Tuesday, October 4, 2011

အသိုက်ပျက်ခြင်း....

အသက်မက ချစ်ချစ်ပြရလွန်းတော့လည်း

အသက်ရှူလို့တောင် မ၀တော့ပြန်


တွဲလက်ဟာ ကွဲအက်နေတဲ့ ယုံကြည်မှုကိုတင်းတင်းဆုပ်လို့

အသက်ရှူသံ/၀ါသနာ/ပါရမီ

ခြားနားခြင်းတွေဆိုလည်း

တစ်ယောက်တစ်ကမ္ဘာဆီ

အိမ်ကလေးတစ်လုံးထဲမှာ

တစ်ယောက်နဲ့တစ်ယောက်စိတ်ကူးချင်းက

တစ်မြို့ဆီတစ်ရွာဆီ။

သံယောဇဉ်မိုးဦးမကောင်းခဲ့တာပါ

သို့မဟုတ်

မိုးနှောင်းမကောင်းခဲ့တာပါ

ချပျိုးမိတဲ့ပေးဆပ်ခြင်းတွေ

အပင်မပေါက်တော့ဘူး

အသည်းပုံအနာဂတ်လေးလည်း

အသံတိတ်စိမ်းလန်းနေတော့ရဲ့။     ။



                    အောင်မှူးဝေ

                                     4.10.2011

1 မှတ်ချက်:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ဟဟ အင်တာဗျူးပြီးမှ ဘာတွေညာတွေတောင်ရေးနေပါရောလား ဗျ လူပျိုကြီးက
ကောင်းတယ်ဗျာ အဲလိုလေးတွေလဲလုပ်ပါဗျ အမောပြေလေးတွေပေါ့ အသိုက်ပျက်ခြင်းဆိုလို စောစောစီးစီးကို လာဖတ်တာ ဒိုးပီနော် တက်တက်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here