိုက်
ဘာပဲဖြစ်ဖြစ်စိတ်သက်သာရာရဖို့ အဓိကပဲ
နင့်ကိုလူဝကြီးတစ်ယောက်ခြွေဖဲ့ခဲ့သလိုမျိုး
အလကားရတဲ့ပန်းကလေးတွေအပေါ်ဆက်ဆံကြည့်ရင်ကော
သတ်သေချင်စိတ်ပျောက်နိုင်မလား
ပိုက်ဆံအိတ်ကိုခဏခဏ ဖွင့်ကြည့်မနေပါနဲ့
နင် လှမှ တောင့်မှ ဖြောင့်မှ
ပိုက်ဆံအိတ်လည်းလှမှာတောင့်မှာဖြောင့်မှာပေါ့
လူ့စွမ်းအားအရင်းမြစ်ကိုပိုးစားတဲ့အလုပ်နဲ့
ရွှေထီးဆောင်းစတေကာကားတွေပေါ်က
အက်ဆစ်ပင့်ကူမလေးရေ
နင်ပျော်ပါးခဲ့တာပေါ့
ဟုတ်လား..တကယ်ပျော်ခဲ့ရလို့လား
သတ်သေချင်လောက်အောင်ပျော်ခဲ့ရတာပေါ့
လှောင်အိမ်ထဲထည့်သိမ်းခံရတဲ့ဓားတစ်ချောင်းလိုလား
အခု..ရောဂါကကျွမ်းနေပြီဟေ့
ပေါင်မုန့်အသိုးတစ်ဖဲ့နဲ့တူတဲ့ညကို
နတ်ဆိုးတစ်ကောင်လိုငေးကြည့်မနေပါနဲ့
ငါတို့တစ်ခုခုလုပ်ရအောင်
မိုးလင်းတော့မယ်
ဒါမှမဟုတ်
ငါတို့ဘ၀တွေဘယ်တော့မှမိုးမလင်းဘူး
စကားလုံးတစ်ခုခုရွေး
အိုး..ဘုရားသခင်-ဆိုတာလောက်ပဲဖြစ်ဖြစ်
မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ အစမှာ.....။      ။
ဘ၀ပျက်သွားတဲ့ကျောင်းသွားဖော်သူငယ်ချင်းမလေးတစ်ယောက်သို့ 
ကြေကွဲစွာဖြင့်.. ကဗျာတွေကလွဲပြီးဘာမှမချမ်းသာတဲ့...အောင်မှုးဝေ
Desktop ပေါ်က Short Cut Arrowလေးများကိုပျောက်စေချင်ရင်ဒီလိုလုပ်
ဆော့ဝဲမသုံးပဲ ဖျောက်လို့ ရတဲ့ နည်းတော့ရှိပါတယ် ဆော့ဝဲနဲ့ ဆိုပိုမြန်တာပေါ
ကလစ်  တစ်ချက်ပေးလိုက်ရုံပဲ  WindowVista   အတွက်လို့  ရေးထားပေမယ့်
Window7 မှာလည်းရတယ်းသုံးWindow XPသမားတွေကတော့ကိုယ်တိုင်စမ်း
ကြည့်ဗျာ ၀တို့ အလုပ်မှာက အဆင်မပြေဘူး ခုံတွေကမန်နေဂျာနဲ့ ရှေ့ နောက်
ထားလိုက်တော့ ဘလော့လေး ကြည့်ဖို့ အရေး ကို မန်နေဂျာ မလာပါစေနဲ့ ဆု
တောင်းနေရတယ် အဆင်ပြေရင် ရုံးက XPစမ်းကြည့်ပေးမယ်ဗျို့ .................။
မူရင်းလင့်မှာယူလိုက်ပါ  www.askvg.com/windows-vista-shortcut-
ဆော့ဝဲမသုံးချင်ရင် ဒီမှာကြည့်  http://www.tweaks.com
Saturday, October 22, 2011
အင်တာနက်သုံးနေရင်းအဖြူရောင်သံစဉ် ရေဒီယိုသီချင်းသံမလာဘူးဆိုရင်
ဒါလေးကတော့ ဘလော့ထဲမှာပဲဖြစ်ဖြစ် Mozila Firefox မှာပဲဖြစ်ဖြစ် သီချင်းသံ
မလာဘူးဆိုရင် Window Midea Player 11 Add On မရှိလို့ ပဲဖြစ်မယ် သီချင်း
မလာဘူးဆိုရင် Install Missing Plugin စာ တန်းပေါ်နေပြီး အင်စတောလုပ်ဖို့ 
လင့်လေးပေးလာပါလိမ့်မယ့် အဆင်ပြေတဲ့လင့်ကလုပ်နိုင်ပါတယ် အင်စတော
မလုပ်ခင်မော်ဇီလာကိုပိတ်ထားဖို့ လိုပါတယ်ဒေါင်းလုပ်ယူအင်စတောလုပ်ပီးမှ
မော်ဇီလာကို ပြန်ဖွင့်ပါ Missing plugin မပေါ်တော့ပဲ သီချင်းသံ လာနေတာကို
တွေ့ ပါလိမ့်မယ်။ အဖြူရောင်သံစဉ်  ရေဒီယို သီချင်းသံလာရင် မလိုဘူးနော်..။
အခုတလော ၀င်းဒိုးအသစ်ပြန်တင်တိုင်းမော်ဇီလာအသစ်ထည့်တိုင်းကြုံရတဲ့
ပညာသေးသေးလေးကိုမျှဝေလိုက်ပါတယ်...................................။
ဒီမှာDowload ယူပါ  Window Media Plugin Firefox
မူရင်းလင့်မှာယူလည်းရပါတယ် http://www.interoperabilitybridges.com/
Friday, October 21, 2011
ရင်ခွင်မဲ့
အဖေမသိ
    အမေမရှိ
       ဘုမသိ ဘမသိနဲ့
           ကျခဲ့ရတဲ့ မျက်ရည်တွေ
                လူ့လောကကို အကျည်းတန်စေတယ်...........။
အဖြူစင်ဆုံးအချိန်မှာ
     အနာကျဉ်ဆုံး နှလုံးသားနဲ့
         မေမေဆိုတာ ရှာဖွေဆဲ
ကြွေးဟောင်းတွေကို ပေးဆပ်ရင်း
        လောကအတွက် အသက်ရှင်ခြင်းမှာ
                ဂုဏ်ပကာ သနတွေရဲ့ကြား
                       ငါတို့ ကို လျှစ်လှူရှုသွားကြတဲ့ မိဘတွေ...........။
ဘယ်လို ကြမ္မာဆိုးက
        ဒီလို အဖြစ်ဆိုးတွေကို ဖန်တီးခဲ့တာလည်း.............။
တကယ်ဆိုရင်
      အမှန်စင်စစ်
            တိရ စ္ဆာန်တောင်...
                  သား....သမီး ကိုချစ်တယ်..........။
                                                        ညီညီ(မြန်အောင်)
ပွဲတော်(၁)
နှုတ်ခမ်းနီထူထူ နှုတ်ခမ်းထူထူကြီးတွေနဲ့
ငါတစ်သက်လုံးအလံထူခွင့်မရခဲ့တဲ့
ကောင်မလေးရယ်
ဝှက်ဖဲတွေတွေကိုင်ပြီးတော်တော်နဲ့မဒေါင်းတဲ့
ဝံပုလွေအရေခွံတိုက်ပုံအင်္ကျီဝတ်
လူကြီးလူကောင်းတစ်ယောက်ရယ်
နက္ခတ်ဟောင်းတွေပေါင်ြး့ပီး
ညစာစားပွဲလေးကျင်းပရာနေရာ
ငါမတက်ရောက်ဖြစ်တာ ခွင့်လွှတ်ပါ။
ပွဲတော်ဟာ
မာယာတွေနဲ့မှောင်လှချည့်။     ။
                                                အောင်မှူးဝေ
Thursday, October 20, 2011
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်သမီးလေးရဲ့ဇာတာနဲ့ အနာဂတ်ကံကြမ္မာအကြောင်း
ဘေးမှာပါတဲ့အချက်လေးတွေကိုဘာသာပြန်လိုက်ပါ..လွယ်လွယ်လေး..ဟက်ဟက်
ဖွားဇာတာမှာမဟာဘုတ်နည်းအရ ၁၄-၁၀-၂၀၁၁ ရာဇဖွားဖြစ်တယ်လို့ ဆြာ
မောင်မှ တွက်ချက်လိုက်ပါတယ် အရင်းမွေးနဲ့ အဖျားခံ မှည်ရန်ပဉ္စပွတ် ဆိုတဲ့
မူအရ နာမည်ပေးခဲ့လျှင် သောကြာနှင့်စပီး အင်္ဂါနှင်ဆုံးသောနာမည်ဖြစ်လိမ့်
သုံးလုံးမှည့်လျှင် စနေနံ အလယ်ခံမည်ဟု ခန့် မှန်းရကြောင်းနဲ့ မဟာဇနကရဲ့
သင်္ဘောပျက်ကိန်းအရ ဒီကလေးမလေးဟာ  ၁၈နှစ်နဲ့ အိမ်ထောင်ကျရင်ကျ
မကျရင်တော့ အသက်၃၀ကျော်မှရမယ် ကံဇာတာဟာ၁၀နှစ်သမီးမှာညံ့နေ
ပြီး ၁၆-၁၇-၁၈ ဟာအကောင်းဆုံးအချိန်ဖြစ်မယ်နက္ခတ်အရကြည့်လျှင်လည်း
လူ-ဘီလူး-နတ် သုံးပါးတွင် လူနက္ခတ်ဖြစ်တဲ့အတွက်ဇာတာကောင်းဖြစ်တယ်
မဟာဘုတ် အောင်လံထူ စစ်သူကြီးပွဲ ခုစားဂဏန်းရ ၄ဂဏန်းသမားဖြစ်တဲ့အ
တွက် ငယ်စဉ်ကထဲက ချမ်းသာပြီးမိဘရဲ့အရပ်အာဝါသကိုကောင်းကောင်းခံ
စားရသူ စိတ်ထားဖြူစင်တတ်ပီး သဘောမနောကောင်းသူဖြစ်မယ် လင့်ကံရ
မကောင်းတဲ့အတွက် အားကိုးအားထားပြုမရသောသူနဲ့ အိမ်ထောင်ကျတတ်
တယ်ဇာတာအားလုံးခြုံကြည့်သော် ရဇဖွား နက္ခတ်ကောင်းသူတစ်ဦးမူရဲ့အရ
ထက်မြတ်သောစိတ်ကူးဥာဏ်နဲ့ ပြည့်စုံမည် ထင်ရှားကျော်ဇောတတ်သည်..။
အိမ်း..တွက်ရရင်တော့ နည်းပေါင်းတစ်ထောင်..အလကားဆိုတော့ ဒီလောက်
ပဲ ..၀အိပ်ရေး ပျက်လယ်..မီဟောတော့ဝူး....စောင်ရှိခြုံ စောင်မရှိမခြုံနဲ့ ဆီရှိ
ဆမ်း မရှိမဆမ်း..သတ်ဘေသတ်ထာ ကံထီးဒကာ...ပုံ/ ဆြာ..မောင်.............။
Sunday, October 16, 2011
အပြန်
ခင်ဝမ်းရဲ့ ဧရာဝတီအနှံ့ လျှောက်လည်ပြီးတဲ့နောက်
မြဆင့်ချယ်ရဲ့ ဆောင်းစံပယ်ရုံလေး
မမနှင်းရှိရာမြို့ကလေးဆီ
တောင်ထိပ်ကတွန်းချခံရတဲ့ ထင်းလှည်းလေးတစ်စီးလို
အဟုန်မျိုးနဲ့ ပြန်ခဲ့တယ်
ယာကြီးလမ်းကဖုန်လုံးတွေ
တောင်ကုန်းတွေ
ငှက်ကလေးတွေပျံနေကြတာ
လွတ်လွတ်လပ်လပ်လား
မလွတ်မလပ်လားငါမသိ။
တောကတောမာယာကိုလွှတ်တော်မှာတင်ပြစရာမလို
မြစ်ကလည်းမြစ်မာယာကိုလွှတ်တော်မှာတင်ပြနေစရာမလို
မြို့ကလည်းမြို့ပြမာယာကို
ထုတ်သုံးခွင့်လိုင်စင်ရှိတာပဲ။
တစ်ခါသုံးအနမ်းတွေနဲ့
မကြိုပါနဲ့လား
ဇာတိမြို့က...နေခြည်ရယ်။       ။
                        အောင်မှူးဝေ
နောက်ဆုံးအသဲကွဲခြင်း
ငါနင့်ကို ချစ်တယ်လို့ 
စကားတခွန်း ပြောဖို့ အတွက်
ငါ့နှလုံးသားကို ငါပြန်မေး
သေချာတဲ့ အဖြတခုရမှ
ငါ့နုတ်က ဒီစကားတခွန်းထွက်ခဲ့ တာပါ...................။
အမှန်တိုင်းပြောရရင်
ငါ့မှာသံယောဇဉ် သိပ်မကျန်တော့ဘူး
နောက်ဆုံးလက်ကျန်အချစ်လေးနဲ့ 
တဘဝလုံးစာအတွက် ပုံအောပြီးချစ်ခဲ့ မိတာ.........................
မညှင်းလိုက်ပါနဲ့ 
နောက်ဆုံးအချစ်မို့ 
ဘဝဆုံးတိုင်ရည်ရွယ်ပါတယ်
နင်နဲ့ ငါတနေ့နေ့ မဆုံနိုင်ဘူးလို့ 
ဘယ်သူတွေကအတတ်ပြောရဲလို့ လဲ..............................။
သစ္စာရှိတယ်ဆိုတာ
သစ္စာရှိရှိ ချစ်တတ်တဲ့ သူတွေမှ သစ္စာရှိတာ
သစ္စာမရှိတဲ့  သူတွေကသစ္စာရှိအောင် ချစ်တတ်မှာမဟုတ်ဘူး
ငါနင့်အပေါ်သစ္စာရှိရှိချစ်နေမယ်ဆိုတာ တနေ့နေ့မှာ နင်သိလာမှာပါ.......။
ဒါပေမယ့်လေ.............
နင့်ရဲ့ ညင်းပယ်မူအောက်မှာ
ငါ့ဘဝတခုလုံး ရေစုံမှောက်ခဲ့ ပါပြီ
ရှိသမျှအချစ်လေးနဲ့  နင့်ကိုနောက်ဆုံးပုံအောပြီးချစ်ခဲ့ တာ
နင်ပြန်မချစ်တော့တဲ့ နောက် ငါ့ဘဝလည်း
အပြန်လမ်းဆိုတာ မရှိချင်တော့ဘူး.................................။
ဖြစ်နိုင်ရင်လေ........
ဒီလောက ကနေမနေချင်တော့ဘူး
နင်ပြောတဲ့ လက်တွဲဖော်ကိုလည်း နင်ကလွဲပြီး
ဘယ်သူမှ ငါမရှာချင်တော့ဘူး...................။
ငါအခုအသဲကွဲနေတာမဟုတ်ဘူး
အသဲကွဲတာထက်ဆိုးတယ်ဘဝပျက်တော့မှ
နင့်ကိုချစ်မိလို့  ငါ့ဘဝပျက်တော့မယ်ဆိုလည်း
ငါလေနင့်ကိုချစ်တဲ့  စိတ်တခုတည်းနဲ့ 
မျက်စိကိုမှိတ် ကောင်းကိုညိတ်ပြီး
ရင်နာစွာနဲ့ ပဲ ငါ့ဘဝအပျက်ခံပါ့မယ်........................................။
                                                            ဖိုးခွားလေး (ကော့မူးမြို့)
Saturday, October 15, 2011
Power Data Recovery (ပျောက်သွားတာတွေပြန်ရှာဖို့ )
ဒီဆော့ဝဲလေးကတော့ ပျောက်သွားတာတွေ ပြန်ရှာဖို့  သင့်တော်တဲ့ဆော့ဝဲ
ကောင်းလေးပါ ရည်းစားပျောက်လည်းပြန်ရှာရပါတယ် ဟိုနေ့ ကဟန်ဂျီအင်း
ပျောက်သွားလို့ ပြန်ရှာတာရတယ်ဗျာ..ဟက်ဟက် ..အသုံးလိုရင်ယူရအောင်
တင်ပေးထားပါတယ်........................။
ဒီမှာ Download ယူပါ   Power Data Recovery
ဒီမှာအသေးစိတ်ကြည့်ပါ http://www.powerdatarecovery.com/
အောင်မှူးဝေ(၁)
ဇာတိမြို့ည....ကဖေးက အစ
ချင်းတွင်းကို ဆန်တက်
ရှမ်းမလေးတစ်ယောက်နဲ့ချစ်မိတာက အလယ်
သမီးလေးတစ်ယောက် လိုချင်ခဲ့တာ အဆုံး
အောင်မှူးဝေဟာ
ခံစားမှုမီးခဲပြာဖုံးသတ္တ၀ါ...။
ငယ်ဘ၀.....
ခေါင်းလောင်းသံပျောက်နေတဲ့
ကျောင်းကလေးမှာစာတွေသင်
ကျောင်းနောက်ကလယ်ကွင်းပြင်ထဲကဗျိုင်းအောက်တွေ
ဘယ်ကိုပျံသန်းသွားကြသလဲ.......။
စိတ်ဝင်စားနေတဲ့ကောင်လေးတစ်ယောက်
ဆံပင်ရှည်တွေစုစည်း
မောင်ချောနွယ်ဆိုတဲ့လူကြီးကို
အားကျခဲ့တဲ့လူငယ်တစ်ယောက်
သူ့ဘ၀ပင်လယ်မှာ
အပြုံးသင်္ဘောတွေခဏခဏမှောက်ခဲ့ဖူးတယ်
သူကတော့မြို့ကလေးရဲ့ မနွေးထွေးတဲ့ တေးတစ်ပုဒ်ပါပဲ
သူသေရင်အမြန်မေ့လိုက်ကြဖို့တောင်းဆိုတယ်။     ။
                                                        အောင်မှူးဝေ
Friday, October 14, 2011
သစ္စာဖောက်စံပယ်
နှင်းလန့် ဆောင်းရဲ့တီးလုံးမှာ
က ကြိုးဟာေ၀၀ါးရပါပေါ့
တရားမျှတမှု  သာ မိုးဆိုရင်
ငါတို့အပေါ်ရွာမချတာကြာပြီ..။
ဝမ်းတစ်ထွာစစ်ဆင်ရေးကလည်း
ဝိညာဉ်တွေနောက်လိုက်နေရသလိုပဲ
တစ်ပွင့်ထဲသစ္စာဖောက်ရုံနဲ့
တစ်ပင်လုံးသေသွားတဲ့စံပယ်ရုံလေးဆိုတာ
ငါတို့ မိ သား စု ပါ ပဲ။         ။
အောင်မှူးဝေ
မိသားစုကွဲကွာခြင်း15နှစ်ပြည့် အမှတ်တရ
Wednesday, October 12, 2011
သီတင်းကျွတ်အမှတ်တရ
 လမင်း ဝါဝါ သာတဲ့လ
     ဆီမီး ရောင်စုံ ဖြာခဲ့ ကြ
          သီတင်းကျွတ်ရဲ့ ညတစ်ည
                ငါ အဝေးက လွမ်းလှတယ်............။။
  ဗျောက်အိုးသံ ဆူညံညံနဲ့
        အဖိုးတန် အမျိုးမှန်တဲ့ မြန်မာ့ဓလေ့
                  ဘယ်တော့မှမမေ့..............။။
ငါတို့တွေ ကတော့လေ........
      အဆောင်ရဲ့ ရှေ့မျက်နှာမှာ
            မီးပုံးကလေးတွေ ချိတ်ဆွဲ
                   ငယ်ကျွမ်းဆွေ သီချင်းကို  အပြတ်....ဟဲ.....မယ်.........။။
                                                                             ညီညီ(မြန်အောင်)
Tuesday, October 11, 2011
Virus ၀င်လို့  ပိတ်သွားတဲ့ အရာတွေအတွက်အော်တိုပြန်ပြင်ဖို့ ဒါလေးယူ
ဒီဆော့ဝဲလေးက Virus  ကြောင့်  ပျောက်သွားတဲ့  Folder Option  တို့ ဘာတို့ 
ညာတို့  အလွယ်တူပြန်ယူချင်ရင် လိုပါတယ် ဆောင်ထားချင်ရင်ဆွဲ..............။
ဒီမှာ Download ယူပါ  Re enable Portable
မူရင်းလင့်မှာလည်းလေ့လာပါ   http://www.softpedia.com/
မူရင်းလင့်မှာလည်းလေ့လာပါ  http://www.download.hr
Saturday, October 8, 2011
ယုံကြည်ချက်.................
လောကဒဏ်တဲ့လား..........?
  တက်မစုံ ရွက်မစုံနဲ့
     အဆန်ခရီးကို လှော်ခတ်ဖို့ ကြိုးစားနေချိန်
            သောက မုန်တိုင်းတွေ ရဲ့ကြားမှာ
                  အလွမ်းမိုးတွေက ထာဝရ စွေနေတုန်းပဲအမေ.............။
ခေတ်စနစ်နဲ့
     အသစ်အသစ်တွေ ပြောင်းလည်းနေတဲ့ ကမ္ဘာကြီးမှာ
             လူတွေရဲ့ နှလုံးသား
                       ရိုးသားမှုဆိုတာ ခပ်ပါးပါးပဲ ကျန်တော့တယ်.............။
လိမ်ညာ မှုတွေရဲ့ အောက်မှာ
      သာယာနေမိကြတဲ့ ကျွန်တော်တို့ လူသားတွေအတွက်
            ယုံကြည်အားကိုးမှု ဆိုတဲ့ အရာဟာ
                       ကံကြမ္မာ ဆိုတာပဲလားအမေ.............။
သတိရလို့ ကြတဲ့ မျက်ရည်တိုင်းမှာ
     အမေ ဆိုတာ နေရာယူနေသမျှ
             ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းတရား
                     ကျွန်တော် လစ်လျှူရှုထားတယ်..........။
အမေရေ.........
     ဘာဖြစ်မယ်မှန်း မသိတဲ့ မနက်ဖြန်တိုင်းမှာ
              ရိုးသားစွာ နေထိုင်ဖို့ အတွက်ကြိုးစားရင်း
                     လူတွေရဲ့ မုန်းတီးခြင်းတွေက
  ခဏခဏ ပါပဲ အမေ................။
ဒါပေမယ့်လေ..............
         ဘယ်သူတွေ ဘယ်လို မုန်းမုန်း
                    ပြုံးနေတဲ့ အမေ့ရဲ့ ရင်ခွင်လေးက
                           အမုန်းမရှိပါဘူးဆိုတာ
                                    ကျွန်တော်ယုံကြည်ထားတယ်...............။
                                                                                    ညီညီ(မြန်အောင်)
Friday, October 7, 2011
အချိန်ရမယ်ဆိုရင် မိမိတို့ ရဲ့ကိုယ်ပိုင်ဆိုဒ်လေးတွေကို Scan စစ်ကြည့်စေချင်
ဟိုတလောက ကိုဘုန်းကလည်းပြောလို့  ဆိုဒ်ဖွင့်ရင်ဘာဖြစ်နေတယ်ဆိုလား
ပြောတော့ပြောတာပဲ အဲ့ကြောင့် ဆိုဒ်ကို စစ်ကြည့်လိုက်တာ ဘာမှတော့မရှိ
သူမူးနေလို့ နေမှာပါ..ဟဟ...ကိုဘုန်းရေ သားဆိုဒ်မှာဘာမှ ရှိဝူးနော်.......။
အောက်မှာဖော်ပြတဲ့စာတွေကိုဒီလင့်မှကူးယူပါတယ်  http://www.linhtet.net/
မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...
ဟုတ်ကဲ့ ခံစားရသူတွေ ခံစားပြီးကုန်ပါပြီဗျာ သေပြီပေါ့ ဧည့်သည်တွေ လာရင် ကိုယ့်ဘလော့ကပဲ ဧည့်သည်တွေကို ဗိုင်းရပ်စ် တွေ လွှတ်နေသလိုလို ဝင်ဖတ်ရင်ပဲ ကွန်ပြူတာကြီး ပျက်သွားတော့ မလိုလို ဆိုတော့ အကုန် ပြန်ပြေးကြပြီပေါ့...
ဟို တစ်နေ့က မိတ်ဆွေ တစ်ယောက်ရဲ့ ဘလော့ အဲလို ဖြစ်သွားပါတယ် ကျွန်တော့်ကို အကူအညီ တောင်းတာနဲ့ ဟိုလိုက်ဖတ် ဒီလိုက်ဖတ် နဲ့ လုပ်သင့်တာ လုပ်ပေးလိုက်တာ ဟော ဒီည လုပ်လိုက်တယ် မနက်ကျတော့ အဲဒီ ဆိုင်းဘုတ်ကြီး ပျောက်သွားပါလေရောဗျာ....
ဖြစ်တာက ဒီလိုပါ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို သူတို့ လိုက်ပြီး စစ်ပါတယ် အဲဒီမှာ တစ်ချို့ ဆိုဒ်တွေက လင့်သေ နေတာတွေကို သူတို့ ဆိုဒ်မှာ ချိတ်ထားခြင်း embed နဲ့ သုံးရတဲ့ ဗွီဒီယို လင့်တွေ PDF ဖိုင်တွေ သီချင်း ဖိုင်တွေ များပြားစွာ သုံးထားပြီး လင့်များ သေနေခြင်း နောက် Js ဖိုင်များ Script များ လင့်တွေ သေနေခြင်း အစရှိသဖြင့်ပေါ့ဗျာ တွေ့ရင် သူတို့က ကိုးပတ် တိတိ ကြည့်ပါတယ် နောက်ပြီးရင်တော့ ခုနက ပြောသလို Black list ထဲ့ ထည့်လိုက်ပြီး အဲဒီ အနီရောင် သတိပေးစာကြီးက ပေါ်လာပါတော့တယ်..
ကဲ ဒီတော့ အဲဒါကို ဘယ်လို ပြန်ဖြေရှင်းမလဲ ဂူဂယ်က White listed ထဲ ပြန်ထည့်ပေးအောင် ဘယ်လို လုပ်ရမလဲ ???? ဘလော့ဂါ ညီကို မောင်နှမတွေ အတွက် ဝေမျှ ပေးပါရစေ..။ 
ကိုယ်မဖြစ်ဘူး လို့တော့ မတွက်ပါနဲ့ ခြိမ်းခြောက်တာ မဟုတ်ပါဘူး ကျွန်တော် သူများ ဘလော့လင့်တွေ ထည့်ပြီး လိုက်စမ်းပြီးပါပြီ နာမည်ကြီး ဘလော့ တစ်ချို့ အပါ အဝင် အတော်များများ black list ထဲ မဝင်သေးပေမယ့် Malware လို့ ခေါ်တဲ့ လင့်အသေတွေ ချိတ်ထားတာ အများကြီး တွေ့နေပါတယ်..
၁/ဟောဒီလင့်ကို http://sitecheck.sucuri.net/scanner/ သွားပြီး ကိုယ့်ဘလော့ လိပ်စာ (http://www များ ထည့်ရန်မလိုပါ) ထည့်ပြီး Verify လုပ်လိုက်ပါ။ ခဏလေး စက္ကန့်ပိုင်းလောက် စောင့်ပြီးရင် အောက်ကလို ပေါ်လာပါလိမ့်မယ်.. မိမိဆိုဒ်၏ ကျန်းမာရေး ဂရုစိုက်သူများလဲ လစဉ် သွားရောက် စမ်းသပ် ပေးရင် ပိုကောင်းပါတယ်..
၂/အဲလို ပေါ်လာပြီဆိုရင် ကိုယ့်ဆိုဒ်မှာ လင့်ချိတ်ထားတဲ့ အထဲက အဲဒီ အနီပြနေတဲ့ လင့်တွေကို ပြန်ဖျက် ထုတ်ပေးပါ.. အကောင်းဆုံးနည်းကတော့ ဆိုဒ်ဘားမှာ ရှိတဲ့ လင့်တွေ widged တွေကို အကုန် ဖြုတ်ပစ်လိုက်တာ အကောင်းဆုံးပါ ပြီးရင် တစ်ခေါက် ထပ်စမ်းကြည့်ပါ အောက်က ပုံလို ပေါ်လာတဲ့ အထိပေါ့ ဘယ်လို လုပ်လုပ် အဆင်မပြေရင်တော့ တန်းပလိတ် အသစ်ပြောင်းထည့်လိုက်ပါ....။
သူ့မှာ အကုန် ရှင်းလင်းပြီးသွားပြီ ဘာမှ Malware တွေ မရှိတော့ပါဘူး ဒါပေမယ့် ဆိုဒ်ကတော့ Blacklisted ဝင်နေတုန်းပါပဲ.
ကိုယ့်ဆိုဒ်ဟာ အလည်လာသူတွေ ကိုဘာမှ မထိခိုက် စေတော့ဘူး ဆိုတာကို ဂူဂယ်ကို သတင်းပို့ပြီး စစ်ခိုင်းရပါမယ် ဒါမှ သူတို့ စစ်ပြီး ကိုယ့်ဆိုဒ်ကို Whitelisted ထဲ ပြန်ထည့်ပေးမှ အဲဒီ အနီရောင် သတိပေးစာတန်းကြီး ပျောက်မှာပါ..အဲဒါ လုပ်ဖို့ကတော့
၃/ ဟောဒီလင့်ကို https://www.google.com/webmasters/tools/home သွားလိုက်ပါအုံးဗျာ.. ပြီးရင် ကိုယ့်ဘလော့ကို အကောင့်ဖွင့်ထားတဲ့ Gmail လိပ်စာနဲ့ ပက်စ်ဝပ် ပေးပြီး ဝင်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ နေရာကို ရောက်ပါမယ်..
အခု မြင်ရတဲ့ ပုံမှာ ကျွန်တော့် လိပ်စာနှစ်ခုကို မြင်ရမှာပါ မိတ်ဆွေ အနေနဲ့ ပထမဦးဆုံး ဝင်တာ ဆိုရင်တော့ အောက်က လင့်နှစ်ခုလိုမျိုး မြင်ရအုံးမှာ မဟုတ်ပဲ အပေါ်မှာ မြင်ရသလို ကိုယ့်မှာ ရှိတဲ့ ဘလော့တွေကို ပြနေတာပဲ မြင်ရမှာပါ ကိုယ်လုပ်ချင်တဲ့ ဘလော့ကို Tip လုပ်ပေးပြီး Add selected sites ဆိုတာလေး နှိပ်လိုက်ရင် Sites ဆိုတဲ့ နေရာမှာ ကိုယ် ခုနက Add လိုက်တဲ့ ဆိုဒ်ဒိုမိန်း နာမည် ပေါ်လာမှာပါ..
၎/အဲ နောက်တစ်ချက်ကတော့ ကိုယ်ပေးလိုက်တဲ့ ဘလော့လိပ်စာဟာ ကိုယ့်ရဲ့ ဘလော့ဂ် ဟုတ်မဟုတ် ပိုင်ရှင် ဟုတ်မဟုတ်ပေါ့လေ စစ်ပါသေးတယ် အောက်က ပုံလေး အတိုင်းပါပဲ ပထမဆုံး Add a meta tag to your site's home page ဆိုတာကို Tip ပေးလိုက်ရင် Instructions: ဆိုတာလေး အောက်မှာ ထပ်ပွင့်လာပါမယ် အဲဒီက ကုဒ်ကို ယူပြီး ကိုယ့် ဘလော့ရဲ့ HTML ကုဒ်တွေကြားထဲ ထည့်ရမှာပါ ..
ဘယ်လို ထည့်မလဲ ဆိုတာက ကိုယ့် ဘလော့ထဲ Login ဝင်လိုက်ပါ ပြီးရင်တော့ Design ထဲကနေ Edit Html ကို ဆက်ဖွင့်ပါ ပြီးရင် <head> ရဲ့ အောက်နား သို့မဟုတ် <body>ရဲ့ အပေါ်မှာ ခုနက ရထားတဲ့ ကုဒ်ကို ထည့်ပေးလိုက်ပါ ပြီးရင် Verify ခလုတ်လေး နှိပ်ပေးလိုက်ပါ..
၅/ ပြီးရင်တော့ ကိုယ်ပြဿနာ ဖြစ်နေတဲ့ ခုနက အောက်ကို Add လိုက်တဲ့ ဒိုမိန်းကို နှိပ်လိုက်ပါ ဒါဆို နောက်ထပ် စာမျက်နှာ တစ်ခု ပေါ်လာပါမယ် အဲဒီ စာမျက်နှာရဲ့ ဘယ်ဘက်ဆိုဒ်ဘားမှာ Diagnostics ဆိုတာလေးကို နှိပ်လိုက်ပါ နောက်ထပ် လေဘယ်တွေ အများကြီး ထွက်လာပါမယ် အဲဒီထဲက  Malware ကို ဆက်နှိပ်ပြီး Request a review. လုပ်ပေးလိုက်ပါ
တစ်ခုရှိတာကတော့ ကိုယ့်ဆိုဒ်ကို စကင် ဖတ်ပြီး အကုန်ရှင်းလင်းပြီ Blacklisted ဝင်နေတာပဲ ကျန်တော့တယ် ဆိုမှ အဆင့် ၃ ၊ ၄ နဲ့ ၅ ကိုလုပ်ပါ ပြီးသွားရင်တော့ ပစ်သာ ထားလိုက်ဗျာ (ကျွန်တော့် မိတ်ဆွေကို လုပ်ပေးတုန်းကတော့ သိပ်မကြာလိုက်ဘူးဗျ လေးငါးခြောက် နာရီ လောက်ပဲ ကြာ လိုက်တယ် ထင်တာပဲ )သတိရလောက်မှ ကိုယ့်ဘလော့လေး ပြန်ဖွင့်ကြည့်လိုက်ရင် အနီရောင် သတိပေးစာကြီး မရှိတော့တဲ့ လာလည်တဲ့ ဧည့်သည်တွေ ရဲ့ ဘရောက်စ်ဇာတွေ ကွန်ပြူတာတွေကို ဟမ်းစေတဲ့ အန္တရာယ်ကို မဖြစ်စေတော့တဲ့ ကိုယ့်ဘလော့လေးကို စိတ်ချမ်းသာစွာ မြင်တွေ့ရမှာပါ..
ဒီမှာလည်းကိုလင်းထက်ရေးထားသေးတယ် http://www.linhtet.net/2011
Tuesday, October 4, 2011
အသိုက်ပျက်ခြင်း....
အသက်မက ချစ်ချစ်ပြရလွန်းတော့လည်း
အသက်ရှူလို့တောင် မ၀တော့ပြန်
တွဲလက်ဟာ ကွဲအက်နေတဲ့ ယုံကြည်မှုကိုတင်းတင်းဆုပ်လို့
အသက်ရှူသံ/၀ါသနာ/ပါရမီ
ခြားနားခြင်းတွေဆိုလည်း
တစ်ယောက်တစ်ကမ္ဘာဆီ
အိမ်ကလေးတစ်လုံးထဲမှာ
တစ်ယောက်နဲ့တစ်ယောက်စိတ်ကူးချင်းက
တစ်မြို့ဆီတစ်ရွာဆီ။
သံယောဇဉ်မိုးဦးမကောင်းခဲ့တာပါ
သို့မဟုတ်
မိုးနှောင်းမကောင်းခဲ့တာပါ
ချပျိုးမိတဲ့ပေးဆပ်ခြင်းတွေ
အပင်မပေါက်တော့ဘူး
အသည်းပုံအနာဂတ်လေးလည်း
အသံတိတ်စိမ်းလန်းနေတော့ရဲ့။     ။
                    အောင်မှူးဝေ
                                     4.10.2011
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here