ကိုယ့်ကိုယ်ကို သတ်သေမယ့်အစား
တစ်ခုခု အစားထိုးကြည့်ပါလား
ဥပမာရပ်ကွက်ကိုရူးချင်ယောင်ဆောင်ပြီးအော်ဆဲလိုက်တာမျိုး
သံရည်ကျိုတော့မယ့်ဘတ်(စ်)ကားကို
အုတ်ခဲကျိုးနဲ့ပိတ်ပက်ထုတာမျိုး
လေချွန်လိုက်နင်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို
ငါ့နားထဲမှာ ရေးဖွဲ့လိုက်
ဘာပဲဖြစ်ဖြစ်စိတ်သက်သာရာရဖို့ အဓိကပဲ
နင့်ကိုလူဝကြီးတစ်ယောက်ခြွေဖဲ့
အလကားရတဲ့ပန်းကလေးတွေအပေါ်ဆက်ဆြံ
သတ်သေချင်စိတ်ပျောက်နိုင်မလား
ပိုက်ဆံအိတ်ကိုခဏခဏ ဖွင့်ကြည့်မနေပါနဲ့
နင် လှမှ တောင့်မှ ဖြောင့်မှ
ပိုက်ဆံအိတ်လည်းလှမှာတောင့်မှာေ
လူ့စွမ်းအားအရင်းမြစ်ကိုပိုးစား
ရွှေထီးဆောင်းစတေကာကားတွေပေါ်က
အက်ဆစ်ပင့်ကူမလေးရေ
နင်ပျော်ပါးခဲ့တာပေါ့
ဟုတ်လား..တကယ်ပျော်ခဲ့ရလို့လား
သတ်သေချင်လောက်အောင်ပျော်ခဲ့ရတာ
လှောင်အိမ်ထဲထည့်သိမ်းခံရတဲ့ဓား
အခု..ရောဂါကကျွမ်းနေပြီဟေ့
ပေါင်မုန့်အသိုးတစ်ဖဲ့နဲ့တူတဲ့
နတ်ဆိုးတစ်ကောင်လိုငေးကြည့်မေ
ငါတို့တစ်ခုခုလုပ်ရအောင်
မိုးလင်းတော့မယ်
ဒါမှမဟုတ်
ငါတို့ဘ၀တွေဘယ်တော့မှမိုးမလင်း
စကားလုံးတစ်ခုခုရွေး
အိုး..ဘုရားသခင်-ဆိုတာလောက်ပြဲ
မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ အစမှာ.....။ ။
ဘ၀ပျက်သွားတဲ့ကျောင်းသွားဖော်
ကြေကွဲစွာဖြင့်.. ကဗျာတွေကလွဲပြီးဘာမှမချမ်းသာတဲ့...အောင်မှုးဝေ
1 မှတ်ချက်:
အားပေးသွားပါတယ်နော်
Post a Comment