Sunday, October 16, 2011

အပြန်

ခင်ဝမ်းရဲ့ ဧရာဝတီအနှံ့ လျှောက်လည်ပြီးတဲ့နောက်
မြဆင့်ချယ်ရဲ့ ဆောင်းစံပယ်ရုံလေး
မမနှင်းရှိရာမြို့ကလေးဆီ
တောင်ထိပ်ကတွန်းချခံရတဲ့ ထင်းလှည်းလေးတစ်စီးလို
အဟုန်မျိုးနဲ့ ပြန်ခဲ့တယ်
ယာကြီးလမ်းကဖုန်လုံးတွေ
တောင်ကုန်းတွေ
ငှက်ကလေးတွေပျံနေကြတာ
လွတ်လွတ်လပ်လပ်လား
မလွတ်မလပ်လားငါမသိ။
တောကတောမာယာကိုလွှတ်တော်မှာတင်ပြစရာမလို
မြစ်ကလည်းမြစ်မာယာကိုလွှတ်တော်မှာတင်ပြနေစရာမလို
မြို့ကလည်းမြို့ပြမာယာကို
ထုတ်သုံးခွင့်လိုင်စင်ရှိတာပဲ။
တစ်ခါသုံးအနမ်းတွေနဲ့
မကြိုပါနဲ့လား
ဇာတိမြို့က...နေခြည်ရယ်။       ။


                        အောင်မှူးဝေ


3 မှတ်ချက်:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အောအောဒီလိုလား ကောင်းလိုက်တာ ဖတ်သွားတယ်နော်
ဆီပည့်လေးပညာယူသွားတယ်နော် ရှီးဖော်

Thameesan said...

တစ်ခါသုံးအနမ်းဆိုပါလား...ကိုအောင်မှူးဝေ
ဘယ်ကုမ္မဏီဖြစ်လည်းရှင့်း))
မင်းသမီးကလည်းနှစ်ယောက်တောင်လားရှင်
မမနှင်းနဲ့နေခြည်တဲ့းP(ငယ်နာမည်နဲ့အိမ်နာမည်ထင်တယ်နော်)
ရင်တွင်းဖြစ်ကဗျာလေးကို..အားပေးသွားပါတယ်ရှင်

မဒမ်ကိုး said...

အွန် တခါသုံးနဲ့မကြိုရင် ဘာနဲ့ကြိုစေချင်ပါလဲ ကိုကိုး)

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here