တစ်ယောက်ထဲလမ်းမပေါ်
နှစ်ယောက်တွဲလျှောက်ချင်မိတာကိုက
နေရာအယူဆတွေလွဲချော်ခဲ့
ညည်း လည်ပင်းအစပ်ကမှဲ့ညိုစိမ်းစိမ်းေ လးဟာ
ငါ့အနမ်းရဲ့စီရင်ချက်ပေါ့..လင်း ။
အိန္ဒိယ-ပါကစ္စတန်နယ်စပ်
ကက်ရှ်မီးယားဒေသလို
မိသားစုနှစ်စုထဲငါတို့ဝင်စားခဲ့ ကြတာ
ကံကြမ္မာပဲ
ငါတို့မျှော်လင့်ချက်တွေ သယ်ဆောင်ရင်းကျကွဲ
လွဲချော်မှုမျိုးစုံနဲ့လွဲချော် ခဲ့ရပေါ့
အသည်းကွဲနည်းလည်းစုံပါပြီ
ပန်ဒိုရာနတ်သမီးလေးရဲ့သေတ္တာကို မှ
ငါတို့ကဖွင့်ခဲ့မိကြတော့
သေတ္တာထဲကမိစ္ဆာတွေခုန်ထွက်လာ
သူတို့ရဲ့ဆာလောင်မှုမှာ
ညည်းလေးနဲ့ငါ
တစ်ညတည်းအတူတူ
ကြယ်တွေကြွေခဲ့ဖူးတယ်..လင်း။ ။
အောင်မှူးဝေ
အောင်မှူးဝေ
1 မှတ်ချက်:
ကဗျာလေးဖတ်သွားပါတယ်ရှင်
Post a Comment